Saturday, March 30, 2013

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ တခြားနေရာတွေကို မပြန့်နှံ့သွားအောင် အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အပြစ်ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက တောင်းဆိုထားပါတယ်။ မစ္စတာကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုပြောဆိုချက်တွေကို လုံးဝငြင်းပယ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာမှုမရှိပဲ တဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

Wednesday, March 6, 2013

၅ ပေ ကျော်လွန်ဆောက်လုပ်ဟုဆိုကာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းကို အမြစ်ဖြတ် ဖျက်ဆီး

၅ ပေ ကျော်လွန်ဆောက်လုပ်ဟုဆိုကာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းကို အမြစ်ဖြတ် ဖျက်ဆီး သတင်း အထူးသတင်း မြန်မာမွတ်စလင်မ်သတင်း — ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ သတင်း – ဟိန်းအောင် (မြန်မာမွတ်စလင်မ် မီဒီယာ) ဖေဖော်ဝါရီ ၁၇၊ သာကေတ မာန်ပြေ ၃ ရပ်ကွက် ၁၉လမ်းနှင့် ၁၉ လမ်းထောင့်ရှိ မြန်မာမွတ်စလင်မ် ဘာသာရေး စာသင်ကျောင်းအား အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ယနေ့နံနက်ပိုင်းမှ စတင်ကာ အဓမ္မ ဖျက်ဆီးရန်စုဝေး အုံကြွခဲ့ကြပြီး နေ့လယ် ၁၂း၁ဝ နာရီဝန်းကျင်တွင် စည်ပင် ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်သည်ဟုဆိုကာ တိုင်ပါမကျန် ဖြိုချလိုက်ပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက myanmarmuslim.net သို့ပြောသည် အထက်ပါအတိုင်း ဖျက်ဆီးရန်အုံကြွစုဝေးနေစဉ်အတွင်း အစ္စလာမ်ဘာသာဝင်ဟု အထင်ခံရသူများကို မှတ်တမ်းများရယူနိုင်ခြင်း မရှိစေရန် ရပ်ကွက်နေ အစွန်းရောက်များက ဟန့်တားမှုများရှိခဲ့ကြောင်း သိရသည်။ သတင်းထောက်တစ်ယောက်ကို ကုလားနဲ့တူတယ် ဆိုပြီး စာသင်ဆောင်အတွင်းမှာ ခေါ်စစ်တယ်။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဦးတင်မောင်သန်းကိုတော့ ထိုးကြိတ်တာလုပ်တယ်၊ ဟု အဆိုပါဖြစ်ရပ်ကို မျက်မြင် မြင်တွေ့ခဲ့သည့် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောသည်။ အထက်ပါ မြန်မာမွတ်စလင်မ် ဘာသာရေး စာသင်ကျောင်းသည် ၁၉၅၈ ခုနှစ်ကတည်းက ဘာသာရေးစာသင်ကျောင်း အဖြစ် ခွင့်ပြုမိန့် ရရှိထားသည့် နေရာတစ်ခုဖြစ်သည်။ အဆိုပါ စာသင်ကျောင်းအတွက် ခွင့်ပြုမိန့်ကို ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း သာသနာရေးဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အထိ ၅ လကြာ အဆင့်ဆင့်တင်ပြခဲ့ပြီး လွန်ခဲ့သည့် ၂ ပတ်ခန့်က ပြင်ဆင်ခွင့်အမိန့်ရရှိခဲ့ပါသည်။ ယနေ့တွင် အထက်ပါ အုံကြွမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ လက်ထောက်ဌာနမှုး ငွေစိုးသောင်း လက်မှတ်ရေးထိုးသည့်စာတွင် ဘောင်ကျော်အောင် ဆောက်လုပ်ထားသည့် အစိတ်အပိုင်းများအား ၁၇-၂-၂၀၁၃ နေ့တွင် ချက်ချင်းပြန်လည် ဖျက်သိမ်းပေးပါရန် အကြောင်းကြားစာတစ်ရပ်ကို ရုံးပိတ်ရက်တွင် နာရီပိုင်းအတွင်း ထုတ်ပြန်ပေးခဲ့သည်။ ထိုသို့ဘောင်ကျော်အောင် ဆောက်လုပ်ထားသည်ဟုဆိုသော ငါးပေခန့်အမြင့်အစိတ်အပိုင်းကို သာ ဖျက်သိမ်းရန် စာတွင် ညွှန်ကြားခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး စန်းမင်း၊ မြို့နယ်ရဲမှူးကျော်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကံထွန်းတို့ကြီးကြပ်သည့် ဖျက်သိမ်းရေးအဖွဲ့က ညွှန်ကြားချက်ထက် ကျော်လွန်ကာ တိုင်ပါမကျန် ဖျက်ဆီးဖြိုချခဲ့သည်။ ယခုကဲ့သို့ လူထုအုံကြွမှုဖြင့် အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခုအား ဖျက်ဆီးရန်အတွက် မာန်ပြေ ၁၉ လမ်း ဆယ်အိမ်မှူးများဖြစ်သည့် ကိုစိုးလွင်နှင့် ဦးစောဦးအပါအဝင် တင်ထွန်းနိုင်၊ သိန်းထိုက်အောင်၊ အေးနိုင်တို့က ဦးဆောင်ခဲ့ကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံမှာ တရားဥပဒေ မစိုးမိုးဘူး ဘာသာရေး လွတ်လပ်ခွင့်မရှိဘူး၊ လူနည်းစုဘာသာဝင်တွေအပေါ်မှာ မတရားခွဲခြား ဆက်ဆံ တယ်ဆိုတာကို ကျွန်တော် ရဲရဲတင်းတင်း ပြောတယ်။ အဲဒါတွေဖြစ်လာအောင်လုပ်ဖို့ ပြည်ထောင်စုအစိုးရမှာကော၊ သက်ဆိုင်ရာ အစိုးရမှာပါ အဆင့်ဆင့် တာဝန်ရှိတယ် ဟု အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏သဘောထားအမြင်ကို myanmarmuslim.netသို့ပြောသည်။ “လူနည်းစု ဘာသာဝင်တွေကို ကာကွယ်တဲ့ဥပဒေဟာ ယဉ်ကျေးတဲ့ နိုင်ငံတိုင်းမှာရှိတယ်။”ဟု အထက်ပါဖြစ်ရပ်ကို သွားရောက်လေ့လာ ရာမှ ထိုးကြိတ်ခံရကာ ဖုန်းလုယူခြင်းခံရသည့် ဦးတင်မောင်သန်းက ပြောသည်။ ဦးတင်မောင်သန်း ကိုင်ဆောင်သွားသည့် လက်ကိုင်ဖုန်း (၀၉-၅၀၁၃၁၅၉) ကို အကြမ်းဖက် ထိုးကြိတ်သူများက လုယက်ထားလိုက်ကြောင်းလည်းသိရသည်။ ရုံးကလေးဗလီမှာ သွပ်လေးငါးချပ်မိုးဖို့ ခွင့်ပြုမိန့်က ၂ နှစ်ကြာတယ်။ အခုလို ဖျက်ဖို့ အမိန့်ကျတော့ တနင်္ဂနွေနေ့လိုမှာတောင် နာရီပိုင်းပဲ ကြာတယ် ဟု မြန်မာမွတ်စလင်မ်များ ခွဲခြားဆက်ဆံခံနေရမှုနှင့် ပတ်သက်ပြီး ဦးတင်မောင်သန်းက ဆက်လက်ပြောကြားသည်။ ဖြိုချခံလိုက်ရသည့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းကိစ္စရပ်အား မြန်မာ့မီဒီယာများတွင် ဗလီဟု မှားယွင်းဖော်ပြကာ သတင်းမှန်ကို ထိန်ချန်ခဲ့ကြသည်။ The Voice ရဲ့ Facebook မှာ ဗလီဆောက်လို့ ပဋိပက္ခဖြစ်တယ်လို့ရေးတယ်။ တစ်ဖက်အသံကိုပဲ နားထောင်လို့ ဒီလိုဖြစ်တာ။ အခုတော့ ပြန်ဖြုတ်လိုက်ပြီ ဟု အွန်လိုင်းသုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိ အတည်ပြုပြဋ္ဌာန်းထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ အပိုဒ် ၃၆၃တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်မည်″ ဟုလည်းကောင်း အပိုဒ် ၃၆၄ တွင် “…လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်း ကောင်း၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်″ ဟု ဖော်ပြ ပါရှိသည်။

သီရိလင်္ကာ အရေးအခင်းမျိုး ပြန်ပေါ်လာပြီလား ? ဘာသာပြန်, ဆောင်းပါး

သီရိလင်္ကာ အရေးအခင်းမျိုး ပြန်ပေါ်လာပြီလား ? ဘာသာပြန်, ဆောင်းပါး ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၃ M-Media www.mmtimes.com မှ Anti-Muslim monks: Sri Lanka redux? ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၃ ၊ ၂၀၁၂ တွင်တင်ပြခဲ့သော Alex Bookbinder ၏ဆောင်းပါးကို ဆီလျော်သလို မြန်မာပြန်ပါသည်။ protesting_monks_colombo သီရိလင်္ကာမှ အန္တီမွတ်စလင် ဘုန်းကြီးများ ဆန္ဒပြနေစဉ် လူငယ်တွေကြားမှာလည်း စံပြဖြစ်သလို ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတကြွယ်ဝပုံပေါ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ကျနော်၊ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ခန့်က စိတ်ဝင်စားစရာ စကားစမြည်ဝိုင်းကလေး တစ်ဝိုင်း ဖြစ်ဖူးတယ်။ ဒီဘုန်းကြီးက နိုင်ငံရေးနဲ့ နည်းပညာပိုင်းတွေမှာ စိတ်အားထက်သန်သလို သူ့ရဲ့ဘာသာ၊ သာသနာမှာလည်း ဟင်းလေးအိုးကြီးဖြစ်တဲ့အပြင် ဘာသာရေးတွေ၊ နိုင်ငံရေးတွေနဲ့ လူမှုရေးနယ်ပယ်တွေနဲ့ပတ်သတ်ပြီးတော့လည်း ကုံလုံကျွမ်းဝင်တဲ့ ဘလော့ဂါတစ်ယောက်ပါ။ ဒီဘုန်းကြီးနဲ့ကျနော် လပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့တယ်၊ အဆုံးမှာတော့ သူနေထိုင်သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဖို့ အခွင့်အရေးတစ် ခု ရခဲ့တယ်။ လက်ဖက်ရည်ပွဲကလေးနဲ့အတူ ကျနော်တို့နှစ်ယောက် မြန်မာပြည်က မတူကွဲပြားတဲ့လူနည်းစုများရဲ့ နိုင်ငံရေးပေါ်လစီတွေ အကြောင်း တစ်မနက်လုံး ပြောဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ဆွေးနွေးလာလိုက်တာ မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်တိုင်းပြည်ထူထောင်ရေးမှာ ဒီမတူကွဲပြားတဲ့လူနည်းစုတွေ၊ ဘာသာခြားလူနည်းစုတွေကို အခန်းကဏ္ဍတစ်ခုပေးဖို့ဆိုတဲ့ အကြောင်းရောက် လာပါတယ်၊ ကျနော်က ဒီအကြောင်းအရာကို ဆွေးနွေးရင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို မှားယွင်းစွာ ပြောထွက်လိုက်တဲ့ အချိန်ထိ စကားဝိုင်းကလေးဟာ ချောချောမွေ့မွေ့ဖြစ်နေခဲ့တာပါ။ ဒီအခါမှာ ဘုန်းကြီးက ကျနော့်ကို အမှားပြင်ပေးဖို့ ကြိုးစားတော့တာပဲ။ သူပြောပုံက အစ္စလာမ်သာသနာဟာ မြန်မာဗုဒ္ဓအသိုင်းအ၀ိုင်းကြီးကို ၀ါးမြိုတော့မယ့် ကင်ဆာရောဂါလို့ ၀ိသေသပြုသလို ရိုဟင်ဂျာတွေကလည်း တိုင်းတပါးသားတွေဖြစ်ပြီး မြန်မာပြည်ကြီးကို သူတို့ ကိုယ်ပိုင်အဖြစ် သိမ်းသွင်းကြမယ့် လူတွေ၊ အဲသလို ဆိုပါတယ်။ ဒီကိစ္စကလွဲလို့ပေါ့ဗျာ၊ တခြားအကြောင်းတွေမှာ သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်၊ ဗဟုသုတရှိပုံရတယ်။ သူရဲ့ ဒီမှတ်ချက်မှာ ကျနော်ဘာကို သွားတွေ့သလဲဆိုတော့ဗျာ၊ ဒါက မတူကွဲပြားတဲ့ လူနည်းစုတွေအကြား အခြေအနေဟာ ၀မ်းနည်းဖွယ်အဖြစ် ပုံရိပ်ထင်လာသလို မွတ်စလင်တွေကို ဒီလိုမျိုး ပစ်ပစ်ခါခါကြီးမုန်းတီးနေတာဟာ လက်ခံဖွယ်အခြေအနေတစ်ရပ်အထိ ဘယ်လိုလုပ် ရောက်ရှိတာများပါလဲ။ အံ့သြစရာ အကောင်းဆုံး အချက်လို့ ဆိုနိုင်တာက ဒီလိုမွတ်စလင်မုန်းတီးရေးကိစ္စမျိုးက မြန်မာပြည်မှာ မဖြစ်ခဲ့ပေမယ့်၊ ၂၀၀၉ အစောပိုင်းလောက်မှာ တမီလ်ကျားသူပုန်တွေကို သီရိလင်္ကာအစိုးရ က နောက်ဆုံးထိုးစစ်ဆင်ခဲ့တဲ့အချိန်၊ အဲဒီအချိန်မှာ ဒီလိုမျိုး မွတ်စလင်မုန်းတီးရေးက သီရိလင်္ကာ မှာ ဖြစ်ခဲ့တယ်။ မြန်မာနဲ့ သီရိလင်္ကာတို့ဟာ နိုင်ငံရေးမှာရော လူမျိုးရေးအခြေအနေတွေမှာရော တကယ့်ကို ကွဲပြားခြားနားတယ်။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ မဟိန္ဒိ ရာဇပသ အစိုးရလက်အောက်မှာ ကြီးထွားတိုးတက် လာတဲ့ အမျိုးသားရေးအစွန်းရောက် နိုင်ငံရေးပေါ်လစီက၊ မြန်မာပြည်က အဆိပ်ပြင်းတဲ့ အန္တီမွတ် စလင်ဘုန်းကြီးတွေ ကိုင်စွဲတဲ့ xenophobia ခေါ် အမုန်းတရားရောပြွမ်းတဲ့ အကြောက်လွန်ရောဂါနဲ့ ထိထိမိမိအံဝင်ဂွင်ကျကြီးကို ထပ်တူညီနေတော့ တာပါပဲ။ မြန်မာနဲ့ သီရိလင်္ကာတို့အကြားမှာ ရာစုနှစ်များစွာ ယဉ်ကျေးမှုချင်း စိမ့်ဝင်ပျံ့နှံနေခဲ့တယ်။ ဒီလိုမျိုး မြန်မာပြည်တွင်းမှာ အမျိုးသားရေး အစွန်းရောက်တွေ၊ နိုင်ငံရေး အမြင်ပေါ် အခြေခံတဲ့ အန္တီမွတ်စလင် ဘုန်းကြီးတွေ ပေါ်လာတာဟာဆိုရင်ဖြင့် (မြန်မာနဲ့ သီရိလင်္ကာတို့အကြား) ယဉ်ကျေးမှုချင်း ဖလှယ်ကြ တာတွေ ၊ အတွေးအခေါ်ချင်း ဖလှယ်ကြတာတွေအပေါ်မှာ အနည်းအကျဉ်းဖြစ်ဖြစ် တည်မှီနေတယ်။ အကြမ်းဖျင်းပြောရရင် မြန်မာပြည်က ဘုန်းကြီး ၃၀၀ လောက်ဟာ သီရိလင်္ကာမှာ အခြေချနေထိုင်ကြတယ်၊ ဒီပမာဏက ပြည်ပအခြေ စိုက် မြန်မာဘုန်း ကြီးတွေ ထဲမှာ အများဆုံးပဲ။ ဒီလိုမျိုး သီဟိုဠ်ကျွန်းပေါ်မှာ မြန်မာဘုန်းကြီးတွေ ရောက်နေတာက အသစ်အဆန်း ကိစ္စလည်းမဟုတ် ဘူး။ သီရိလင်္ကာမှာ ကျင့်သုံးလာတဲ့ ဗုဒ္ဓဘာသာအမျိုးအစားကို ကမ္ဘာက (စိတ်ဝင်စားမှုမပြ) သေသေချာ ချာ မစူးစမ်းဘဲထားခဲ့တာဟာဆိုရင် တခြားနေရာတွေနဲ့ ယှဉ်ရင် အချိန်အားဖြင့် တော်တော် ကြာခဲ့ပြီ။ ဒါပေမယ့် မဟာယနကြီးစိုးချိန်နဲ့ ကိုလိုနီခေတ်မှာ အထိန်းချုပ်ခံ ဘ၀ရောက်ခဲ့ရချိန်တွေကြောင့် (ထေရ၀ါဒ) ဗုဒ္ဓဘာသာဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်းနဲ့ အကွယ်ဘက် ဦးတည်သွားခဲ့တယ်။ myanmar.monks201210afp ၁၉ ရာစုရောက်တော့၊ သီရိလင်္ကာ ခေါင်းဆောင်တွေက အတိတ်က ကွယ်ခဲ့တဲ့ ထေရ၀ါဒကျောင်းတွေကို ပြန်ပြီး အသက်သွင်းဖို့ လုပ်လာကြတယ်။ ဒီလိုလုပ်လာကြာတော့ မြန်မာပြည် ဘုန်း ကြီးကျောင်း တွေကနေ လိုအပ်တဲ့ အကူအညီကို တောင်းခဲ့တယ်။ မြန်မာပြည်မှာလိုပဲ၊ သီရိလင်္ကာမှာလည်း ကိုလိုနီခေတ်တွင်း တော်လှန်ရေးတွေလုပ်တော့ ဗုဒ္ဓဘာသာက ထူးခြားတဲ့အခန်းကဏ္ဍကနေ (အသုံးချ ခံ) ဖြစ်ခဲ့တယ်။ ၁၈၉၈ မှာ ဖွဲ့ခဲ့ ဗုဒ္ဓကလျာဏယုဝခေါ် ၀ိုင်အမ်ဘီအေက ခရစ်ယာန်တွေ မောင်ပိုင်စီးလာတာတွေ၊ ကိုလိုနီစနစ်ရဲ့ အခန်းကဏ္ဍတွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာပဲ။ ၁၉၀၆ မှာ မြန်မာကလည်း သူတို့အိမ်နီးချင်း သီရိလင်္ကာနည်းလမ်းအတိုင်း အတုခိုးပြီး ၀ိုင်အမ်ဘီအေကို တည်ထောင်ခဲ့ တယ်။ လွန်ခဲ့တဲ့နှစ်များမှာတော့ တိုင်းပြည်နိုင်ငံရေးနဲ့ တော်တော်ကြီးနီးနီးစပ်စပ်ရှိတဲ့ အစွန်းရောက် သီရိလင်္ကာဘုန်း ကြီးတွေ တော်တော်အသံကျယ် လာကြတယ်။ သူတို့ရဲ့ သီရိလင်္ကာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး သန့်စင်အောင်လုပ်ရမယ်ဆိုတဲ့ ၀ါဒဖြန့်နှိုးဆော်မှုတွေက အစိုးရရဲ့ စစ်ဘက်ဆိုင် ရာ အမျိုးသားလုံခြုံရေး အစီအမံဆောင်ရွက်ချက်တွေကို အထောက်အပံ့သွားဖြစ်နေတယ်။ ဒါ့ပြင် မဟိန္ဒိ ရာဇပသအစိုးရရဲ့ သီရိလင်္ကာနိုင်ငံတွင်း ဒီမိုကရေစီ အစီအမံအလုပ် အကိုင်တွေသာမက civil liberties လို့ခေါ်တဲ့ လွတ်လပ်ခွင့်တွေကို ကျုံ့သွားအောင်၊ လျော့သထက် လျော့သွားအောင် လုပ်ကိုင် နေကြတာတွေရှိနေတယ်။ အဲဒီလို လုပ်ကိုင်နေတဲ့ အပေါ်မှာ (ပြည်သူလူထုက ထားရှိတဲ့) အာရုံစူးစိုက်မှုတွေ ပျောက်သွားအောင် ရည်ရွယ်ပြီး ဒီလိုမျိုး ဘုန်းကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေက ၂၀၀၉ ခုနှစ်၊ ပြည်တွင်းစစ်ပြီးကတည်းက စပြီးလုပ်နေကြတာပဲ။ မြန်မာပြည်က သံဃာထုက အစိုးရကို အကြံပေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆန့်ကျင်တဲ့နေရာကပဲဖြစ်ဖြစ် တနည်းနည်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ် သတ်နေတာကြောင့် သံဃာထုရဲ့ (နိုင်ငံရေး) လှုပ်ရှားမှုတွေ ဟာ စည်းဝင်ဘောင်ဝင် နိုင်ငံရေးနယ်ပယ်ရဲ့ အပြင်မှာ အမြဲလိုလို ရှိနေတတ်တယ်။ အဲ၊ သီရိလင်္ကာမှာကျတော့ ဒီသာသနာပိုင် ဘုန်းကြီးတွေက National Heritage Party, or JHU လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို ၂၀၀၄ မှာ ထူထောင်လိုက် တယ်၊ ဒီပါတီက ကိုယ်စားလှယ် (ရဟန်း)တွေဟာ ပါလီမန်မှာ ပါဝင်နေတယ်၊ ၂၀၀၇ ကျတော့ အစိုးရပိုင်းမှာပါ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်လာ တယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သတ်ပြီး အာရုံထားစိတ်ဝင်စားသူတွေအားလုံးက အမှန်ထက်ပိုတဲ့ ချဲ့ကားလံကြုတ်တွေကို ရင်းနှီးကျွမ်း ၀င်လာတယ်။ ဒီလိုဘဲ သီရိလင်္ကာက JHU ပါတီဝင် ရဟန်းတွေဟာ တမီလ်ကျားသူပုန်တွေကို အမြစ်ဖြုတ်ဖို့ ကြိုးစားတဲ့ အစိုးရကို အစွန်းတဖက်ရောက်တဲ့အထိ ထောက်ခံကြတယ်၊ ဒါပြင့် သူတို့တွေက နိုင်ငံရဲ့ (တမီလ်) မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ လက်ရှိရှိနေတဲ့ ကိုယ်ပိုင်အုပ် ချုပ်ရေး အာဏာစက်ကို ကန့်သတ်ဖို့ အဆိုပြုချက်တွေ ဖြစ်လာအောင် တပ်သုတ်ရိုက်ဆောင်ရွက်ရမယ်လို့ ဖိအားပေးကြတယ်။ မြန်မာရဟန်းတွေကျတော့ JHU လိုပါတီမျိုးထောင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ဆိုတဲ့ အတွေးအခေါ်မျိုးကို ထက်ထက်သန်သန်ပဲ ဆန့်ကျင်တယ်လို့ ထင်ရတယ်။ ဒါပေမယ့် ထူးခြားတာက သီရိလင်္ကာရဲ့ လောင်းရိပ်အောက်က လှုပ်ရှားနေတဲ့ ဘလော့ဂါ ရဟန်းတွေဟာ ဒါမျိုးကိစ္စကို အတိအကျဆောင်ရွက် ကြဖို့ရာ အကြံပြုတင်ပြလာတာမျိုးတွေကို ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ပြုလုပ်လာတယ်။ သီရိလင်္ကာရဲ့ မွတ်စလင်ဦးရေက အနည်းအကျဉ်းပါပဲ၊ အကြမ်းဖျင်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ရှိမယ်။ သူတို့တွေက ပြည်တွင်းစစ်ဖြစ်နေတဲ့ ၂၅ နှစ်လုံးလုံး အစိုးရဖက်မှာရော တမီလ်ကျား သူပုန်တွေဘက်မှာပါ ဓားစာခံတွေဖြစ်နေခဲ့တယ်။ နှစ်ဖက်စလုံးက သူတို့ကို ဖမ်းဆီးတယ်။ ဒါတင်မက အမျိုးသားရေးလို့ အော်နေတဲ့ ရဟန်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေက ဒီမွတ်စလင်တွေ ကို နိုင်ငံတွင်းကနေ မောင်းထုတ်ပြစ်ဖို့ နှိုးဆော်ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာတုန်းကလည်း ဒီဘုန်းကြီးတွေနဲ့ သူတို့ကို ထောက်ခံသူတွေပေါင်းပြီး ရှေးဟောင်း တော်ဝင်မြို့တော် အနုရတ္ထပူရမှာ ရှိတဲ့ မွတ်စလင်အဆောက်အဦတွေကို ဖျက်ဆီးပြစ်ခဲ့တယ်။ ဒီနှစ် (၂၀၁၂) ဧပြီမှာလည်း အချက်အချာကျတဲ့ ဒမ္ဗူလမြို့က ဗလီတလုံးမှာ မွတ်စလင်တွေ သောကြာနေ့ ဘုရားဝတ်ပြုနေစဉ် လူပေါင်း ၂၀၀၀ နီးနီးက အုပ်စုဖွဲ့ပြီး မွတ်စလင်တွေ ကို မောင်းထုတ်ပြစ်ခဲ့ တယ်။ ဒီလူအုပ်ကြီးကိုလည်း ရဟန်းတွေပဲ ဦးဆောင်ခဲ့တာဖြစ်တယ်။ သီရိလင်္ကာရဲ့ အဓိက မီဒီယာတွေကလည်း သီရိလင်္ကာနိုင်ငံကြီးသည် ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဒီနိုင်ငံကြီးကို အစ္စလာမ်မိုင်ဇေး ရှင်းက ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောင်းတွေ ချည့် ထပ်တလဲလဲ ထုတ်လွှင့်ပေးတယ်။ ဒီလိုမျိုး တထေရာတည်းဆိုသလို၊ ရခိုင်အရေး ကြီး ထဖြစ်တော့ မြန်မာပြည်တွင်း အန္တီအစ္စလာမ်အုပ်စုတွေက သီရိလင်္ကာမီဒီယာတွေ လိုမျိုး မေးခွန်းတွေထုတ် လာတယ်၊ မြန်မာပြည်ကြီးဟာ ဗုဒ္ဓဘာ သာနိုင်ငံကြီးဖြစ်တယ်၊ အစ္စလာမ်မိုင်ဇေးရှင်းက မြန်မာပြည်ကြီးကို ခြိမ်းခြောက်နေတယ် စတာတွေ (သီရိလင်္ကာနဲ့ ထပ်တူညီ) အသံကျယ်ကျယ် လုပ် လာကြတယ်။ သီရိလင်္ကာရဲ့ နိုင်ငံရေးရေစီးကြောင်းက ပြည်တွင်းစစ်အရှိန်ကြောင့် နက်နက်ရှိုင်းရှိုင်းကြီး ပြောင်းလဲသွားတယ်။ မတူကွဲပြားတဲ့ လူနည်းစုအရေးတွေ၊ ဘာသာရေးကိစ္စတွေမှာ ထားရှိတဲ့ အပြန်အလှန်နား လည်မှုတွေလည်း ပြောင်းလဲကုန်တယ်။ နိုင်ငံရေးအယူတွေက ပြည်တွင်းစစ်မတိုင်မီကထက် ပိုပြင်းထန် လာသလို ပါတီတစ်ခုနဲ့တစ်ခု ရန်လိုမှုတွေကလည်း ပိုပြင်းထန်လာတယ်။ ပြည်တွင်းစစ်ကြီး တစစ အရှိန်ရလာတာနဲ့အမျှ ခါးခါးသီးသီးကြီး ရန်လိုတဲ့စရိုက်တွေဖြစ် လာတော့တာပဲ။ ကံမကောင်း အကြောင်းမလှဘူးလို့ ဆိုရမှာပဲ၊ သီရိလင်္ကာက အဲဒီလိုမျိုး အဆိပ်ပြင်းပြင်းတွေ ဟာ မြန်မာပြည် ဘက်ကို အအက်အကွဲကြီးအဖြစ် သမိုင်းတွင်မယ့် အချိန်ကောင်းမှာပဲ ကူးပြောင်းဝင်ရောက် သွားတော့တယ်။ ရိုဟင်ဂျာကိစ္စမှာတော့ သမ္မတဦးသိန်းစိန်တစ်ယောက် ကြိုးတန်းပေါ်လမ်းလျှောက်ရသလို ဖြစ်နေတယ်။ ပထမက ရိုဟင်ဂျာတွေကို လိုချင်တဲ့ တတိ ယနိုင်ငံဆီ ပို့ပေးမယ်၊ ဒီနည်းနဲ့ ရခိုင်အရေး ကို ဖြေရှင်းမယ်လို့ ဆိုတယ်၊ အဲ နောက် လေးလလောက်အကြာ အိုဘာမားမလာခင် နိုဝင်ဘာ ၁၉ ရက်လည်းရောက်ရော၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်အင်ကို အစိုးရက သေသေချာချာကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆန္ဒရှိတာပါလို့ ဖြစ်သွားပြန်ရော။ သမ္မတဦးသိန်းစိန်ရဲ့ အနောက်တိုင်းနဲ့ ကောင်း မွန်တဲ့အဆက်အဆံလိုလားပုံကိုပဲ ရိုဟင်ဂျာတွေက ကျေးဇူးတင်ရမလိုဖြစ်နေပြန်ရော။ အဲတဖက် မှာတော့ သီရိလင်္ကာ အစိုးရကြီးက တမီလ်သူပုန်တွေကို ထိုးစစ်ဆင်နေတာကြောင့် တရုတ်နဲ့ ပလဲနံပသင့်ဖို့ အရမ်းအရမ်းကို လိုလားနေသလို အနောက်တိုင်းနဲ့ ဆက်သွယ်ထားတဲ့ သံတမန်တံတားတွေ ကိုလည်း လောင်ကျွမ်းဖျက်ဆီးပြစ်လိုက်တယ်။ သီရိလင်္ကာနဲ့ မြန်မာရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းက နှစ်လမ်းသွား (အပြန်အလှန်) ဖြစ်နေတာကြောင့် နှစ်ဖက်နိုင်ငံ လူမျိုးစုတွေအကြား အဆက်အဆံကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ်၊ (ပြီးရင် လိုသလို အသုံးချဖို့) အခွင့်အရေးကောင်းတစ်ခု ရှိနေတယ်ဆိုတာမျိုး ဦးသိန်းစိန်ကို ( တင်ပြ အကြံပေးကြတယ်နဲ့) တူပါတယ်။ အိုဘာမားကတော့ မတူကွဲပြားခြင်းသည် အမေရိကန် အသိုင်းအ၀ိုင်းအတွက် ခွန်အားဖြစ်တယ်လို့ ရန်ကုန်မှာ ပြောတဲ့ သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းဖော်ပြသွားတယ်။ တကယ်လို့သာ မြန်မာအစိုးရ က နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်အကန်ကြီးလိုလားတယ်ဆိုရင်၊ စစ်အစိုးရအဆက်ဆက် အမုန်းတရားတွေနဲ့ ပတ်သတ်လို့ အမှန်တကယ်ကြီးကို (ဖယ်ထုတ်ပစ်သွားဖို့) လိုလားတယ်ဆိုရင်၊ အိုဘာမားပြောသွားတဲ့ အသွင်သဏ္ဌာန်ကို သူ့ရဲ့မူရင်းပုံစံမှန်အတိုင်း မဖြစ်မနေလိုက်နာကျင့်သုံးရမှာဖြစ်တယ်။ အခုအချိန်မှာတော့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာမွတ်စလင်လူထုကြီး တစ်ရပ်လုံးကို မိတ်ဆွေရင်းခြာပမာ ပြန်လည်ဆက်ဆံရမယ်လို့ လှုံဆော်ရင် အဲဒီလှုံဆော်မှုအသံက ဘုန်းကြီးကျောင်းတွေမှာရော၊ ပြည်သူလူထုအမြင်နဲ့ ရပ်တည်တဲ့ တရားရုံးတွေမှာပါ သိပ်ပြီး ကောင်းမွန်တဲ့ (ထောက်ခံမှု) ရလဒ်တွေ ရလာလိမ့်မယ် မဟုတ်ဘူးဆိုတာကို သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ သီးပွင့်ဝေဆာတဲ့အသိုက်အ၀န်းမျိုးရဖို့၊ တာရှည်ခံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရဖို့ဆိုရင်တော့ ရိုဟင်ဂျာအရေးကို မြန်မာခေါင်းဆောင်တွေအနေနဲ့ (ဒီအရေးက ကာလတိုမှာ နိုင်ငံရေးရှုထောင့်အတွက် သိပ်ပြီးစိတ်ဝင်စားဖွယ်မရှိပေမယ့်လည်း) ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချပြီး ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။ ဒီလိုဆိုရင်တော့ သီရိလင်္ကာက လူတွေပါ အမြော်အမြင်ရှိရှိလေ့လာနိုင်မယ့် သင်္ခန်းစာတစ်ခု လည်း ဖြစ်သွားမှာပေါ့။ (အဲလက်စ် ဘွတ်ဘိုင်းဒါးသည် အရှေ့တောင်အာရှတွင် အခြေစိုက်လှုပ်ရှားသည့် သုတေသီနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပါသည်။)

Saturday, March 2, 2013

Al-hawarri Yoon shared သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ's photo

Al-hawarri Yoon shared သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ's photo. အီမာန်ရှင်ဟာ အလ္လာဟ်အရှင်မြတ်ထံမှာ နေရာဒေသ၊ အချိန်ကာလ မရွေး ဒိုအာတောင်းခံလို့ရပါတယ်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ကျမ်းမြတ်ကုရ်အာန်မှာ [( ငါ့ရဲ့ကျေးကျွန်) ဒိုအာတောင်းတဲ့ အချိန်မှာ ငါ(သူ့ရဲ့)ဒိုအာကို လက်ခံတော်မူတယ်)] (စူရာဟ်- ၊ အာယတ်- )။ နောက်တစ်နေရာမှာ (အသင်တို့ ငါအရှင့်ထံမှာ တောင်းဆုဒိုအာပြုကြ။ အသင်တို့ရဲ့တောင်းဆုဒိုအာတွေကို ငါအရှင် လက်ခံတော်မူမယ်) လို့ မိန့်တော်မူထားတယ်။ ဒါပေမယ့် အောက်မှာ ဖော်ပြထားတဲ့ နေရာတွေဟာ မွန်မြတ်ပြီး ဒိုအာတောင်းခံဖို့ အလေးထားသင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ နေရာ တစ်နေရာချင်းစီအတွက် ကုရ်အာန်နဲ့ စစ်မှန်တဲ့ ဟဒီးဆ်တော်တွေထဲက အထောက်အထားတွေရှိပေမယ့် ချစ်ပရိတ်သတ်ကြီး အချိန်တိုအတွင်း လေ့လာနိုင်ရန်နှင့် အမြန်ဆုံး အကျိုးခံစားနိုင်ရန် ရည်ရွယ်ပြီး အထောက်အထားတွေကို မဖော်ပြခြင်းပဲဖြစ်ပါတယ်။ တစ်ခုသတိထားသင့်တာကတော့ ဘယ်လောက်ပဲ မြင့်မြတ်တဲ့ အချိန်၊ မြင့်မြတ်တဲ့ နေရာတွေမှာ တောင်းတောင်း သင့်ဒိုအာလက်ခံစေဖို့အတွက်ကတော့ “သင့်အတွက် လက်ဆောင်မွန်(၈)”မှာ တင်ပြထားတဲ့ ဒိုအာလက်ခံစေတဲ့ အကြောင်းခံတွေ ပြည့်ပြည့်စုံစုံ ပါဝင်ဖို့ အရေးကြီးပါတယ်။ ဒိုအာလက်ခံစေတဲ့ အကြောင်းခံများကို မဖတ်မိလိုက်တဲ့ ချစ်ပရိတ်သတ်ကြီးအတွက် အောက်ပါ link ပေးထားပါတယ်။ ပြန်လည်လေ့လာလိုသူများလည်း လေ့လာနိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=345987162181338&set=pb.325587257554662.-2207520000.1362002984&type=3&src=https%3A%2F%2Ffbcdn-sphotos-d-a.akamaihd.net%2Fhphotos-ak-snc7%2F486025_345987162181338_2091799617_n.jpg&size=900%2C595 ဒါ့အပြင် သင့်အတွက် လက်ဆောင်မွန် (၉)မှာ ဒိုအာလက်ခံသော အချိန်များကို လည်းတင်ပြပြီး ဖြစ်ပါတယ်။ ပြန်လည်လေ့လာလိုသူများအတွက် အောက်က link ကို နှိပ်ပြီး ပြန်လည်လေ့လာနိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=353587008088020&set=pb.325587257554662.-2207520000.1362002984&type=3&src=https%3A%2F%2Ffbcdn-sphotos-b-a.akamaihd.net%2Fhphotos-ak-ash3%2F488064_353587008088020_1033535727_n.jpg&size=900%2C540 အခုတော့ ချစ်ပရိတ်သတ်ကြီးအတွက် ဒိုအာလက်ခံသော နေရာများကို ဖော်ပြလိုက်ပါတယ်။ (၁) ဟဂ်ျကျင့်စဉ်များထဲမှ ဂျမ်ရာဟ်ကျောက်တိုင်အသေးအား ခဲပေါက်ပြီးနောက် ဂျမ်ရာဟ်ကျောက်တိုင် အသေးဘေး . . . (၂) ဟဂ်ျကျင့်စဉ်များထဲမှ ဂျမ်ရာဟ်ကျောက်တိုင်အလတ်အား ခဲပေါက်ပြီးနောက် ဂျမ်ရာဟ် ကျောက်တိုင် အလတ်ဘေး . . . (၃) (ဇိုလ်ဟဂ်ျလ (၉)ရက်နေ့) အာရဖသ်နေ့၌ အာရဖသ်ကွင်းပြင် . . . (၄) ကအ်ဗာကျောင်းတော်အတွင်း (၅) ဟဂ်ျ(သို့) အွမ်ရာဟ် ကျင့်စဉ်၌ စအီပြေးရာတွင် ဆွဖာတောင်ပေါ် (၆) ဟဂ်ျ(သို့) အွမ်ရာဟ် ကျင့်စဉ်၌ စအီပြေးရာတွင် မရ်ဝါတောင်ပေါ် (၇) မက္ကာဟ်မြို့ရှိ သာသနာ့ အထိမ်းအမှတ်နေရာများ အင်ရှာအလ္လာဟ် ရှေ့လာမယ့် သင့်အတွက် လက်ဆောင်မွန် ကဏ္ဍမှာ အလ္လာဟ်အရှင်မြတ် လက်ခံသောဒိုအာများအကြောင်း (ဥပမာ- ဆွေယာမ် ဥပုသ်စောင့်ထိန်းသူရဲ့ ဝါဖြေခါနီးတောင်းတဲ့ဒိုအာ) စသဖြင့် ဆက်လက်တင်ပြသွားပါ့မယ်။ အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့အားလုံးကို ဟဂ်ျပြုနိုင်စွမ်း ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့ အားလုံးရဲ့ အခက်အခဲတွေကို ဖယ်ရှားပေးပြီး ကျွန်တော်တို့တွေတောင်းတဲ့ တောင်းဆုဒိုအာတိုင်းကို လက်ခံတော်မူပါစေ။ ချစ်မိတ်ဆွေ . . . သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။ တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . . “ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ” ( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

ပါစင်နယ်တွေ အတတ်နိုင်ဆုံး မပြောဘူးလို့ လုပ်ထားပေမယ့်- ဒီလို မိုက်ရိုင်းလွန်းတာတော့- ကျွန်တော်ပဲ လူမိုက်လုပ်ပြီး ပြောပါတော့မယ်

Timeline Photos Back to Album • Islam Virus's Photos • Islam Virus's Page Previous • Next Islam Virus ပါစင်နယ်တွေ အတတ်နိုင်ဆုံး မပြောဘူးလို့ လုပ်ထားပေမယ့်- ဒီလို မိုက်ရိုင်းလွန်းတာတော့- ကျွန်တော်ပဲ လူမိုက်လုပ်ပြီး ပြောပါတော့မယ် မြန်မာအယောင်ဆောင်၊ ဒီမို အယောင်ဆောင်၊ ဘုန်းကြီးအယောင်ဆောင် ၊ နိုင်ငံရေးအယောင်ဆောင် ၊ တိုင်းရင်းသားအယောင်ဆောင်၊ ခရစ်ယာန် အယောင်ဆောင်၊ တရုတ်အယောင်ဆောင်၊ စစ်ဗိုလ်အယောင်ဆောင် ထားတဲ့ မူဆလင်တွေ ရှိနေပါတယ်။ အားလုံး သတိရှိကြပါ မြန်မာတွေ ထဲမှာ စိမ့်ဝင်နေဖို့ မွတ်ဆလင်မ် ကွန်ယက်တွေ က နေ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ မူဆလင်တွေ ဘယ်လိုပဲ အယောင်ဆောင်နေပါစေ။ ဘယ်လိုပဲ အရေခြုံနေပါစေ... သူတို့ရဲ့ - မူဆလင်အရေး ရပ်တည်ချက်ကို ပဲ ကြည့်ပါ။ သူ ဘာအတွက်ပြောသလဲ။ သူ ဘာအတွက် အလုပ်လုပ်နေလဲ ဘယ်သူတွေကို အကာအကွယ်ပေးနေပြီး - ဘယ်သူတွေကို တော့ တိုက်ခိုက်နေသလဲ ? သူ ဘာတွက်ရပ်တည်နေသလဲဆိုတာပဲကြည့်ပါ။ လို့ကျွန်တော် အမြဲပြောလေ့ရှိပါတယ် အခုထူးထူးဆန်းဆန်း - ဘုန်ကြီးအယောင်ဆောင်- သင်္ကန်းအရေခြုံ - မူဆလင်လောက်ကောင် ကို တွေ့လိုက်ရပါတယ်။ ဦးဇင်းဂျောင်းဂျောင်း(ခ)ဦးဣဿရိယ အမည်ခံ - မူဆလင်တွေ ၀ယ်ထားတဲ့ - ဘုန်ကြီးအယောင်ဆောင်- သင်္ကန်းအရေခြုံမူဆလင် က - နောက်ကျောကို ဓားနဲ့ ထိုးတာ နိုင်း လောက် ဖြစ်သွားပြီ ဗုဒ္ဓသာသနာကို အစွမ်းကုန်စော်ကားလိုက်တဲ့ - ဒီလို- ဘုန်ကြီးအယောင်ဆောင်- သင်္ကန်းအရေခြုံ - မူဆလင်လောက်ကောင် ကို အမြန်ဆုံးလူဝတ်လဲပြီး အရေးယူပေးပါ။ သင်္ကန်ခြုံပြီးတော့ - အလ္လာဟ်ကို ရှိခိုးတဲ့ ဘုန်ကြီးအယောင်ဆောင်- မူဆလင်လောက်ကောင် ဟာ အင်မတန် မိုက်ရိုင်းလွန်းသွားပါပြီ။ သူ့ဘာသာသူ - သာမန်လူတစ်ယောက်အနေနဲ့ အစ္စလာမ်ကို ကြည်ညို လွန်းလို့ - အလ္လာဟ်ကို အာရုံပြုရှိခိုးတာက ပြဿနာမရှိပေမယ့် ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ်ဆုံးသာသနာ့ သင်္ကန်းကို ခြုံပြီး အလ္လာဟ်ကို ပူဇော်ပြလိုက်တယ်ဆိုတာ အင်မတန်မိုက်ရိုင်း လွန်းသွားပါပြီ။ ဒီလို အလ္လာဟ်ကို ရှိခိုးတဲ့ ဘုန်ကြီးအယောင်ဆောင်- မူဆလင်လောက်ကောင် ကို - ဗုဒ္ဓဘာသာဝင်တွေက ထိုင်ကန်တော့နေရအုန်းမှာလား သာမန် ဗုဒ္ဓဘာသာဝင်လူတစ်ယောက် အနေနဲ့ ဒီလို စိတ်ပါလက်ပါနဲ့ အလ္လာဟ်ကို ပူဇော်နေရင်တောင် - ဗုဒ္ဓဘာသာလို့ လုံးဝခေါ်လို့မရတော့ပါဘူး။ ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ်ဆုံးသာသနာ့ သင်္ကန်းကို ခြုံပြီး အလ္လာဟ်ကို ပူဇော်ပြလိုက်တယ်ဆိုတာ အင်မတန်မိုက်ရိုင်း လွန်းပါတယ်။ ဒီ ဘုန်ကြီးအယောင်ဆောင်- မူဆလင်လောက်ကောင် ဟာ ရှေ့လျှောက်- သင်္ကန်းခြုံပြီး ဗလီမှာ အလ္လာဟ်ကို ဖင်ကုန်းကန်တော့ဖို့ ပဲကျန်ပါတော့တယ်။ " ဘာသာအားလုံး ညီညွတ်ဖို့ - သင်္ကန်းခြုံပြီး ဗလီမှာ အလ္လာဟ်ကို - ဖင်ကုန်းကန်တော့စို့ " ဒါမျိုးဆိုရင်တော့ သိပ်မဟုတ်သေးဘူး... " ဘာသာအားလုံးညီညွတ်ချင်ရင်ဆော်ဒီမှာ - ခရစ်ယာန်ဘုရားကျောင်း ၁၀၀၀၊ ဗုဒ္ဓဘာသာစေတီပုထိုးပေါင်း ၁၀၀၀၊ ဟိန္ဒူဘုရားကျောင်းပေါင်း ၁၀၀၀ ဆောက်လုပ်ပြီးကာမှ ဘာသာအားလုံးညီညွတ်ရေး လုပ်လို့ အဓိပ္ပါယ်ရှိပါလိမ့်မယ် ဒါတွေကို မသိချင်ယောင်ဆောင်၊ ရူးချင်ယောင်ဆောင်ပြီး တစ်ခွန်းမှ မပြောရဲပဲ.. မြန်မာနိုင်ငံမှာ ဗလီ ၃၀၀၀ သုံးထောင်ဆောက်ပြီး ၊ မူဆလင် လူဦးရေ ၂၂% ဖြစ်နေတာကိုတောင် အားမရသေးပဲ .. ဆက်ပြီး အစ္စလာမ်ညီညွတ်ရေးလုပ်နေချင်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်ဟာ .. မြန်မာနိုင်ငံမှာ ဗလီ ၆၀၀၀ ခြောက်ထောင်ကျော်ဆောက်ပြီး မူဆလင်လူဦးရေအများစုဖြစ်ဖို့ကို ဦးတည်နေတာပဲ ဖြစ်ပါလိမ့်မယ်" ဒီလို အလ္လာဟ်ကို ရှိခိုးတဲ့ ဘုန်ကြီးအယောင်ဆောင်- မူဆလင်လောက်ကောင် ကို - ဗုဒ္ဓဘာသာဝင်တွေက ထိုင်ကန်တော့နေရအုန်းမှာလား နာမည်ကြီးချင်လည်း - Eid အစ်နေ့မှာ သင်္ကန်းခြုံပြီး - နွားကို ကိုယ်တိုင်လည်လှီးသတ်ပြလိုက်ပေါ့ - သင်္ကန်းကြီးခြုံပြီး - " ဂျီဟတ်...ဂျီဟတ် " လို့သာ ကြွေးကြော် လိုက်ပါတော့ ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ်ဆုံးသာသနာ့ သင်္ကန်းကို ခြုံပြီး အလ္လာဟ်ကို ပူဇော်ပြလိုက်တာဟာ အင်မတန်မိုက်ရိုင်းလွန်းလှပါတယ်။ ဘုန်ကြီးအယောင်ဆောင်- သင်္ကန်းအရေခြုံ - မူဆလင်လောက်ကောင် က facebook လည်းသုံးသေးတယ်ဆိုပဲ နာမည် က နှင်းဆီဘုရင် Rose King တဲ့။ https://www.facebook.com/rose.king.5811 သောက်ဆဲခံရမှာစိုးလို့ ၂၀၀၇ ရွှေဝါရောင်ပုံကြီးတင်ထားသေးတယ်။ ထူးဆန်းတာက ကျွန်တော်တိုရဲ့ Saheed Khan စတဲ့ နာမည်ကြီးမူဆလင်တွေအားလုံး က မိုဟာမက်ဂျောင်းဂျောင်းကို အလွန်ချစ်ဆိုပဲ။ ချစ်မှာ ပေါ့- ဗုဒ္ဓဘာသာရဲ့ အထွတ်မြတ်ဆုံးသင်္ကန်းကို ခြုံရင်းနဲ့ - အလ္လာဟ်ကို ပူဇော်ပြခဲ့ပြီး ဗုဒ္ဓသာသနာကို နင်းချေပြခဲ့တာကိုး သင်္ကန်းအရေခြုံထားတဲ့ မူဆလင် ရဲ့ facebook မှာ ဒါလေးကို ရှယ်ထားပါတယ်။ အောက် က စာလေးကို ဖတ်ကြည့်လိုက်တာ နဲ့ သူ့ရဲ့ ရပ်တည်ချက်ကို သိနိုင်ပါတယ် " သံဃာတော်တွေ နိုင်ငံတကာမှာ သာသနာပြုတယ်။ ... သာဓု၊ သာဓု၊ သာဓု။ သံဃာတော်တွေ နိုင်ငံတကာမှာ သာသနာပြုတယ်။ ... သာဓု၊ သာဓု၊ သာဓု။ ဘာသာခြားတွေ သူ့တို့ ဘာသာအတွက် သာသနာပြုတယ်။ ... ဘာသာရေးနဲ့ သိမ်းပိုက်ဖို့ ကြိုးစားနေတာ။ မခံနဲ့ .. ပြန်ချ။ ဘာသာခြားတွေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာတယ်။ ... သာဓု၊ သာဓု၊ သာဓု။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဘာသာတခြား ပြောင်းတယ်။ .... ဒီကောင် ဘာသာကို ဖျက်ဆီးတဲ့ ကောင်။ မြန်မာအမျိုးသား တစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ ဘာသာခြား အမျိုးသမီးက အခု ဗုဒ္ဓဘာသာ ပြောင်းလိုက်တယ်။ ... သာဓု၊ သာဓု၊ သာဓု။ မြန်မာအမျိုးသမီးတစ်ယောက် ဘာသာခြားကို ယူတယ်။ ... အမျိုးဖျက်မ၊ သာသနာ ဖျက်မ။ ဘာသာခြားတွေ သံဃာတော်တွေကို ဆည်းကပ် လှူဒါန်းတယ်။ ... သာဓု၊ သာဓု၊ သာဓု။ ဘာသာခြားတွေ နိုင်ငံရေး ပါတီတွေကို ချဉ်းကပ်တယ်။ ... ဒါ အမျိုးဖျက်မယ့် ပါတီ။ ကျွန်တော်တို့ရဲ့ အမျိုးသားများ ... ဘာသာ သာသနာ ဝင်များ .... အထက်တန်းစား စိတ်ဓါတ်ဆိုတာ ဘာလဲ၊ ဘယ်လို ကျင့်သုံးမလဲ ....ဆိုတာ စဉ်းစားဖို့တော့ လိုနေပြီ။ " အပေါ်ကစာကို ဖတ်ကြည့်တာနဲ့ မိုဟာမက်ဂျောင်းဂျောင်းရဲ့ ရပ်တည်ချက်ကို တွှေုနိုင်ပါတယ်။ ဘုန်းကြီးအယောင်ဆောင် - သင်္ကန်းအရေခြုံ - မူဆလင်လောက်ကောင်တွေ ကို အမြန်ဆုံးဖယ်ရှားပါ။ ဘုန်းကြီးအယောင်ဆောင်-မူဆလင်လောက်ကောင်- မိုဟာမက်ဂျောင်းဂျောင်းနဲ့ပက်သက်လို့ ထပ်မံသိလိုပါက အောက်က လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ

အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ သတင်း - အလင်္ကာ စစ်တွေမြို့နယ်၊အုန်းတောရှည်ကျေးရွာမှာ န.စ.ကတွေနဲ့ဒေသခံရိုဟင်ဂျာတွေယနေ့နေ့ခင်း သုံးနာရီဝန်းကျင်ခန့်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် အုန်းတောရှည်ကျေးရွာမှာဒေသခံ လယ်မြေတွေကိုမတရားသိမ်းယူ ကန့်ဆောက်ရာကနေ ပဋိပက္ခ စတင်ခဲ့တယ်လို့သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ကန့်ဆောက်ရာ မှာ ရခိုင်ကန်ထရိုက်နဲ့ မွတ်စလင်ကန်ထရိုက်တွေပေါင်းပြီး ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူကန့်ဆောက် ခဲ့တာဖြစ်ပါတယ်။ “မြေသိမ်းခံရတဲ့မြေပိုင်ရှင်လာလူး ကဘာလို့ကျွန်တော့မြေပေါ်မှာ ကန့်ဆောက်တာလဲလို့မေးတော့ န.စ.က တွေကဒါ မင်းတို့လယ်မြေလား၊ ဒါကအစိုးရပိုင်မြေဆိုပြှီးပြောရာကနေ စဖြစ်တာပါ”လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။ အဆိုပါပဋိပက္ခဖြစ်ပွားမှုမှာ န.စ.က တွေရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ (၁) ရှော်ရစ် (ဘ) မာမွတ်ရှော်ဖီ ၃၅နှစ် ညာဘက်ရင်အုံသေနတ်ဒဏ်ရာ (၂) နော်ဘီဟူစင် ဦးခေါင်းသေနတ်ဒဏ်ရာ (၃) ဇာမွတ် ဦးခေါင်းသေနတ်ဒဏ်ရာ ဒဏ်ရာရရှိသူ သုံးဦးကို ညနေ ခြောက်နာရီဝန်းကျင်ခန့်မှာ ပြည်နယ်အစိုးရ၊စစ်တွေ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတွေက စစ်တွေဆေးရုံးကြီးကိုခေါ်ယူသွားတယ်လို့သိရပါတယ်။ ဒဏ်ရာရသူသုံးဦးရဲ့နောက်ဆက်တွဲ ဖြစ်စဉ်ကိုတော့ မသိ၇ှိရသေးဘူး လို့ဒေသခံတွေက ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားချိန်မှာ န.စ.က အင်အားမှာ ၃၅၀ ၀န်းကျင်ရှိပြီး ဒေသခံလယ်မြေဆုံးရှုံးသူတွေကတော့ အယောက် ၄၀ ခန့်သာရှိပါတယ် လို့သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ ကန်ဆောက်လုပ်ရင်အတွက် ငွေကြေးကိုနိုင်ငံတကာ အလှူရှင်တွေ လှူဒါန်းထားတာဖြစ်ပေမယ့် လက်ရှိမှာတော့ မိသားစုတစ်စုကို ငွေကျပ်နှစ်သောင်း ကန်ထရိုက်တာတွေကို ပေးနိုင်မှသာ ၉ပေ ၈ပေ အခန်းတစ်ခန်းရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ငွေကျပ်နှစ်သောင်းမပေးနိုင်သူ တွေကတော့ အခန်းမရရှိနိုင်ဘူးလို့သိရပါတယ်။ ကန်ဆောက်လုပ်ရန်တာဝန်ယူတဲ့ ကန်ထရိုက်တာတွေအနေနဲ့ ကန့်အဆောက်အဦး တစ်ထောင်ကျော်ကို ဆောက်လုပ်ပြီးစီးသွားပါပြီ။ ကန့်အဆောက်အဦးတစ်ခုမှာ ၉ပေ ၈ပေ အခန်း (၁၀)ခန်းပါဝင်တာကြောင့် အခန်းပေါင်း တစ်သောင်းကျော် ဆောက်လုပ်ပြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါပဋိပက္ခ နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ကန်တွေကိုတာဝန်ယူရတဲ့ ကန်ထရိုက်တာတွေက န.စ.က ၊ ပြည်နယ်အစိုးရတွေနဲ့ပေါင်းပြီး ဒေသခံတွေကိုမတရားခေါင်းပုံဖြတ် မှုတွေပြုလုပ်နေတာပါ၊ ပိုက်ဆံရတော့ ဒေသခံတွေကို မတရားလုပ်နေတာကြောင့် လို့သိရပါတယ်။ ဒေသခံဒုက္ခသည်တွေအတွက်ကန်ဆောက်ဖို့ကို ပြည်နယ်အစိုးရမှတဆင့် ရခိုင်ကန်ထရိုက်တာတွေကို တစ်ဆင့်ခံပြန်ပေးတာဖြစ်ပါတယ်။ ရခိုင်တွေကမှတစ်ဆင့် တခြားကန်ထရိုက်တာတွေက လက်လွှဲယူခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ Like • • Share • 11370 • 12 hours ago •

လှိုင်သာယာရှိ မွတ်စလင်မ်ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ

လှိုင်သာယာရှိ မွတ်စလင်မ်ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ ပြည်တွင်း သတင်း မတ်လ ၁၊ ၂၀၁၃ M-Media ဇာဏီ 535622_543892405631023_646643262_n Photo Credit-The Voice Weekly ရန်ကုန် ။ ။ ၂၈.၂.၂၀၁၂ ရက်ညပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာ၊ ၃-ထိပ်ရှိ မွတ်စလင်မ်များပိုင်သော ဆိုင်များနှင့် ဘာသာရေးဝတ်ပြုဆောင်ကို အကြမ်းဖက် ဖျက်ဆီးကြကြောင်း သတင်းရရှိသည်။ ယင်းအကြောင်းအရာအား အသေးစိတ် စုံစမ်းရာ “လှိုင်သာယာ အောင်ဇေယျ တံတားအဆင်း၊ ၃-ထိပ်၊ ၁/၁၀-၁၁-၁၂ ရပ်ကွက်အတွင်းသို့ ယမန်နေ့ည ၁၂-နာရီလောက်တွင် လူ (၄၀၀)ကျော်မှ အကြမ်းဖက် ဖျက်ဆီးခဲ့ကြကြောင်း၊ ကန်သာယာလမ်းရှိ ဘာသာရေး ၀တ်ပြုဆောင်အတွင်း ကျူးကျော် ၀င်ရောက်ပြီး ၀တ်ပြုဆောင်အတွင်းရှိ ပစ္စည်းများအားလုံးကို ဖျက်ဆီးသွားကြောင်း၊ ကနောင်လမ်းရှိ တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်၊ ရွှေဥဒေါင်းလမ်းရှိ ကျော် အိမ်ဆောက်ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ရှိ တံခါးတို့ကို ရဲတင်းနှင့်ခုတ်ပြီး ဖျက်ဆီးကြကြောင်း၊ ဂျွန်ဘူးကွမ်းယာဆိုင်၊ ၁၁-ကွေ့ရှိ ဘဂျမ်း ကွမ်းယာဆိုင်၊ ဗိုလ်ချုပ်လမ်းရှိ ကိုသန်းဇော် ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင် တို့ကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ တပင်ရွှေထီးလမ်းမရှိ လှသစ္စာဆေးဆိုင်ကိုလည်း ခဲများနှင့် ထုပေါက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ လှိုင်သာယာတွင် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခံရမှုအား ဆက်သွယ် စုံစမ်းမေးမြန်းရာ “လွန်ခဲ့တဲ့ ၁-လ၀န်းကျင်လောက်က ၁၆-ရပ်ကွက်မှာ တရားပွဲလုပ်တယ်။ ဦးပညာဝါရက တရားဟောတယ်။ အဲဒီ ဟောတဲ့တရားထဲမှာ ‘အလှူပေး သူဋ္ဌေးဖြစ်’ဆိုတဲ့ခေါင်းစဉ်နဲ့ မွတ်စလင်မ် မကောင်းကြောင်း၊ ဘာသာတရားက ယုတ်ညံ့တဲ့တဲ့ အကြောင်းတွေကို ၁-နာရီနီးပါးဟောတယ်။ အဲဒါကို တချို့က အသံဖမ်းတယ်၊ တချို့က CD ခွေထုတ်ပြီး ၁-ခွေကို ၃၀၀-နဲ့ ရောင်းတယ်။ တစ်ချို့လည်း ၂-ခွေကို ၃၀၀ နဲ့ရောင်းတယ်။ အဲဒါတွေကို ရခိုင်အဖွဲ့တစ်ခုက လုပ်နေတယ်လို့ပြောကြတယ်။ အဲဒီအခွေကို ရပ်ကွက်ထဲမှာလည်း ထပ်ပြန်တလဲလဲ ဖွင့်လေ့ရှိကြတယ်။ အောင်ဇေယျကြိုး တံတားထိပ် ၁/၁၀ ရပ်ကွက် ဦးဥတ္တမလမ်းမှာ ဖိုးလေးဆိုတဲ့ မွတ်စလင်မ် လင်မယားနေတဲ့ အိမ်ရှေ့မှာ ထပ်ပြန်တလဲလဲလာဖွင့်တော့ သူတို့လည်း မကျေမနပ်ဖြစ်ပြီး မျက်နှာမသာမယာဖြစ်လာတယ်။ အဲဒါနဲ့သူတို့က ရဲစခန်းကို သွားတိုင်တယ်။ သူတို့လင်မယားက ငွေကြေးလည်းချောင်လည်တော့ သူတို့ကို အစာမကြေဖြစ်ပြီး မကျေနပ်တဲ့သူတချို့လည်းရှိတယ်။ သူတို့နဲ့အဆင်မပြေတဲ့ အမျိုးသမီး တစ်ယောက်က အထောက်အထားမဲ့လုပ်ကြံပြီး ဖိုးလေးရဲ့မိန်းမက ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေပြတယ်လို့ ဇာတ်လမ်းတစ်ခုဆင်တယ်။ အဲလို လုပ်လိုက်တော့ တစ်လမ်းလုံး အုံကြွလာတယ်။ စခန်းကို သွားတိုင်မယ်ဆိုပြီး ဆိုက္ကားနင်းတဲ့ ညီညီလွင်က ဦးဆောင်ပြီး သွားတိုင်တယ်။ အဲဒီမှာ မွတ်စလင်မ်ထဲက ဦးမြင့်သူ၊ ဦးသိန်း၊ ကိုမောင်မောင်တို့ကို ရ.ယ.က က ခေါ်တာနဲ့ သွားတွေ့ကြတော့ ဖိုးလေးတို့ လင်မယားကို ခေါ်ပြီးဆုံးမခိုင်းတယ်။ ဒါနဲ့ ဖိုးလေးတို့ လင်မယားကိုခေါ်ပြီး ဆုံးမတော့ သူတို့လင်မယားက အဲလို တရားခွေကို ထပ်တလဲလဲဖွင့်နေတာအတွက် မကျေနပ်ကြောင်းကို ၀န်ခံတယ်။ ဘုန်းကြီးတရားခွေကို ခြေထောက်နဲ့ နင်းခြေတာတော့ မဟုတ်ကြောင်းပြောတယ်။ ဖိုးလေးမိန်းမက အခွေကိုနင်းခြေတယ် ဆိုတာမြင်ကြောင်း ဗုဒ္ဓဘာသာ(၂၇)ယောက်က သက်သေခံကြတယ်။ ရဲစခန်းနဲ့ မ.ယ.က က ဖြေရှင်းပေးလို့ အဲဒီ ကိစ္စက ပြီးသွားခဲ့တယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာ ရပ်ကွက်ထဲမှာ လျှောက်အော်တယ် မွတ်စလင်မ်တွေ ကား(၃)စီးနဲ့ ရန်ကုန်ကနေ ဆင်းလာကြပြီဆိုပြီး ကောလဟလလွှင့်တယ်။ အဲဒါ တစ်ရပ်ကွက်လုံးပြန့်သွားတယ်။ ဒါနဲ့ မွတ်စလင်မ်လူကြီး တချို့ကလည်း အဲဒါမျိုး မဟုတ်ကြောင်း ရှင်းပြကြတယ်။ မွတ်စလင်မ်တွေဘက်ကိုလည်း ရခိုင်တွေဝင်လာပြီဆိုပြီး သတင်းလာပေးကြပြန်တယ်။ ခုနက မွတ်စလင်မ် လူကြီးတွေကပဲ ပြဿနာတွေမဖြစ်အောင် ၀ိုင်းဝန်းပြောဆိုကြတယ်။ အဲလို ဖြေရှင်းပေးတာကို ရခိုင်ဗုဒ္ဓဘာသာတွေက မကျေမနပ်ဖြစ်ပြီး သွေးထိုး လှုံ့ဆော်မှုတွေလုပ်နေတာကို ရခိုင်ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို တိုင်ရမယ်ဆိုပြီးပြောကြတယ်။ ကြာသပတေးညပိုင်းမှာ ဘုန်းကြီးတွေလာမယ်ဆိုပြီးလည်း ထပ်ပြောကြတယ်။ ဒီရက်ပိုင်းတွေမှာလည်း လူ(၄၀-၅၀)က ရပ်ကွက်ထဲမှာ ညတိုင်းလိုလို စုနေကြတယ်။ မနေ့က ၂၈.၂.၂၀၁၃ ကြာသပတေးနေ့ည (၁၂)နာရီကျော်ကျော်လောက်မှာ ရပ်ကွက်ထဲကို ရောက်လာတယ်။ ဘယ်ကနေဘယ်လို ထွက်လာကြသလဲတော့ မသိဘူး လမ်းပေါ်မှာလဲ ပြည့်နေတယ်။ စုစုပေါင်း (၄၀၀)၀န်းကျင်လောက်တော့ရှိတယ်။ တချို့က ဆိုင်ကယ် ကယ်ရီတွေစီးလာကြတယ်။ တချို့ကလည်း လမ်းလျှောက်လာကြတယ်။ ဦးဥတ္တမလမ်းက တစ်လမ်းလုံးနဲ့ ချောင်းစပ်မှာနေတဲ့ ကျူးကျော်တဲကလူတွေ အားလုံးလိုလို ပါကြတယ်။ ဖိုးလေးတို့အိမ်ကို စပြီးဖျက်တယ်။ နောက် မွတ်စလင်မ်ဆိုင်တွေကို စပြီးဖျက်ဆီးတော့တယ်။ ရဲတွေလည်းရောက်လာပြီး မဖျက်ဖို့တားကြတာကို လက်မခံဘူး။ အကြမ်းဖက် ဖျက်ဆီးနေကြသူတွေရဲ့လက်ထဲမှာ လှံတွေ၊ တုတ်တွေ၊ ဓါးတွေ၊ ရဲတင်းတွေတွေ့တယ်။ ကနောင်လမ်းက တို့ညီနောင် စက်ဘီးပစ္စည်းဆိုင်၊ ရွှေ ဆိုင်ကယ်ပစ္စည်းဆိုင်၊ ဘိုင်လေးကွမ်းယာဆိုင်တို့ကို ဖျက်တယ်။ ရွှေ ဆိုင်ကယ် ပစ္စည်းဆိုင် ပိုင်ရှင်က တစ်ခြမ်းမှာ ဆိုင်ကယ်ပစ္စည်း ဆိုင်ဖွင့်ထားပြီး တဘက်ခြမ်းကိုတော့ ငှားထားတော့ တခြမ်းက လ္ဘက်ရည် ဆိုင်ဖွင့်ထားတယ်။ အဲဒီဆိုင်က ဗုဒ္ဓဘာသာဆိုင်ဖြစ်နေတော့ အဲဒီဆိုင်ကိုတော့ မဖျက်ဆီးကြဘူး။ မွတ်စလင်မ်ဆိုင်တွေပဲ ဖျက်ဆီးကြတယ်။ အဲလို ဖျက်ဆီးတာကို ခရိုင် ရဲတွေ၊ ရ.ယ.က က ရပ်ကြည့်နေတယ်။ ခဲနဲ့ထုတ်လိုက်တာ ၈-လသား မွတ်စလင်မ်ကလေးရဲ့ ခေါင်းပေါ် တည့်တည့်ကျတော့မလို ဖြစ်တော့ ကလေးအဖေက စိတ်တိုသွားပြီး ‘ကလေးနဲ့ဘာဆိုင်လဲ၊ လုပ်ချင်ရင် တစ်ယောက်ချင်းလုပ်ကွာ’ဆိုပြီး ပြောတယ်။ အကြမ်းဖက်သမားတွေက ‘ဟေ့ကောင်ထွက်လာစမ်း သတ်ပစ်မယ်’ဆိုပြီးအော်တယ်။ ကလေးအမေက သူ့အမျိုးသားကို နောက်ဘက်ကို ဆွဲခေါ်သွားတယ်။ အဲဒီနောက် ရဲတွေရောက်လာပြီး ပျက်စီးနေတာတွေကို ဓါတ်ပုံရိုက်တယ်။ ရဲတွေ ဓါတ်ပုံရိုက်ပြီးတာနဲ့ အဲဒီနေရာကို ဘယ်သူမှထပ်ပြီး မထိကြတော့ဘူး။ နောက်ပြီး ရွှေဥဒေါင်လမ်းက ကျော်အိမ်ဆောက် ပစ္စည်းဆိုင်၊ လှသစ္စာဆေးဆိုင်၊ ရွှေ အလှကုန်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်တွေရဲ့ တံခါးတွေကို ရဲတင်းနဲ့ခုတ်တယ်။ ဂျွန်ဘူး ကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးတယ်။ ၁၁-ကွေ့က ဘဂျမ်းကွမ်းယာဆိုင်ကုလည်း ဖျက်ဆီးတယ်။ ဗိုလ်ချုပ်လမ်းက ကိုသိန်းဇော်ကွမ်းယာဆိုင်၊ ဒေါ်ခတီဂျာကွမ်းယာဆိုင်၊ အာခီမာကွမ်းယာဆိုင်ကိုလည်း ဖျက်ဆီးလိုက်တယ်။ တပင်ရွှေထီးလမ်းမက လှသစ္စာဆေးဆိုင်ကိုလည်း ၀ိုင်းပြီးဖျက်ဆီးဖို့လုပ်တယ်။ လူတစ်ယောက်က တားတော့ ခဲနဲ့ထုတာ ၆-လက်မလောက် အပေါက်ကြီးဖြစ်သွားတယ်။ ဒီနေ့ ၁.၃.၂၀၁၃ သောကြာနေ့မနက်မှာလည်း ရဲတွေ ရောက်လာပြီး ဓါတ်ပုံတွေရိုက်တယ်။ ကန်သာယာလမ်းမှာရှိတဲ့ ၀တ်ပြုဆောင်က နံရံတွေကိုဖျက်ဆီးတယ်၊ ခုံတွေပစ္စည်းတွေကို ရိုက်ချိုးတယ်။ အဲလို ရိုက်ချိုးနေတာ ရ.ယ.က ရဲ့ တူဆိုတာမြင်လိုက်တယ်ဆိုတာ သိတယ်ပြောတော့။ ရ.ယ.က က လာပြောတယ်။ မြို့နယ်မှူးက ဖုန်းဆက်တယ်တဲ့ မြင်လိုက်တဲ့သူတွေကို တရားလိုလုပ်ပြီး အမှုဖွင့်ခိုင်းတယ်တဲ့။ ကျွန်တော်တို့တွေ ဘယ်လိုလုပ် အမှုဖွင့်ရဲကြမှာလဲ။ အမှုဖွင့်ရင် ဖွင့်တဲ့သူတွေကို ပြဿနာပြန်လုပ်လာမှာစိုးတယ်။ အခုညကိုလည်း ကုလားသတ်ပွဲဆိုပြီး သတင်းလွှင့်တယ်။ ရ.ယ.က ကလည်း ရပ်ကွက်ထဲက မွတ်စလင်မ်တွေကို တခြားမှာ သွားနေဖို့ပြောပြီး ဖယ်ခိုင်းတယ်။ ဒါကြောင့် အိမ်တွေကို သော့ခပ်ပြီး နီးစပ်ရာဆွေမျိုးတွေဆီကို သွားနေရတယ်”လို့ လှိုင်သာယာမှ နေအိမ်စွန့်ခွာထွက်လာခဲ့သူတစ်ဦးမှ ပြောပြလာပါတယ်။

ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်း ကံကြီးဗလီကို ဦးဝီရသူ သော့ဖျက်ပြီး ဝင်ကြည့်

ချိတ်ပိတ်ခံ ထားရတဲ့ ရမည်းသင်း ကံကြီးဗလီကို ဦးဝီရသူ သော့ဖျက်ပြီး ဝင်ကြည့် ပြည်တွင်း သတင်း မတ် ၁၊ ၂၀၁၃ M-Media ဇာဏီ ရမည်းသင်းတွင် ဘုန်းကြိး ဦးဝီရသူ မွတ်စလင်ဆန်ကျင်ရေး တရားဟော၊ ချိတ်ပိတ်ခံထားရသော ကံကြီးဗလီကို သော့ဖျက် ဝင်ရောက် ရမည်းသင်း ။ ။ ယခုရက်ပိုင်းအတွင်း ရမည်းသင်းမြို့တွင် မွတ်စလင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေကြောင်း ကြားသိရသည့် အတွက် ရမည်းသင်းမြို့ခံများထံ ဆက်သွယ် စုံစမ်းခဲ့ပါသည်။ “ရမည်းသင်းမှာ ဟိုးတစ်လောက ဘောလုံးပွဲကိစ္စနဲ့ ပတ်သက်ပြီးပြဿနာဖြစ်ခဲ့ပြီးတဲ့နောက် ဘာမှ မဖြစ်တော့ပဲနေခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅-ရက်ည ၈-နာရီမှာ ရမည်းသင်းမြို့ ဗမက အရှေ့ရပ်ကွက် မင်းကျောင်းစာသင်ကျောင်းရှေ့မှာ တရားပွဲလုပ်တယ်။ အဲဒီမှာ ဘုန်းကြီး ဦးဝီရသူ တရားဟောတယ်။ သူဟောသွားတာတွေက မွတ်စလင်မ်မုန်းတီးရေး တရားတွေပဲ။ အဲဒီထဲမှာ ဗလီတွေအားလုံးဟာ တရားမ၀င် ဆောက်လုပ်ထားတာဖြစ်တယ်။ ပိတ်ဆို့ ဟန့်တားမှုတွေ လုပ်ရမယ်လို့လည်း ထည့်ဟောတယ်။ အဲဒါက ဖေဖော်ဝါရီ ၂၅-ရက်ညမှာဟောတာ။ နောက် မနက် ၂၆-ရက်နေ့ မနက်မှာကျတော့ ဦးဝီရသူ ဦးဆောင်ပြီး ဘုရားဂေါပကအဖွဲ့ရယ် NLD ပါတီဝင်တချို့ရယ်က ရွှေစည်းခုံဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ သော့ခတ်ထားတဲ့ ကံကြီးဗလီကို သော့ဖျက်ပြီး ၀င်ကြည့်ပါတယ်။ ပြီးတော့ ရွှေစည်းခုံဗလီဝင်းထဲမှာ ဗလီရှိနေတာဟာ မြို့နယ်အုပ်ချုပ်ရေးရဲ့ လိုအပ်ချက်ကြောင့်လို့ပြောပြီး ဘာသာရေးအကြမ်းဖက်သွေးထိုး လှုံ့ဆော်မှု စကားတွေပြောပါတယ်။ ၂၆-ရက်နေ့ညပိုင်းမှာလည်း စာပေဟောပြောပွဲလုပ်ပါတယ်။ ဓမ္မစက္ကအဖွဲ့က ဦးမောင်မောင်၊ ဒေါ်ပေါရွှေ၊ ဦးဘုန်း(ဓာတု)နဲ့ ကဗျာဆရာ ညီမင်းညိုတို့ ဟောပြောကြတယ်။ အဲဒီ ဟောပြောပွဲမှာ ကဗျာဆရာညီမင်းညိုကတော့ စာပေရနံ့ သက်သက်ကိုပဲ ဟောပြောသွားတယ်။ ကျန်တဲ့ (၃)ယောက်ကတော့ ဘာသာရေး၊ လူမျိုးရေး မုန်းတီးရေး လှုံ့ဆော်မှုတွေ ဟောသွားတယ်။ ဦးဘုန်း(ဓာတု)ကလည်း ဗမာပြည်ကနေ မွတ်စလင်မ်တွေကို ၀ိုင်းကျဉ်ရမယ်။ ကြာရင် မြန်မာပြည်ဟာ အင်ဒိုနီးရှား၊ မလေးရှားလိုဖြစ်သွားမယ်၊ မြန်မာနိုင်ငံက မွတ်စလင်မ်တွေ တာလီဗန်ပုံစံမျိုး ထိပြောတယ်။ ဒေါ်ပေါရွှေကလည်း မွတ်စလင်မ်တွေဟာ မနေ့တနေ့ကမှ ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်ဆိုတာ ပြောသွားတယ်။ ဒါတွေဟာ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုပါပဲ။ ၂၇-ရက်နေ့မှာတော့ GTI ကျောင်းသားတွေက မွတ်စလင်မ် ဆန့်ကျင်ရေးနဲ့ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်စာတွေ လိုက်ဝေပါတယ်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီစာ ရရှိခဲ့ပါတယ်။ အဲဒီ မွတ်စလင်မ်ဆန့်ကျင်ရေးစာတွေကို ကျွန်တော်ပို့ပေးပါ့မယ်။ ဒီလို ဘာသာရေး လူမျိုးရေး အကြမ်းဖက်မုန်းတီးရေးလှုံ့ဆော်မှုတွေအတွက် သာသနာရေးဦးစီးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မွတ်စလင်မ်လူငယ်တွေက တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက အထက်ကို တင်ပြထားတယ်လို့ပြောတယ်။ Kan Gyee Masjid ဆိုရှယ်မီဒီယာမှာ လိမ်လည်ဝါဒဖြန့်နေသည့် ကံကြီးဗလီမှာ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ တည်ရှိခြင်းမဟုတ်ဘဲ ဘုရားနှင့် ဗလီရဲ့ကြား ခြံစည်းရိုးကို တရားမဝင်ဖြိုဖျက်ပြီး လိမ်ညာ ဝါဒဖြန့်နေတာဖြစ်ကြောင်း သိရသည်။ ပြီးတော့ ကံကြီးဗလီနဲ့ ပတ်သက်ပြီး အားလုံးသိအောင်ပြောချင်တယ်။ ဦးထွန်းဝင်းကို မေးရင် သူ အားလုံးပြောပြနိုင်ပါတယ်”လို့ ရမည်းသင်းမြို့ခံ ဦးအောင်အောင်က M-Media ကို ပြောပြလာပါတယ်။ ဦးထွန်းဝင်းကို M-Media မှ ဆက်သွယ်ပြီး ကံကြီးဗလီ အကြောင်းမေးမြန်းခဲ့ရာ “ကံကြီးဗလီက လွန်ခဲ့တဲ့ နှစ် ၅၀၀ ကတည်းက ရှိခဲ့တာပါ။ ရွှေစည်းခုံ ဘုရားဝင်းထဲမှာ ရှိတာမဟုတ်ပါဘူး။ ဘုရားနဲ့ ကပ်ရပ်မှာရှိတာပါ။ ဘုရားနဲ့ ကပ်ရပ်မှာရှိတဲ့ မွတ်စလင်မ်အိမ် (၄၄)အိမ်ကိုလည်း ၁၉၉၄-ခုနှစ်ကတည်းက ဖယ်ခိုင်းခဲ့တယ်။ အဲဒီတုန်းက ဖယ်ခိုင်းတာက ဗိုလ်ချုပ်ခင်ညွန့် တူမ မနွယ်နီအောင်ရဲ့ ခင်ပွန်း ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂)တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်းက ဖယ်ခိုင်းခဲ့တာ။ သူက ရမည်းသင်းသားပါ။ အဲလို ဘုရားနဲ့ကပ်ရပ်က မွတ်စလင်မ်အိမ်တွေက ကျူးကျော်အိမ်တွေမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေပါ။ အဲလို ဖယ်ခိုင်းခဲ့ပေမယ့် ကံကြီးဗလီကိုတော့ ကျူးကျော်လို မသတ်မှတ်ခဲ့ဘူး။ ဗလီမှာ ဟိုးအရင်က အုတ်တံတိုင်းရှိခဲ့ပါတယ်။ ၂၀၀၆-ခုနှစ်မှာ ခြံစည်းကို ၀ိုင်းပြီးဖျက်ကြတယ်။ အဲလိုဖျက်တာကို တိုင်ကြားခဲ့တဲ့ ဗလီဂေါပက ဥက္ကဌ ဦးမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဦးခင်မောင်တို့ကို ထောင် ၆-လ ချခံလိုက်ရတယ်။ အခုတော့ ဥက္ကဌ ဦးမြင့်ထွန်းလည်း မရှိတော့ပါဘူး။ သေသွားပြီ။ ဗလီအုတ် တံတိုင်းက တောင်ဘက်နဲ့ အနောက်ဘက်က ဖျက်ခံလိုက်ရတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်မှာတော့ ရှိသေးတယ်။ ၂၀၀၇-ခုနှစ်မှာတော့ တိုင်းမှူးရဲ့ နှုတ်မိန့်ဆိုပြီး မ.ယ.က က ဗလီကို ပိတ်ခဲ့တာ အခုထိ ဖွင့်ခွင့်မရတော့ဘူး။ ဗလီကို ဖျက်သိမ်းမိန့်ကျထားတယ်ဆိုတာ မဟုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပိတ်ထားခဲ့တာပဲ ရှိတာပါ။ ဗလီအုတ်တံတိုင်း ရှိတုန်းက မှတ်တမ်းဓါတ်ပုံတွေကို ကျွန်တော် ပို့ပေးပါ့မယ်”လို့ M-Media ကို ပြောပြလာပါတယ်။