Saturday, March 2, 2013
အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ
အုန်းတောရှည် ပဋိပက္ခ ဒေသခံသုံးဦးဒဏ်ရာရ
သတင်း - အလင်္ကာ
စစ်တွေမြို့နယ်၊အုန်းတောရှည်ကျေးရွာမှာ န.စ.ကတွေနဲ့ဒေသခံရိုဟင်ဂျာတွေယနေ့နေ့ခင်း သုံးနာရီဝန်းကျင်ခန့်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်စစ်တွေမြို့နယ် အုန်းတောရှည်ကျေးရွာမှာဒေသခံ လယ်မြေတွေကိုမတရားသိမ်းယူ ကန့်ဆောက်ရာကနေ ပဋိပက္ခ စတင်ခဲ့တယ်လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ကန့်ဆောက်ရာ မှာ ရခိုင်ကန်ထရိုက်နဲ့ မွတ်စလင်ကန်ထရိုက်တွေပေါင်းပြီး ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူကန့်ဆောက် ခဲ့တာဖြစ်ပါတယ်။
“မြေသိမ်းခံရတဲ့မြေပိုင်ရှင်လာလူး ကဘာလို့ကျွန်တော့မြေပေါ်မှာ ကန့်ဆောက်တာလဲလို့မေးတော့ န.စ.က တွေကဒါ မင်းတို့လယ်မြေလား၊ ဒါကအစိုးရပိုင်မြေဆိုပြှီးပြောရာကနေ စဖြစ်တာပါ”လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။
အဆိုပါပဋိပက္ခဖြစ်ပွားမှုမှာ န.စ.က တွေရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
(၁) ရှော်ရစ် (ဘ) မာမွတ်ရှော်ဖီ ၃၅နှစ် ညာဘက်ရင်အုံသေနတ်ဒဏ်ရာ
(၂) နော်ဘီဟူစင် ဦးခေါင်းသေနတ်ဒဏ်ရာ
(၃) ဇာမွတ် ဦးခေါင်းသေနတ်ဒဏ်ရာ
ဒဏ်ရာရရှိသူ သုံးဦးကို ညနေ ခြောက်နာရီဝန်းကျင်ခန့်မှာ ပြည်နယ်အစိုးရ၊စစ်တွေ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတွေက စစ်တွေဆေးရုံးကြီးကိုခေါ်ယူသွားတယ်လို့သိရပါတယ်။ ဒဏ်ရာရသူသုံးဦးရဲ့နောက်ဆက်တွဲ ဖြစ်စဉ်ကိုတော့ မသိ၇ှိရသေးဘူး လို့ဒေသခံတွေက ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားချိန်မှာ န.စ.က အင်အားမှာ ၃၅၀ ၀န်းကျင်ရှိပြီး ဒေသခံလယ်မြေဆုံးရှုံးသူတွေကတော့ အယောက် ၄၀ ခန့်သာရှိပါတယ် လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်ဖို့ ကန်ဆောက်လုပ်ရင်အတွက် ငွေကြေးကိုနိုင်ငံတကာ အလှူရှင်တွေ လှူဒါန်းထားတာဖြစ်ပေမယ့် လက်ရှိမှာတော့ မိသားစုတစ်စုကို ငွေကျပ်နှစ်သောင်း ကန်ထရိုက်တာတွေကို ပေးနိုင်မှသာ ၉ပေ ၈ပေ အခန်းတစ်ခန်းရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ငွေကျပ်နှစ်သောင်းမပေးနိုင်သူ တွေကတော့ အခန်းမရရှိနိုင်ဘူးလို့သိရပါတယ်။
ကန်ဆောက်လုပ်ရန်တာဝန်ယူတဲ့ ကန်ထရိုက်တာတွေအနေနဲ့ ကန့်အဆောက်အဦး တစ်ထောင်ကျော်ကို ဆောက်လုပ်ပြီးစီးသွားပါပြီ။ ကန့်အဆောက်အဦးတစ်ခုမှာ ၉ပေ ၈ပေ အခန်း (၁၀)ခန်းပါဝင်တာကြောင့် အခန်းပေါင်း တစ်သောင်းကျော် ဆောက်လုပ်ပြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဆိုပါပဋိပက္ခ နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက ကန်တွေကိုတာဝန်ယူရတဲ့ ကန်ထရိုက်တာတွေက န.စ.က ၊ ပြည်နယ်အစိုးရတွေနဲ့ပေါင်းပြီး ဒေသခံတွေကိုမတရားခေါင်းပုံဖြတ် မှုတွေပြုလုပ်နေတာပါ၊ ပိုက်ဆံရတော့ ဒေသခံတွေကို မတရားလုပ်နေတာကြောင့် လို့သိရပါတယ်။
ဒေသခံဒုက္ခသည်တွေအတွက်ကန်ဆောက်ဖို့ကို ပြည်နယ်အစိုးရမှတဆင့် ရခိုင်ကန်ထရိုက်တာတွေကို တစ်ဆင့်ခံပြန်ပေးတာဖြစ်ပါတယ်။ ရခိုင်တွေကမှတစ်ဆင့် တခြားကန်ထရိုက်တာတွေက လက်လွှဲယူခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။
Like • • Share • 11370 • 12 hours ago •
Subscribe to:
Post Comments (Atom)
No comments:
Post a Comment