Monday, April 8, 2013
အာရ်ကာန် သမိုင်းစဉ် အပိုင်း (၁)
အာရ်ကာန် သမိုင်းစဉ် အပိုင်း (၁)
By burmamuslim on April 6, 2013 | Leave a Comment
အမ်၊ အက်စ်၊ အဏ္ဏ၀ါ
RB သမိုင်း
6.4.2013
Proto-Australoid Negritos (သို့) အာရ်ကာန် ဒေသ၏ ရှေးအကျဆုံး လူမျိုး
သမိုင်း ပညာရှင် များ၏ အဆိုအရ အာရ်ကာန်ဒေသတွင် အစောဆုံး ရောက်ရှိ အခြေချ ခဲ့သော ကျောက် ခေတ် နှောင်းပိုင်း Proto-Australoid များကို Negritos ဟုခေါ်သည်။ ထိုသူတို့သည် အသားမဲ ကြပြီး၊ ယခု ကပ္ပလီကျွန်းစု များရှိ မူလ ဘူတ လူမျိုးများနှင့် ဆင်တူသော လူမျိုးများ ဖြစ်ပြီး၊ ၎င်း တို့ကို လူသား စားသူများဟု အဓိပ္ပာယ် ရသော Rakhasha (ပါဠိ) သို့မဟုတ် Rakhshasa (Sanskrit) ဟူ၍လည်း သိခဲ့ကြသည်။ သို့သော်ငြားလည်း သမိုင်း ပညာရှင်များ၏ သုံးသပ်ချက်အရ အာရ်ကာန် ဒေ သတွင် ၎င်းတို့ တည်ရှိခဲ့မှုကို ရှေးဟောင်း သုတေသနဆိုင်ရာ အကြွင်းအကျန် ရှားပါး မှုကြောင့် သက်သေ ပြရန် လွန်စွာ ခဲယဉ်း ပေသည်။ ထို့ကြောင့် ဤအကြောင်း အရာကို ဆွေးနွေး ရန် မ လိုတော့ပေ။
Indo-Aryans (သို့) အာရ်ကာန် ဒေသရှိ အစောပိုင်း လူမျိုးများ
ပထမဆုံး အာရ်ကာန် လူမျိုး ဘုရင်များသည် Ganges ချိုင့်ဝှမ်းမှ Indo-Aryans များဖြစ်သည်။ (ရှေးဟောင်း အာရ်ကာန် လူမျိုး သမိုင်း မှတ်တမ်း)
Indo-Aryan လူမျိုး များသည် ယနေ့ ရခိုင်များ ဟုခေါ်သော မြန်မာ အဆက်အနွယ်များ မရောက်မှီ ရာစုနှစ် တစ်ခုပြီး တစ်ခု၊ နန်းဆက် အုပ်ချုပ် ခဲ့သည်။ (Maurice Collis နှင့် ဦးစံရွှေဘို Into hidden Burma Chapter, Arakan)
Indo-Aryan လူမျိုး၊ မြို (ခမီ) လူမျိုး နှင့် သက် (စက်) လူမျိုး တို့သည် ဘီစီ ၃၃၂၃ မတိုင်မီကပင် ဒွါရ၀တီ၊ ဓည၀တီ မြို့တော်တို့ကို တည်ထောင်ပြီး အခြေချ နေထိုင် ခဲ့ကြောင်း။ (ဇာလုပ် ကတ်ဖို့လေး – စံကျော်ထွန်း (မဟာဝိဇ္ဇာ) – စာမျက်နှာ ၈၁)
Negriots ပြီးနောက် ရှေးဟောင်း သုတေသန ဆိုင်ရာ သက်သေ အထောက် အထားများ အရ Indo-Aryan တို့သည် အာရ်ကာန် ဒေသ၌ ဒုတိယ အစောဆုံး အခြေချ ခဲ့သူများ ဖြစ်ကြပြီး၊ ၎င်းနောက် သက်နှင့် ခမီ များဖြစ် ကြသည်။ (ခမီနှင့် သက်တို့သည် တောင်တန်း ဒေသများနေ လူမျိုးနွယ် စုများဖြစ်ပြီး ၎င်းတို့၏ အဆက် အနွယ်ကို တောင်တန်း ဒေသများတွင် ယခု အချိန်ထိ ရှာဖွေ တွေ့ရှိနိုင် ပါသည်။) ၎င်း Indo-Aryan များသည် အဘယ် သူများနည်း။ ရှေးဦးစွာ Indo-Aryan အသုံးအနှုံးကို အနက် အဓိပ္ပာယ် ဖွင့်ဆို ရမည်။
http://bit.ly/2tD2Dd တွင် Indo-Aryan သည် အိန္ဒိယ တိုက်ငယ် အတွင်း ဟင်ဒီ၊ ဘင်္ဂလီ၊ ပန်ဂျာဘီ အစ ရှိသည့် ဘာသာ စကား အပါအ၀င် Indo-European ဘာသာ စကား ပြောဆို ကြသော သူများကို ခေါ်ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ ယေဘုယျ အားဖြင့် Indo-Aryan များသည် Dravidians (တောင်ပိုင်း အိန္ဒိယန်း) များမှအပ ကျန်သည့် အိန္ဒိယန်းများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ယနေ့ အာရ်ကာန်ဒေတွင် Indo-Aryan ၏မျိုးရိုး စဉ်ဆက် များမှာ ရိုဟင်ဂျာများမှ တစ်ပါး အခြား လူမျိုး တစ်မျိုး ဖြစ်စရာ အကြောင်း လုံးဝ မရှိပေ။
အာရ်ကာန် ဒေသတွင် အေဒီ ၁၀ ရာစု မတိုင်မီတွင် အိန္ဒိယန်း လူမျိုးများ၊ အိန္ဒိယန်း ယဉ်ကျေးမှု များနှင့် စာပေ များကိုသာ ရှာဖွေ တွေ့ရှိခဲ့ ရသည်။ မြန်မာနှင့် မြန်မာ အဆက်အနွယ် တို့၏ ယဉ်ကျေးမှုကို ၁၀ ရာစု နောက်ပိုင်းမှ သာလျှင် ရှာဖွေ တွေ့ရှိခဲ့သည်။ (H. W. Wilson; the history of Indian people, စာမျက်နှာ ၁၈၉ – ၂၀၄)
အာရ်ကာန် ဒေသတွင် ၁၀ ရာစု မတိုင်မီ နေထိုင်ခဲ့သော လူမျိုးများနှင့် လူမှု အဖွဲ့အစည်း များမှာ အိန္ဒိယန်းများ ဖြစ်ကြသည်။ (Gordon H. Luce; Early Burma Pre-Bagan)
[အာရ်ကာန် ဒေသ၏ နန်းဆက် သမိုင်းများကို သမိုင်း ပညာရှင်များ ပြောကြားချက်အရ ၉၅၇ CE မတိုင်မီ ဓည၀တီ (ကာလပိုင်းခြား ၃ ပိုင်း) နှင့် ဝေသာလီ နန်းဆက် များနှင့် ၉၅၇ CE နောက် လေးမြို့နှင့် မြောက် ဦး တို့တွင် ထင်ရှားသော ထီးနန်းများ တည်ရှိခဲ့သည်။ (အသေးစိတ် ကို နောက်ပိုင်း တွင် ရေးသေား ဖော်ပြ ပါမည်။)]
ယနေ့ အာရ်ကာန် ဒေသတွင် ရိုဟင်ဂျာနှင့် ရခိုင် ဟူသော လူမျိုးစု နှစ်စု ရှိသည်။ ၎င်းတို့ အနက် မည်သည့် လူမျိုးစုသည် အာရ်ကာန် ဒေသတွင် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့ဖြင့် အစောဆုံး လွှမ်းမိုး အုပ်ချုပ် ခဲ့သည့် Indo-Aryan (အိန္ဒိယန်း) များ၏ အဆက် အနွယ်များ ဖြစ်နေကြ သနည်း။ ဤမေး ခွန်း ကို ဖြေကြား ရာတွင် မလို မုန်းတီး မှုကို ဖယ်ရှား၍ ရိုးသားစွာ ဖြေဆိုရန် လိုအပ် ပေသည်။
ရခိုင်များ၏ မူရင်းဇစ်မြစ်
ရခိုင်များနှင့် ဗမာများသည် တူညီသော လူမျိုးများ ဖြစ်ကြသည်။ ရခိုင်များသည် ရှေးဦးဗမာ များ ပြောဆိုခဲ့ သည့် စကားကို ပြောဆို ကြသည်။ ပိုမို အရေးကြီးသည်မှာ ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာလည်း တူညီသည်။ (ဒေါက်တာ ထင်အောင်၊ Burma before AD 1280; ၂၀၀၃ ခုနှစ်တွင် ဦးအောင်သန်း အင်္ဂလိပ် ဘာသာပြန်သည်။ စာမျက်နှာ ၄၀)
ရခိုင်သည် ဗမာလူမျိုးစုဝင် တစ်ခုဖြစ်သည်။ ရခိုင်တို့၏ အစောပိုင်း စာပေများကို ဗမာ ဘာသာဖြင့် ရှာဖွေ တွေ့ရှိ ခဲ့သည်။ (ဒေါက်တာ သန်းထွန်း၊ အသက် ၈၀ နှစ်ပြည့် သတင်းလွှာ)
ယခု အင်အားကြီး လွှမ်းမိုး နေသော ရခိုင် များသည် အာရ်ကာန် ဒေသသို့ ၁၀ ရာစု နောက်ပိုင်းတွင် ၀င်ရောက် လာသော တိဘက် – ဗမာ မျိုးနွယ်စု များအနက် ထင်ရှားသည့် အုပ်စု ဖြစ်သည်။ (Dr. Pamela Gutman, Ancient Arakan, 1976)
ရခိုင် လူမျိုး များသည် ဧရာဝတီ အထက်ပိုင်းသို့ ရောက်ရှိ အခြေချ ခဲ့သော ဗမာများနှင့် နီးကပ်စွာ ဆင်တူသော Mongoloid မျိုးနွယ်စု များမှ ဆင်းသက် လာသူများ ဖြစ်ကြသည်မှာ သံသယ ၀င်စရာ ပင်မရှိပေ။ ၎င်းတို့သည် ယခု မြန်မာ စကားနှင့် ကွဲပြား ခြားနားသော အသုံးအနှုန်း၊ စကားသံ အချို့များမှ အပ တူညီသော မြန်မာ စကားကိုသာ ပြောဆို ကြသည်။ (History of Burma, Lieut. General Sir Aurthur P. Phayre, စာမျက်နှာ ၄၁၊ ၁၈၈၃)
ထို့အပြင် ထင်ပေါ် ကျော်ကြားသော ပညာရှင်များမှ ရခိုင်များ၏ မူရင်း ဇစ်မြစ်ကို ရေးသား ဖော်ထုတ် ထားသော သက်သေ အထောက် အထား အများ အပြား ရှိသော်ငြားလည်း အထက်တွင် ရည်ညွန်း ထားသည့် အထောက် အထား များမှာ ဤအကြောင်း အရာအတွက် လုံလောက်ပြီ ဟုထင်ပါသည်။ သို့ပေမယ့်လည်း ယခု အချိန်ထိ ရခိုင် များသည် Indo-Aryan များမှ ဖြစ်သည် သို့မဟုတ် ၁၀ ရာစု မတိုင်မီ စိုးစံခဲ့သော အိန္ဒိယ မင်းဆက်များမှ ဖြစ်သည်ဟု ဆိုချင် ပါသလား? သို့တိုင်အောင် တစ်ယူသန် ရခိုင် ပညာရှင် များက ရှက်ဖွယ် လိလိ ထင်ရာစိုင်း၍ ရခိုင် တို့သည် ၁၀ ရာစု မတိုင်မီ ထီးနန်း စိုးစံခဲ့သော Indo-Aryan များမှ ဆင်းသက် လာသော မျိုးနွယ်စု ဖြစ်သည်ဟု ပြောဆို ကြသည်။ ဥပမာ အချို့ကို အောက်တွင် ဖော်ပြ ထားသည်။
ရခိုင် တယူသန် များ၏ ထင်ရာစိုင်းမှု
ရခိုင် လူမျိုး များသည် ရှေးဦးပိုင်း ကာလတွင် အိန္ဒိယ ဘာသာကို ရေးသားခဲ့ ကြသည်ဟု ထင်ရသည်။ (ဝေသာလီခေတ် အနန္ဒ စန္ဒရ ကျောက်စာ၊ ဦးစံသာအောင် – စာမျက်နှာ ၁၂)
သူတို့၏ သမိုင်း အထောက် အထားများသည် မှတ်တမ်းများ ကဲ့သို့ မူရင်း ဇစ်မြစ် မှတ်တမ်း စစ်စစ်များ မဟုတ်ဘဲ ရာစုနှစ်ပေါင်း များစွာ အကြာတွင် ဟုတ်သယောင်ယောင် ကြံရာလိုက် လုပ်ထားခြင်း များသာုဖြစ်သည်။ ယခုအခါ ထိုသူ တို့သည် ဘီစီအီး ၅၀၀၀ ကတည်းပင် နိုင်ငံတွင်း၌ ရှိနေ သယောင် ဖော်ပြနေ ကြသည်။ အိန္ဒိယ ထီးနန်းများ ဖြစ်သော ဓည၀တီနှင့် ဝေသာလီ တို့ကိုလည်း ၎င်းတို့၏ လူမျိုးများ ထီးနန်းများ အဖြစ် ပြင်းထန်စွာ ပြောဆိုနေ ကြသည်။ (Noel F. Singer’s Vaishali and Indianization of Arakan, စာမျက်နှာ ၁၄ , ရည်ညွန်း “ရွှေဇံ, The Golden Mrauk U, စာမျက်နှာ ၁၄၉”)
နိုင်ငံရပ်ခြားတွင် နေထိုင်သော တယူသန် ထင်ရာစိုင်း ရခိုင်ပညာရှင် အရှင်နာယက၏ Indo-Aryan ဖြစ်ကြောင်း ပြောဆိုရန် ကြံစည် အားထုတ် နေမှုကိုလည်း ဥပမာ တစ်ခု အဖြစ် အောက်တွင် ဖော်ပြ ထားသည်။
Indo-Aryan များသည် အာရ်ကာန် ဒေသသို့ ပြောင်းရွှေ့ မလာခင် အရှေ့အိန္ဒိယမှ Mongoloid အနွယ်ဝင် များနှင့် လက်ထပ်၍ ရောထွေး လာခဲ့သည်ဟု ယူဆရသည်။ http://bit.ly/10eZtIL
ဤသည်မှာ ယင်းသူတို့ တွေးတော ကြံစည် ကြခြင်းပင် ဖြစ်သည်။ထို့ကြောင့် ယုတ္တိမရှိ အခြေ အမြစ် မရှိ ကြံစည် အားထုတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ ပြောဆိုနေ မှုများကို အမှန်ဟု ယူဆ ရလျှင် မေး ခွန်းပေါင်း များစွာ မေးမြန်း ရန်ရှိပြီး ၎င်းတို့ကို ဖြေဆိုပေး ရမည် ဖြစ်သည်။ ၎င်းမေးခွန်း တို့မှာ-
အိန္ဒိယ ဘာသာ စကား ပြောဆို နေသည့် ရခိုင်များ ၁၀ ရာစု နောက်ပိုင်းတွင် ရုတ်တရက် မည်ကဲ့ သို့ မေ့ပျောက်ခဲ့ပြီး Tibeto-Burman မူရင်း ဇစ်မြစ်မှ ဖြစ်သော ဘာသာ စကား တစ်ခုကို စပြောနေ ခဲ့ရ သနည်း။ ထီးနန်း စိုးစံ ခဲ့သည့် အိန္ဒိယန်း ဘုရင်များ၏ အိန္ဒိယန်း အမည် များကို တိဘက်-မြန်မာ အမည် များသို့ ပြောင်းရန် အဘယ် အကြောင်းအရာက ဦးတည်ပေးခဲ့ သနည်း။ (ဥပမာ အားဖြင့် အစောဆုံး ထီးနန်း စိုးစံခဲ့သည့် “Chandra” အမည်)။ ထို့အပြင် အိန္ဒိယန်း များနှင့် တူညီ ခဲ့သော ရခိုင် လူမျိုး များ၏ ရုပ်ပုံ သဏ္ဍန်သည် ရုတ်တရက် အားဖြင့် မည်ကဲ့သို့ ကွဲပြားသွား သနည်း။ မေးခွန်း များစွာ ရှိပါသည်။ ထိုအရာ များသည် Missing-Link ခေါ် ဆက်စပ်မှု ပျောက်ဆုံး နေခြင်း ဖြစ်သည်။
ရခိုင် များသည် တခါတရံတွင် Tibeto-Burma အုပ်စုဟု ပြောဆို ကြပြီး တခါတရံတွင် Indo-Aryan မျိုးနွယ်ဟု ပြောဆို ကြသည်။ မတူညီ ကွဲလွဲရာ နှစ်မျိုးကို ပြောလေ့ ရှိသည်။ ရယ်မောဖွယ် တစ်ခု မဟုတ် သလော။ ဖြစ်နိုင်ချေ အားဖြင့် မူရင်း ဇစ်မြစ်နှင့် ၎င်းတို့ ကိုယ်ကို ၎င်းတို့ ဆက်နွယ်မှု မပြတ်စေရန် Tibeto-Burman များဟု ပြောဆိုလေ့ ရှိသည်။ အစောပိုင်း ရခိုင် သမိုင်း မှတ်တမ်း များတွင်လည်း Tibeto-Burman အနွယ်ဝင် များဟု ပြောဆို ခဲ့သည်။ အခြား တစ်ဖက်တွင် Mongoloid အနွယ်ဝင်များ ဖြစ်သည် Tibeto-Burman ရခိုင်များ ကျူးကျော် ၀င်ရောက် မလာမှီ အချိန်ထိ လူနေမှု ပတ်ဝန်းကျင် ဒေသကို ခမ်းနားခမ်း ညားစွာအုပ်ချုပ်ခဲ့သော လူမျိုးများနှင့်ဆက်နွယ်ရန်အတွက် Indo-Aryan များဟု ပြောဆိုသည် မှာ ဖြစ်နိုင်ချေရှိသည်။
စိတ်ဝင်စား ဖွယ်ရာ မေးခွန်း တစ်ခုမှာ “ဗမာများနှင့် ရခိုင်များမှ ရိုဟင်ဂျာများ၊ ဘင်္ဂလီများ၊ အိန္ဒိယန်းများနှင့် ပါကစ္စတန်များကို မည်ကဲ့သို့ ခေါ်သည်ကို သိပါသလော”။ မြင့်မြတ်သော လူမျိုးဟု မူရင်း အဓိပ္ပာယ် ရသည့် “ကုလ” ဟူသည့် ဝေါဟာရကို အိန္ဒိယန်းများ အတွက် နှိမ့်ချရန် သဘောဖြင့် သုံးစွဲ နေခြင်း မဟုတ်လော။ ရခိုင် များသည် Indo-Aryan (အိန္ဒိယ မူရင်း ဇစ်မြစ်) အနွယ်ဝင် များဟု မှတ်ယူလျှင် ထိုသူ များသည်လည်း “ကုလ” များပင် ဖြစ်ကြသည်။ ရခိုင် များသည်ပင် ကုလား ဖြစ်လျှင် အဘယ်ကြောင့် အခြားသူများ (ရိုဟင်ဂျာများ) ကို ကုလားဟု ခေါ်နေကြ သနည်း။ နောက်တနည်း အားဖြင့် ရခိုင် များသည် မိမိတို့ကိုယ် မိမိ ကုလား များဟု ခေါ်ကြ သလား။ ဗမာများမှ ရခိုင်များကို ကုလားဟု ခေါ်ကြသလား။ စင်စစ် အားဖြင့် ရခိုင်များကို မည်သူ များက “ကုလားများ” ခေါ်ကြ သနည်း။ စဉ်းစား စရာပင်။
ဆက်လက် ဖော်ပြ ပါမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment