Thursday, April 18, 2013
မူစလင် လူငယ်တွေရဲ့ life carrier အတွက် တက္ကသိုလ်နဲ့ scholarship လမ်းညွှန် E စာအုပ်လေး လုပ်ဖို့ project လေးလုပ်ရအောင်
ညီအစ်ကို မောင်နှမများ အားလုံး စလာမ်ပါ။
လူငယ်မောင်မယ်တွေဟာ ဘဝရဲ့ တစ်ဆစ်ချိုးကိုရောက်ပြီဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ ဘဝလျှောက်လှမ်းဖို့ အတွက် ပြင်ကိုပြင်ဆင်ရပါမယ်။ အဲ့ဒီအခါမှာ သူတို့တွေဟာ မိမိတို့ဝါသနာ၊ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒ၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ တိုက်တွန်းမှု၊ senior တွေရဲ့ အကြံပေးချက်တွေ အပြင် မိမိတို့ရဲ့ resource ( မိမိတို့ရဲ့ အမှတ်၊ အချိန်ပေးနိုင်မှု၊ ငွေကြေးအင်အား၊ အခွင့်အလမ်း)တွေအပေါ်မှာ ချိန်ညှိပြီး တစ်ခုခုကိုရွေးချယ်ကြရပါတယ်။ အဲ့ဒီနေရာမှ အခွင့်အလမ်းဆိုတဲ့ အရာက တော်တော်လေးကို အင်အားကောင်းလှပါတယ်။ အဲ့ဒီအရာက တော်တော်လေးကိုလည်း အကူအညီပေးနိုင်ပြီး အရာလည်းရောက်ပါတယ်။ အဲ့ဒါကို မသိလိုက်ရလို့ တချို့လူငယ်လေးတွေဟာ တော်သော်လည်း ဝါသနာပြင်းထန်သော်လည်း မိမိတို့ဖြစ်ချင်တာ လုပ်ချင်တာတွေနဲ့ အလှမ်းဝေးတဲ့ life carrier မျိုးတွေကိုေ၇ွးချယ်ခဲ့ရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ ထုနဲ့ ထေးပါ။ တော်လည်းတော်တဲ့ ဖြစ်လည်းဖြစ်ချင်နေတဲ့ လူငယ်တစ်ယောက်ကို သူ့ရဲ့ resource limitation ကိုကျော်လွှားနိုင်မယ့် အခွင့်အလမ်းမျိုးသာ ပြပေးလိုက်နိုင်ရင် ဒီလူငယ်အတွက် လွန်စွာ အကျိုးဖြစ်ထွန်းမှာ ဖြစ်သလို၊ ဒီလူငယ်ရဲ့ ဘဝတစ်လျှောက်လုံးကနေရမယ့် profession ကလည်း အစ္စလာမ်ကို တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုမှာ အသေအချာပါပဲ။ နောက်ပြီး ဒါဟာ အလ္လာဟ်အရှင်မြတ်ဆီမှာ အင်မတန်မှကို မွန်မြတ်တဲ့ ကိစ္စမျိုးပါ။ တမန်တော်မြတ်ကြီး(ဆွ) စွန္နဟ်နဲ့လည်း အင်မတန်မှကို ညီညွတ်တဲ့ ကိစ္စပါ။ တခါတလေကြတော့လည်း ဝမ်းနည်းဖို့ကောင်းတာက အဲ့ဒီလို အခွင့်အလမ်းမျိုးတွေကို လူငယ်ရာခိုင်နှုန်းတော်တော်များများက မသိကြဘဲ၊ အရှင့်ကရုဏာတော်ကို ဘောင်ကန့်ချင်ကြတဲ့သူတွေ သိတဲ့လူအချင်းချင်းလောက်ပဲ ပတ်ရိုက်နေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီ barrier ကြီးကို ကျော်လွှားဖို့ မူစလင်လူငယ်တိုင်း မိမိတို့ ဘဝရှေ့ရေးအတွက် တန်းတူအခွင့်အရေးရယူနိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ကို ကျွန်တော်တို့လုပ်ပေးခဲ့ပြီး နောင်မျိုးဆက်သစ်တွေအတွက် အရှင့်ဆီမှာ တာဝန်ကျေချင်ပါတယ်။ အခုဆိုရင်လည်း အရှင့်ကရုဏာတော်နဲ့ မိမိတို့ကိုယ်တိုင် ဒီအခွင့်အလမ်းတွေကို ရပြီး အတွေ့အကြုံပြန်မျှဝေပေးနိုင်တဲ့ သူတွေ အများကြီးပဲ ရှိသလို ကိုယ်တိုင် မရခဲ့သော်လည်း ဗဟုသုတရှိပြီးသိနေကာ ပြန်မျှဝေနိုင်နေတဲ့ သူတွေလည်း အများကြီး ၇ှိနေကြပါပြီ။ အားလုံးကြိုးစားရင် အင်ရှာအလ္လာဟ် guide book တစ်ခုဖြစ်လာမှာပါ။ အားလုံး ကူညီ ပေးကြပါဦး။
ပထမအဆင့်အနေနဲ့ကတော့ လောလောဆယ် information and data collection လုပ်မယ်။
subject တွေကတော့ အစုံပါမယ် arts, sciences and religious study
scholarship ပညာသင်ထောက်ပံ့ကြေးတွေကိုတော့ ပြည်တွင်းရော ပြည်ပ နှစ်ခုလုံးကို မျှဝေပေးကြပါခင်ဗျာ။
တက္ကသိုလ်တွေ အနေနဲ့ကတော့ ပြည်တွင်းရော ပြည်ပရော Islamic University ရော မဟုတ်တာပါ scholarship ပေးတဲ့ ကျောင်းတွေဆို ဖော်ပြပေးစေလိုပါတယ်။ ဒါပေမယ့် တခြားဘာသာတရားတွေကို အခြေခံပြီး သူ့တို့အတွေးတွေ ရိုက်သင်တဲ့ ကျောင်းမျိုးဆိုရင်တော့ ရှောင်ပေးပါ။ online university များကိုပါထည့်ပေးစေလိုပါတယ်။ တက္ကသိုလ်များသာမက ထိုတက္ကသိုလ်တွေကို တက်လှမ်းဖို့ အထောက်အကူပြုမယ့် ထောက်ပံ့ပေးတဲ့ သင်တန်းတွေဆိုလည်း ဖော်ပြပေးကြပါ။ အရှင့်အတွက် သက်သက်ရည်စူးပြီး ကိုယ့်နောက်မျိုးဆက် မူစလင်လူငယ်တွေ အတွက် ကောင်းမွန်စေမယ့် project လေး ဝိုင်းဝန်းလုပ်ကြရအောင်ပါခင်ဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment