Thursday, February 28, 2013

လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီမှ ဦးကိုကိုကြီးကို ဝေဖန်

လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီမှ ဦးကိုကိုကြီးကို ဝေဖန် ပြည်တွင်း သတင်း ဖေဖော်ဝါရီလ ၂၅ရက်၊၂၀၁၃ M-Media သတင်း- ဇာဇာလှိုင် ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက် (P.C.N) ကို ဖေဖော်ဝါရီလ(၁)ရက်နေ့၊၂၀၁၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ ပြည်ထောင်စူ မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မူ (Capacity Building)၊ ပညာရေး နှင့်ဘ၀နေထိုင်မူ အဆင့်အတန်းမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား အချင်းချင်း ချစ်ကြည် ရင်းနှီးသော ဆက်ဆံမူများ တည်ဆောက်ရန်ဖြစ်ကြောင်း၊တရားဥပဒေ စိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ရက်တွင် အတက်ပညာရှင်၊အသိပညာရှင်များ ၊IT ပညာရှင်များ စသည့်တို့က ညီညွှတ်ရေးကို ဦးတည်စေမည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့ရူမည့် သူတွေအားလုံးမှ ၎င်းငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းစဉ်များမှာ လူမူစီးပွားရေး(Social Economy)၊ လူ့အခွင့်အရေး(Human Rights)၊သတင်းနှင့် ပြန်ကြားရေး (Information and Media)၊ ပညာရေး(Education) စသည့် ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။ HJ-NyiNyi ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်အတွက် တကိုယ်တော် ဆန္ဒပြနေသည့် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး လှုပ်ရှားသူများ ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီ (ဇန်နဝါရီလ ၈ ရက် ၂၀၁၃) Photo Credit => myanmarmuslim.net အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများထဲမှ ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုညီညီအား လူ့အခွင့်အရေးနှင့် ပတ်သက်၍ M-Media မှ မေးမြန်းဖြစ်ခဲ့ပါသည်။ “၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ဒီမိုကရက်သစ် အင်အားစု အချို့က ခေါင်းဆောင် အချို့က လူ့အခွင့်အရေး၊ အများစုအခွင့်အရေး၊ လူနည်းစု အခွင့်အရေး တော်တော်လေး အားနည်းတယ်။လူ့အခွင့်အရေးသာ မရှိဘူးဆိုရင် ဦးကိုကိုကြီး အပါအ၀င် ဘယ်သူမှ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်ပါဘူး။စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူ ယန္တရား အောက်မှာ လူ့အခွင့်အရေးကသာ အကာအကွယ် မပေးခဲ့ဘူးဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ ဦးကိုကိုကြီးဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင် ယန္တရားအောက်မှာ ၀ါးမျိုခြင်းကို ခံရမှာ ဖြစ်တယ်” “တစ်ကမ္ဘာလုံးက စံအဖြစ်သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ခေတ်မမှီတော့တဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုပဲ သွားမယ်ဆိုလို့ရှိရင် ဦးကိုကိုကြီး အနေနဲ့ ကမ္ဘာသမိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ အာဏာရှင် ရာဇ၀တ်သားတွေနဲ့ အတူတူပဲ ဖြစ်မှာပဲ” “ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးရဲ့ ရပ်တည်ချက်က ကျွန်တော်ကြားဖူးတဲ့ တရုတ် ပုံပြင်လို ဖြစ်နေပြီ။အဲဒီ ပုံပြင်လေးက တစ်ခါတုန်းက တရုတ်ပြည်မှာ ရှိတဲ့ ဘုရင်တစ်ပါးက နဂါးကို အရမ်းချစ်တယ်။ဘုရင်ကြီး ပြောတဲ့ စကားတိုင်းမှာ နဂါးကို ဘယ်လို ချစ်တဲ့အကြောင်း၊ဘယ်လို တန်ဖိုးထားတဲ့ အကြောင်း၊နဂါးနဲ့ ပတ်သပ်တဲ့ ပုံတိုပတ်စ၊ကဗျာ၊လင်္ကာများကိုလည်း ရွတ်ဆိုလေ့ရှိတယ်။သူ့ ပန်းခြံထဲ၊သူ့အိမ်ထဲမှာလဲ နဂါးရုပ်၊ခန်းစီးလိုက်ကာ ကအစ နဂါးရုပ်တွေနဲ့ အလှဆင်ထားတယ်။တစ်နေ့ ဘုရင်ကြီးရဲ့ နန်းတော်ထဲကို တကယ့် နဂါးအစစ် တစ်ကောင် ၀င်လာတယ်။အဲဒီအခါကြတော့ သူ့ရဲ့ အိမ်ဖန်စောင့်တွေက “ငါတို့ ဘုရင်ကြီးက နဂါးကို အရမ်းချစ်တယ်၊သူက နဂါးနဲ့ ပတ်သပ်လာရင် အရမ်းတန်ဖိုးထားတယ်၊အဲဒါကြောင့် ငါတို့ ဘုရင်ကြီးဆီ နဂါးကို လွှတ်ပေးလိုက်မယ်”ဆိုပြီး လွှတ်ပေးလိုက်ကြတယ်။နဂါးက ဘုရင်ကြီး အိပ်ခန်းထဲကို ၀င်သွားတဲ့ အချိန်မှာ ဘုရင်ကြီးက ဆောက်တည်ရာမယ့် ကြောက်လန့်တကြား အော်ဟစ်ပြီး ဒီနဂါးကြီးကို သတ်ပစ်ဖို့ အစောင့်တွေကို ခေါ်တယ်။ “ဘုရင်ကြီးက အရမ်းချစ်တယ်လို့ ခဏခဏပြောတဲ့အတွက်ကျွန်တော်တို့ လွှတ်ပေးလိုက်တာပါ” လို့ပြန်လျှောက်တင်ကြတယ်။ ဘုရင်ကြီးက“ငါက အရုပ်ကိုပဲ ချစ်တာ၊တကယ့် အစစ်ကို ချစ်တာ မဟုတ်ဘူး၊အခု ချက်ချင်း သတ်ပစ်လို့ အမိန့်ပေးလိုက်တယ်” “တစ်ချိန်တုန်းက လူ့အခွင့်အရေးကိုပဲ တန်ဖိုးထားကြောင်း တဖွဖွ ပြောခဲ့တဲ့ ဦးကိုကိုကြီးဟာ အခု လူ့အခွင့်အရေးနှင့် ပက်ပင်းတိုးတဲ့ အချိန်ကြတော့မှ လူ့အခွင့်အရေးက အရေးမကြီးတော့ဘူး အမျိုးသားရေး အမြင်နဲ့ တပ်မတော်နှင့် ပူးပေါင်းပြီး တိုက်ဖျက်ရမယ် ဆိုတော့ ဦးကိုကိုကြီးတို့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ချစ်တယ် ဆိုတာ ပုံပြင်ထဲက ဘုရင်ကြီးလိုပါပဲလား လို့သတိရမိပါတယ်။ ဦးကိုကိုကြီးက ဒီမိုကရက်တစ်လား? နေရှင်နယ်လစ်လား? ဆိုတာလေး တစ်ခုပဲမေးချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

ကာတာလခြမ်းနီ အဖွဲ့မှ ရခိုင်မှ ဒုက္ခသည်များ အတွက် အိမ်ယာ စီမံကိန်းများ တည်ဆောက်ပေးမည်

ကာတာလခြမ်းနီ အဖွဲ့မှ ရခိုင်မှ ဒုက္ခသည်များ အတွက် အိမ်ယာ စီမံကိန်းများ တည်ဆောက်ပေးမည် ပြည်တွင်း သတင်း, နိုင်ငံတကာသတင်း ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၃ M-Media 1-2315-300x233ဒိုဟာ။ ။ ကာတာအခြေစိုက် လခြမ်းနီအဖွဲ့မှ အိမ်ထောင်စုပေါင်း ၄၈၀ (လူပေါင်း ၃၀၀၀ခန့်) ကို ပြန်လည်နေရာချထားပေးရန် အခန်းပေါင်း စုစုပေါင်း ၄၈၀ ပါဝင်သည့် အိမ်ယာဝင်း ၆၀ ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကာတာသတင်းအေဂျင်စီမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ QRC လုပ်ငန်းဌာနမှ လုပ်ဆောင်မည့် ဤပရောဂျက်တွင် အိမ်ယာဝင်းပေါင်း (၆၀)ကျော် ပါဝင်မည် ဖြစ်ပြီး ၀င်းတစ်ခုစီတွင် အိမ်ပေါင်း (၈)ခန်းပါဝင်ကာ ရေတုံကင်တစ်ခု စီပါဝင်မည် ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းသည် ပြီးခဲ့သော ဇန်န၀ါရီလက စတင်ခဲ့ခြင်းဖြစ်ကာ ပတ်ဝန်းကျင် အနီးတ၀ိုက်ရှိ စခန်းများမှ အလုပ်သမား နှင့် လုပ်ငန်းကျွမ်းဝင်သူပေါင်း ၂၅၀၀ကျော်လည်း လုပ်ငန်းတွင် ပါဝင်ခဲ့ပါသည်။ ပုံမှန်အားဖြင့် ဧပြီလအစောပိုင်းတွင် ကျရောက်လေ့ရှိသော မိုးရာသီကာလ မတိုင်မီ မတ်လဆန်းတွင် အိမ်ယာများကို အကျိုးခံစားခွင့်ရှိသူများထံ လွှဲပြောင်းပေးသွားမည်ဟု မျှော်မှန်းထားပါသည်။ မြန်မာနိုင်ငံရှိ QRC ၏ လက်တွေ့လုပ်ငန်းခွင် ရုံးခန်းသည် လက်တွေ့လုပ်ငန်းဆိုင်ရာ အရည်အသွေး ပြည့်မီမှုများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ညွှန်ကြားစီမံနေပြီး ပရောဂျက် ပြီးမြောက်အောင်မြင်မှုများ ၊လိုအပ်ချက်ရှိသော လူများအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်းတို့အား စောင့်ကြည့်ကွပ်ကဲလျက်ရှိသည်။ QRC သည် ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခြင်းခံရသူများ ပြန်လည် လွတ်ငြိမ်းချမ်းသာရေး ကိစ္စရပ်များ လုပ်ဆောင်ရန် မြန်မာ့ကြက်ခြေနီ အဖွဲ့အစည်းနှင့် နှစ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်အား စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

အစ္စလာမ် အထက်တန်းကျောင်းများသည် ဗြိတိန်၌ အကောင်းဆုံး ထိပ်တန်းစာရင်းဝင် ကျောင်းများဖြစ်လာ

နိုင်ငံတကာသတင်း ဖေဖော်ဝါရီ ၊ ၂၃၊၂၀၁၃ M-Media UK Islamic Schools Success Storyကိုင်ရို။ ။ကျောင်းသားများ၏ အံ့ဖွယ် အမှတ်ကောင်းမွန်မှုကြောင့် အစ္စလာမ့် စာသင်ကျောင်းများသည် ဗြိတိန်နိုင်ငံတစ်ဝှမ်း အောင်ချက် အကောင်းဆုံး တက္ကသိုလ် ၀င်တန်း ကျောင်းများဖြစ်လာသည်။ “တစ်ချို့ကျောင်းသူတွေက မူလတန်းတုန်းက စာညံ့ခဲ့ကြတယ် ၊ တစ်ချို့က မိဘမရှိသူတွေ၊ တစ်ချို့ ကတော့ နွမ်းပါးဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေပါ။ ဒီလို အားနည်းချက် နောက်ခံတွေရှိတဲ့ ကလေးတွေ အတွက် တကယ်ကို မယုံနိုင်ဖွယ် အောင်မြင်မှုပါပဲ “ ဟု အင်္ဂလန်အနောက်မြောက်ပိုင်း Blackburn မြို့၊ စက်မှုဇုန်ရှိ အောင်ချက် အကောင်းဆုံးကျောင်း – Tauheedul Islam Girls’ High School ၏ ကျောင်းအုပ် Hamid Patel က The Muslim News သတင်းသို့ ပြောကြားခဲ့ပါသည်။ ကျောင်းသား ၉၅ % သည် အင်္ဂလိပ်စာနှင့်သင်္ချာ အပါအ၀င် grade A* အဆင့်ဝင်ခဲ့ပြီး ၊ ဘာသာရပ် အသစ်ဖြစ်သော English Baccalaureate ၌လည်း စုစုပေါင်းအောင်ချက် ၇၆ % ဖြင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ရလဒ်များက ဖော်ပြနေသည်။ လွန်ခဲ့သော မတ်လ အတွင်းတွင် The Times Educational Supplement ၏ နှစ်စဉ်ဆုပေးပွဲ၌ ” Secondary School of the Year ” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသည်။ ကျောင်းပညာရေး စစ်ဆေးမှုစံနစ်ဖြစ်သော Ofsted inspection ၏အစီရင်ခံစာအရ ပထမဆုံးသော ဒေသတွင်း ထူးချွန်ကျောင်းအဖြစ်သတ်မှတ်ခြင်းခံရပြီး၊ စစ်ဆေးရေး အရာရှိများက သင်ကြားရေး ၊ ယဉ်ကျေးမှု နှင့် အသိကြွယ်ဝခြင်းကဏ္ဍများတွင် ထိပ်တန်းကျောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ Tayyibah Girls’ School သည်လည်း ၄င်း၏ ၂၀၁၁ ခုနှစ် ရလဒ်ထက် ၁၇% ကျော်လွန်ကာ GCSEs ( General Certificate of Secondary Education ) ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိခဲ့သောကြောင့် လန်ဒန်၊ Hackey ရှိ အထက်တန်းကျောင်း ၂၂ ကျောင်းအနက် ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ ထိုမိန်းကလေး အထက်တန်းကျောင်းများ အပြင် မူလတန်းနှင့် အထက်တန်း တွဲဖက်ကျောင်းတစ်ခုဖြစ်သော Shirley ရှိ Al-Khair Secondary School သည်လည်း GCSE ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိကာ Trinity School နှင့်အပြိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း Croydon Guardian သတင်းစာတွင် ဖော်ပြထားသည်။ ” ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူများဟာ အထက်တန်းကျောင်းသား ဘ၀ကနေ ထက်မြက်တဲ့အရည်အသွေးနဲ့တစ်ကွ အလားအလာကောင်းစွာနဲ့ ထွက်ခွာသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ၊ ကျွန်မ ဘာလို့ ဒီလိုယုံကြည်ရသလဲဆိုရင် ဒီကလေးတွေက ကျောင်းသင်ခန်းစာတွေမှာ အကောင်းဆုံးနားလည်ခဲ့ကြယုံတင် မကသေးဘူး - သူတို့အားလုံး လူ့အဖွဲ့အစည်းနဲ့လူသားကောင်းကျိုးတွေမှာ ကောင်းစွာအသုံးဝင်မယ့် သူတွေ ဖြစ်လာလို့ပါဘဲ ” ဟု Al Khair ကျောင်း၏ ကျောင်းအုပ် Aisha Chaudhry က ပြောခဲ့ပါသည်။ ဗြိတိန်မွတ်စလင်ကောင်စီ – Muslim Council of Britain (MCB) ၏အဆိုအရ ဗြိတိန်နိုင်ငံတွင် မွတ်စလင်လူဦးရေ စုစုပေါင်း ၂.၅ သန်းနေထိုင်လျက်ရှိပြီး ၊ မွတ်စလင်ကျောင်းသားဦးရေ လေးသိန်း ရှိပါသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအလိုက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်း (၅၉၀) အနက် မွတ်စလင် Secondary School နှစ်ကျောင်း ရှိပါသည်။ ဖြည့်စွက်ချက်။ ။ ဗြိတိန်နိုင်ငံ၏ ပညာရေးစနစ်အရ GCSE စာမေးပွဲသည် အရေးအကြီးဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်ပြီး ၊ ၄င်းစာမေးပွဲ Grade အရ A-level ရရှိမှသာ University များသို့ ဆက်လက်တက်ရောက် ပညာဆည်းပူးနိုင်မည်ဖြစ်သည်။

Tuesday, February 26, 2013

နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း

နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း ကျွန်တော် ဆယ်တန်းအောင်ပြီးစ အချိန်- ၁၉၈၆ ခုနှစ်က ရခိုင်ပြည် သံတွဲမြို့နယ်ရှိ ကျီးကန်းရဲကျေးရွာလေးကို အလည် သွားတော့- တောနယ်က စာဆိုတစ်ဦးဖြစ်တဲ့ ကလောင်ရှင် မောင်ကြွေက “ဓါးကမကောင်း၊ ၀ါးမပျောင်း ၍- နှီးချောင်း ကျွတ်ဆတ်ခဲ့ရပြီ၊” ဆိုတဲ့ စာသားလေးကို သူ့အိမ်နံရံမှာ မီးသွေးခဲနဲ့ ရေးသားထားတာကို တွေ့ လိုက်မိပါတယ်။ သူကိုယ်တိုင် ဘာကို ရည်ရွယ်ပြီး ရေးသားထားမှန်း ကျွန်တော် မသိပါ။ သို့သော် ထိုစဉ်ကပင် နိုင်ငံတော်အရေး- လူထုအရေးကို တစ်စုံတစ်ရာ စိတ်ဝင်စားမိသော ကျွန်တော်က- သြော်- ငါတို့နိုင်ငံမှာ အုပ် ချုပ်သူက မကောင်း၊ ပြည်သူကမလိမ္မာ- နိုင်ငံတော်မွဲခဲ့ရလေပြီ- လို့ ဆိုလိုလေသလားလို့-၊ မှတ်ချက်ချ မိပါ တယ်။ ဒီနေရာမှာ အုပ်ချုပ်သူက မကောင်း လို့ သုံးမိတဲ့ အတွက် အုပ်ချုပ်သူ ကောင်းတယ် ဆိုတာ ဘာလဲ- လို့ ကျွန် တော်တွေးမိ သလောက် ပြန်လည် ရှင်းပြဘို့ လိုမယ် ထင်ပါတယ်။ အုပ်ချုပ်သူ တစ်ဦးအနေနဲ့- (၁) သူဟာ- လူမျိုးနွယ် ဘာသာတရား တစ်ခုခုပေါ်မှာ မျက်နှာလိုက် ဇောင်းပေးခြင်း ကင်းရပါမယ်- သူဟာ သူ့ တစ်သီး ပုဂ္ဂလအနေနဲ့ ကြိုက်တဲ့ဘာသာကို ကိုးကွယ်ယုံကြည်နိုင်ပါတယ်- ဒါပေမယ့် အဲ့ဒီဘာသာအတွက် သာ သနာပြုတစ်ဦး မဖြစ်စေရပါ။ သူ့ယုံကြည်တဲ့ ဘာသာတရားကို သူ့နှလုံးသားထဲမှာသာ သိမ်းထားရပါမယ်- အဲ့ဒီ ဘာသာတရားကို ကိုယ်စားပြုပြီး နိုင်ငံတော်ကို အုပ်ချုပ်ခြင်း၊ ပြည်နယ်၊ မြို့ရွာ ဒေသများကို အုပ်ချုပ်ခြင်း မပြု လုပ်ရပါ။ ဘာကြောင့်လဲ ဆိုတော့ သူ အုပ်ချုပ်နေတဲ့ အသိုင်းအ၀ိုင်းမှာ သူနဲ့ ဘာသာတူလူ သားတွေချည်း နေ ထိုင်နေခြင်း မဟုတ်ပါ။ သူအုပ်ချုပ်ရာ ဒေသတစ်ခုလုံး တိုးတက်ရေး ကောင်းစားရေးကိုသာ သူ အာရုံ ထားရပါ မယ်- သူ့ဘာသာ၊ သူ့လူ၊ သူ့ဘက်သား၊ သူ့ဆွေမျိုး ကောင်းစားရေးကို ပါယ်သတ်ထားရပါမယ်။ အလားတူ- လူ မျိုးနွယ်စုံ နေထိုင်ရာ နိုင်ငံတစ်ခုမှာ မိမိကိုယ်စားပြုတဲ့ လူမျိုးတစ်ခုတည်း ကောင်းစားရေးကိုသာ အာရုံထားနေ တဲ့ ခေါင်းဆောင်ဆိုတာလည်း အင်မတန်မှ အယူသည်းညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ အဲ့လို ခေါင်းဆောင်တစ်ဦးဦးရဲ့ နောက်မှာ လိုက်နေရသူများဟာ အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်လို မုန်းတီးစိတ်များ သာ တိုးပွားစေပါတယ်။ ဥပမာ- ရပ်ကွက်တစ်ခုအတွင်း ဗမာတစ်ဦးနဲ့ ကရင်တစ်ဦး ရန်ဖြစ်တယ် ဆိုပါတော့- အုပ်ချုပ်သူဟာ ဗမာ ဖြစ် နေပါစေ- သူဟာ ရန်ဖြစ်သူ နှစ်ဦးရဲ့ လူမျိုးကို မကြည့်ဘဲ- ရန်ဖြစ်သူနှစ်ဦးရဲ့ အမှုအခင်းကိုသာ ကြည့်တဲ့ လူသား မျိုး ဖြစ်ရပါမယ်။ ဗမာ အုပ်ချုပ်သူ အောက်က ဗမာများတဲ့ ရပ်ကွက်မှာ ကရင်ကို မှားမှားမှန်မှန် အမှုရှုံးစေ ဆို တာမျိုး မဖြစ်စေရပါ။ အလားတူ ဗမာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ပအို့- စသည်ဖြင့် လူမျိုးစုံ အတူနေတဲ့ တိုင်းပြည်တစ် ခုကို ဦးဆောင်နေသူ တစ်ဦးဟာ- ငါ ဟာ နိုင်ငံတစ်ခုရဲ့ ဦးဆောင်- ငါ့အသွေး ငါ့အသားဟာ တိုင်းပြည်တွင်း လူ မျိုးအားလုံးနဲ့ ဖွဲ့စည်းထားတယ်- ငါဟာ ဗမာ မဟုတ်ဘူး၊ ငါဟာ ကုလားမဟုတ်ဘူး၊ ငါဟာ ရှမ်းမဟုတ်ဘူး-၊ ငါ ဟာ လူမျိုးအားလုံးပါဝင်သူ လို့ ခံစားနိုင်ရပါမယ်။ ကုလားကို နှိမ်ရင်လည်း ငါ့ကို နှိမ်တာ၊ ဗမာကို ဖိရင်လည်း ငါ့ ကို ဖိတာ၊ ရခိုင်ကို နှိပ်ရင်လည်း ငါ့ကို နှိပ်တာလို့ ခံယူနိုင်ရပါမယ်။ ဒီလို ခံယူချက်ရှိတဲ့ ခေါင်းဆောင်များ ဦး ဆောင်ပါမှ အဲ့ဒီ ဦးဆောင်အောက်မှာ ရှိတဲ့ နိုင်ငံတော်ဟာ ညီညွတ်လာမယ်၊ တိုးတက်လာမယ်၊ အေးချမ်းလာ မယ် ဖြစ်ပါတယ်။ (၂) အုပ်ချုပ်သူ သို့မဟုတ် နိုင်ငံဦးဆောင် တစ်ဦးဟာ- ကမ္ဘာမှာ ငါ ဦးဆောင် လမ်းလျှောက်နေတဲ့ နိုင်ငံဟာ အ တိုးတက်ဆုံး ဖြစ်ရစေမယ်လို့ ခံယူချက် ရှိရပါမယ်။ ဒီခံယူချက်နဲ့ အတူ နိုင်ငံသား တစ်ဦးချင်းစီကိုလည်း တိုး တက်အောင် ကြံဆောင်ဘို့ ကြိုးစားဘို့ စိတ်ဓါတ်များဝင်လာအောင် လှုံ့ဆော်ပေးရပါမယ်။- ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် ဆိုတဲ့ စိတ်ဓါတ်လောက်က အလွန်တရာမှ ညံ့ဖျင်းပြီး ရေသာခိုတဲ့ အတုအယောင် ရည်ရွယ် ချက်မျှသာ ဖြစ်တယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ ဒီနေရာမှာ နည်းနည်း ရှင်းလိုပါတယ်- ရင်ဘောင် တန်းနိုင်အောင် ဆိုကတည်းက သူများနဲ့ တန်းတူဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်မျှသာ ရှိပါတယ်။ တန်းတူ ဖြစ်ဘို့ ကြိုးစားခြင်းဟာ- မိမိထက် တော်ပြီးသား တတ်ပြီးသား သူများအား တုပပြီး အတုခိုးမှု တစ်ခုမျှသာ ဖြစ် နေပါသေးတယ်။ ခေတ်စကားနဲ့ ပြောရရင် အတုယူ အတုခိုးခြင်းဟာ Made in China အဆင့်မျှသာ ဖြစ်ပါ တယ်။ မိမိက နံပါတ်တစ် ဘယ်တော့မှ မဖြစ်ဘဲ- သူများဆီကချည်း ခိုးချနေရတဲ့ ဘ၀ပါ။ ဒါကြောင့် အတုခိုးဘို့ ချည်း သွန်သင်လမ်းပြနေတဲ့ အဆင့် ခေါင်းဆောင်များဟာ အရည်အသွေးကောင်းတဲ့ ခေါင်းဆောင်များ မဟုတ် သေးပါ။ အခြေခံအားဖြင့် တိုးတက်ကောင်းစားစေမယ့် နိုင်ငံတစ်ခုကို ထူထောင်မယ့် ဦးဆောင်များမှာ အခြေခံအား ဖြင့် (၁) မိမိသည် နိုင်ငံတော်အတွင်း နေထိုင်သည့် လူမျိုးအားလုံးကိုယ်စား လူသား တစ်ဦး ဖြစ်သည်၊ (၂) မိမိသည် မိမိဦးဆောင်နေသည့် နိုင်ငံတော်အား ကမ္ဘာ့ထိပ်သီး ဖြစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားမည်- ဆိုတဲ့ စိတ်ဓါတ် ခံယူ ချက် ခိုင်မာနေဘို့ လိုပါတယ်။ မိမိက ဗုဒ္ဓဘာသာ ဖြစ်လို့ မိမိဦးဆောင်သည့် နိုင်ငံသည် ဗုဒ္ဓဘာသာ လွှမ်းမိုးရမည် ဆိုတဲ့ ခေါင်းဆောင်များက နိုင်ငံတော်ကို ဦးမဆောင်သင့်ပါ။ သာသနာ့ဘောင်ဝင်ပြီး သင်္ကန်းဝတ်- သက်ဆိုင်ရာ တရားကိုကျင့်- တရားပြ ပုဂ္ဂိုလ်မျိုးသာ လုပ်သင့်ပါတယ်။ မိမိက ခရစ်ယာန်ဖြစ်လို့ နိုင်ငံတော်မှာ ခရစ်ယာန်လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ် များလည်း နိုင်ငံခေါင်းဆောင် မလုပ်သင့်ပါ- ခရစ်ယာန် ဓမ္မဆရာ လုပ်ပြီး ဂိုဏ်းချုပ်ဖြစ်ရန်သာ ကြိုးစားသင့်ပါ တယ်။ အလားတူ မိမိက မွတ်စလင် ဖြစ်လို့ နိုင်ငံတော်ကို အစ္စလာမ် သာသနာ လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ လည်း နိုင်ငံတော်ကို အုပ်ချုပ်သူ ခေါင်းဆောင် မလုပ်သင့်ပါ-၊ ဗလီဆရာလုပ်ပြီး အစ္စလာမ်ဘာသာရေးမှာ အ ကြီးအကဲ ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါတယ်။ လူမျိုးရေး- ဘာသာရေး ရစ်ပတ်ထားသူ တစ်ဦးအနေနဲ့ နိုင်ငံကို ခေါင်းဆောင်လုပ်ခြင်းဟာ - နှီးချောင်း ကောင်း ကောင်း တစ်မျှင်ကို စိတ်ဖြှာစေမယ့်- ဓါးကောင်းတစ်လက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါ။ ၀ါးမပျောင်း၍ ကျွန်တော် တင်ပြတဲ့ စကားကြောင်း (ဆောင်းပါး) အရ- ၀ါး ဆိုတာ ပြည်သူကို ဆိုလိုခြင်း ဖြစ်ပါတယ်။ နှီး ကောင်း တစ်မျှင် ဖြစ်စေမယ့် တိုင်းပြည်အတွက် ပြည်သူများရဲ့ ဘ၀ဟာ ၀ါး နဲ့တူပါတယ်။ အကယ်၍ ဓါး (အုပ် ချုပ်သူ) က မကောင်းခဲ့ရင်တောင်- ၀ါးက ပျော့ပျောင်းနေခဲ့ရင် အဲ့ဒီဝါးကို ကြံဖန်ကိုက်ခွာပြီး နှီးချောင်း ပါးပါး လေးများ စိတ်ဖြာလို့ ရနိုင်ကောင်းပါတယ်။- အခုတော့ ၀ါးကလည်း ပျော့ပြောင်းမှု မရှိ- လိမ္မာပါးနပ်မှု အားနည်း လွန်းလှတယ် လို့ ကျွန်တော်မြင်မိပါတယ်။- ဒီနေရာမှာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူဆိုတာ ဘယ်လို အတန်းအစားလည်းလို့ ရှင်းပြဘို့ လိုမယ် ထင်ပါ တယ်။ (၁) ခေတ်နဲ့အညီ မိမိရဲ့ ခေါင်းဆောင်ကို အလိုက်သင့် မပြုပြင်တတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်း တဲ့ ပြည်သူများ ဖြစ်တယ်လို့ ဆိုရပါမယ်။- ဒီနေရာမှာ ဥပမာ တစ်ခု ပေးလိုတယ်--။ အင်္ဂလန် နိုင်ငံ ဆိုပါတော့ ဘုရင်စနစ်ကြီးနဲ့ အခုအချိန်ထိ တည်ရှိနေတယ်-၊ ဘုရင်စနစ်ဆိုတာ နိုင်ငံတော် အာဏာကို မျိုးစဉ်မျိုးဆက် စံ စားအုပ်ချုပ်နေတဲ့ စနစ်-၊ တနည်းအားဖြင့် အလွန်ကြီးမားတဲ့ အာဏာရှင်စနစ်၊ အာဏာကို စွဲမက်သူများ ဖက် တွယ်ထားတဲ့ စနစ်လို့ ဆိုနိုင်တယ်။-- အာဏာမက်လွန်းသူက အာဏာရထားတယ်- ဆိုတဲ့ အချိန်မှာ ပြည်သူက အာဏာရှင်ကို ဖြုတ်ချဘို့ မလွယ်ကူဘူး-၊ ဒီအချိန်မှာ အင်္ဂလန်ပြည်သူတွေက လိမ္မာပါးနပ်စွာနဲ့-- အရှင်မင်းများ ပဲ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ပါ-- သို့သော် တိုင်းပြည်ကို ဒီနည်းဒီဟန်လေးနဲ့ အုပ်ချုပ်ပေး ရင် ပိုမိုကောင်း မွန်ပါမယ်- ဆိုတဲ့ တိုင်းပြည်အုပ်ချုပ်မယ့် စည်းမျဉ်းကို ရေးသားတင်ပြလိုက်ကြတယ်။ ဒီတော့ ဘုရင်ဘက်က သူအနေနဲ့ အာဏာက တည်ရှိနေမယ် (ဆင်းပေးစရာ မလိုဘူး)၊ တိုင်းပြည်လည်း တိုးတက် လာနိုင်တယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး အတည်ပြုပေးလိုက်တယ်-- (ဒီ ကြားထဲမှာ အပေးအယူ ဆွေးနွေးမှုတွေ ဖြစ်စဉ် အများ ကြီး ရှိခဲ့ပါတယ်)၊- ဒါကြောင့် ကမ္ဘာ့ထိပ်သီး နိုင်ငံ တစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံဟာ အခု အချိန်ထိ ဖွဲ့စည်းပုံ ဥပဒေ မရှိဘဲ-၊ အဲ့ဒီ တင်ပြစာတမ်းစည်းကမ်းနဲ့ပဲ ရပ်တည်နေဆဲပါ။ (နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ နည်းနဲ့ တိုင်းပြည်ကို တိုးတက်အောင် ကြံဆောင်နည်းလို့ ပြောရပါမယ်။)- ဒါကြောင့် မလွန်ဆန်နိုင်တဲ့ အာဏာရှင်အား ဖြေးဖြေးချင်း ကျုံးသွင်းသွားတဲ့နည်းကို မကျင့်သုံးတတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ ဆိုသင့် ပါတယ်။ (၂) မြှောက်ပင့်ပေးမှု ၀ါဒ ကို အကျင့်ပါနေတဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ သုံး သပ်ရပါမယ်။ ဒီဝါဒကို အချို့က သူရဲကောင်း ကိုးကွယ်မှု ၀ါဒလို့ ပြောဆိုပြီး အချို့က သာယာဖင်းဝါဒလို့ ပြောဆို ပါတယ်။ ဒီဝါဒမျိုးက တော်လှန်ရေး ခရီးစဉ်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခေါင်းဆောင်တစ်ဦးကို ချည်းကပ်ရင် ချည်းကပ်သူက ငါဘာများ ရမလဲ ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ရောပြွန်းတဲ့ ၀ါဒ ဖြစ်ပါတယ်။ တစ်ကယ်တမ်း အ နစ်နာခံရတော့မယ့် အချိန်မှာ ခေါင်းဆောင်ကို ထွက်ပြေးတဲ့ ၀ါဒသာ ဖြစ်ပါတယ်။ ဥပမာ- ယေရှုခရစ်တော် ကို သူ့အနီးအနား လူတွေက (တပည့်တွေ) အရှင်က “ဘုရားသားတော်ပဲ--၊ ဘာ ညာ”- သူတို့ကိုယ်တိုင် နှလုံး လှိုက်လှဲ ယုံကြည်သယောင် သိဒ္ဓိတင်ပြောဆိုပြီး တစ်ကယ်တမ်း ယေရှုကိုလည်း ဖမ်းရော-- “ထိုအခါ တပည့် တော်အပေါင်းတို့သည် ကိုယ်တော့ကို ထား၍ ထွက်ပြေးကြကုန်သတည်း၊” (ရှင်မာကုကျမ်း ၁၄း၅၀) လို မျိုး ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဖြစ်စဉ်က ၁၉၉၀ မှာ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပါ တီအောက်က ၀င်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ်များပါ။- သူတို့များ အုပ်ချုပ်ရလေမလားလို့ အမတ် အဖြစ် တန်းစီနေလိုက်တာ--၊ ၁၉၉၅ လောက်မှာ စစ်အစိုးရကို ကြောက်ပြီး- အမတ်အဖြစ်က နှတ်ထွက်ကြောင်း- အ မတ်ပေါင်း သုံးရာကျော်လုံးရဲ့ နာမည်တွေနဲ့ လက်မှတ်တွေ သတင်းစာ စာမျက်နှာ အပြည့်ပါပဲ။ ဒီလို စိတ်မမှန် တဲ့ အုပ်စုခေါင်းဆောင်များကို ခေါင်းဆောင်အဖြစ် အားပေးတင်မြှောက်တဲ့ ပြည်သူတွေဟာလည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းကျတော့ အဲ့ဒီ အမတ်တွေနဲ့ ပြည်သူက ခေါင်းဆောင် ဘက်က အသေခံရပ်တည်ရမှာပါ။ ဒါမှ မိမိက အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ် သစ္စာရှိရာ ရောက်တယ်၊ အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ်ယုံကြည်ရာ ရောက်ပါတယ်။ မိမိက “သာ“ မလားလို့ အနားကို ၀င်ကပ်ပြီး ခေါင်း ဆောင်ကို ပုဂ္ဂိုလ်ရေး အမွှမ်းတင် နေခြင်း ဟာ ခေါင်းဆောင်အပေါ်မှာ မြှောက်ပင့်ခြင်းသာ ဖြစ်ပြီး- မိမိရင်ထဲမှာ သာယာဖင်း စိတ် အပြည့်ထားခြင်းသာ ဖြစ်ပါတယ်။- (၃) တစ်ဘက်စောင်းနင်း ၀ါဒ တစ်ဘက်စောင်းနင်း ၀ါဒ ရှိတဲ့ ပြည်သူများဟာလည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ ပြောရပါမယ်- တစ်ဘက်စောင်းနင်း- ဆိုတာ၊ အကောင်း အဆိုးကို မျှမျှတတ နားလည်မပေးနိုင်ဘဲ-- ကောင်းတယ် ထင်ရင် အဲ့ဒီ ကောင်းတယ် ထင်တဲ့အချက်နဲ့ အခိုက်အတန့်မှာ အလွန်အကျူး ကောင်းကြောင်းဖွဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ် ပြီး- အဲ့ဒီ လူသားကို ခေါင်းဆောင်တင်- ကယ်တင်ရှင် အဖြစ် သတ်မှတ်ပစ်ပြီး-၊ မကောင်းဘူးထင်မှတ်တဲ့ အခါ များမှာ- ရှေ့က ကောင်းခဲ့တာများကိုပါ ချက်ချင်းမေ့ပစ်ပြီး- ဘီလူး သရဲ မကောင်းဆိုးဝါးလို သတ်မှတ်ပစ်တဲ့ အ ကျင့်မျိုး- တနည်းအားဖြင့် ကျေးဇူးမဲ့တတ်တဲ့ အကျင့်လို့ ဆိုနိုင်ပါတယ်။ ဒီလို လူထု အများ ရှိတဲ့ တိုင်းပြည် မျိုး ဟာလည်း တိုးတက်သင့်သလောက် မတိုးတက်နိုင်ပါ။ ဥပမာ-- မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဦးနေ၀င်းကို ကြည့်ပါ။ သူတက်လာစဉ်ကာလက သူ့ကို တိုင်းပြည်ရဲ့ ကယ် တင်ရှင်ကြီးအလား လူအများစုကြီးက သတ်မှတ်ခဲ့ကြတယ်။ ကောင်းကြီးသြဘာတွေ ပေးခဲ့ကြတယ်-၊ တိုင်း ပြည်အာဏာကို ထင်တိုင်း သုံးစွဲခွင့်များရအောင် ၀ိုင်းရံပေးခဲ့ကြတယ်။ (တိုင်းပြည်တိုးတက်မယ့် အကြံပေးသူ များကို အဖျက်ကောင်များလို့ ဘေးဖယ်နိုင်မယ့် အခွင့်အလမ်းတွေ ပေးခဲ့ကြတယ်)။ ထိုင်းနိုင်ငံက ဆင်ဖြူရှင်ဆု၊ ဖီလစ်ပိုင်က ဟိုဆေးရီဇာဆု၊ အမေရိကန်က စစ်သူရဲကောင်းဆု အပါအ၀င် ပြည်တွင်းပြည်ပ ဆုကြီး ၆ ဆု တောင် ချီးမြှင့်ခံခဲ့ရသေးတယ်။ သူ့ခေတ်က သူဟာ ကမ္ဘာမှာ ဆုအများဆုံး လူသားတစ်ဦးလို ဖြစ်ခဲ့တယ်။ သူ့ကို အားကျလို့ ကမ္ဘာမှာ သူ့နာမည်ကို အထူးပြုပြီး သားသမီးများကို နာမည်ပေးခဲ့တာတောင် ရှိတယ်။ မကြာ သေး မှီ ထိုင်းဝန်ကြီးချုပ်ထာ့က်ဆင် လက်ထက်မှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာတဲ့ ထိုင်းနိုင်ငံရေးသမားကြီး တစ်ဦး ဆိုရင် ချာ့ဒ်ချိုင်း နေ၀င်း လို့ ဖြစ်တယ်- အဲ့ဒီ ၀န်ကြီးရဲ့ ဖခင်က ၀န်ကြီးဖြစ်လာမယ့် ကလေးကို နေ၀င်း လို အောင်မြင်စေရမယ် ဆိုပြီး နာမည်ပေးခဲ့တာ ဆိုပဲ။ (ဒီဝန်ကြီးဟာ အခုထိ ထိုင်းနိုင်ငံရေးလောကမှာ နာမည် ရှိ နေဆဲပါ။) ဒီလိုနဲ့ သူ့ခေတ်ကုန်လာ တော့ သူ့ကိုပဲ ဘီလူး သရဲ မောင်းတ်သလို မောင်းထုတ်ကြပြန်တယ်။ ၈၈ အရေးအ ခင်းကာလ ဦးနေ၀င်းနဲ့ သူ့ကို ဆက်ခံသူများက တိုင်းပြည်အုပ်ချုပ်ခွင့်- အပေးအယူ ညှိတာကိုတောင် ပြည်သူ ဘက်က လက်မခံတော့ဘဲ ဦးနေ၀င်းတို့ကို မဟာရန်သူကြီးများလို သတ်မှတ်ခဲ့ပြန်တယ်။ အဲ့ဒီမှာ သူ့အုပ်စု- ငါ့ အုပ်စု ကွဲပြီး တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ ကျော် ဆန့်ငင်ဆန့်ငင် ဖြစ်ခဲ့ရတယ်။ မကောင်းတာ ရှိသလို ကောင်းတာတွေလည်း တည်ဆောက်ခဲ့တယ်- ဆိုတဲ့ ထောက်ထားမှုများနဲ့ အပြန်အလှန် တည်ဆောက်နိုင်ခဲ့ရင် တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ လောက် နောက်ကျခဲ့မှာ မဟုတ်ပါ။ အာဆီယံနိုင်ငံ ထဲက အင်ဒိုနီးရှားကို ကြည့်ပါ--၊ စစ်တပ်က အာဏာသိမ်းတက်လာတဲ့ သမ္မတကြီး ဆူဟာတိုနဲ့ ပြည်သူကြားမှာ အ ပေး အယူလုပ်ပြီး တိုင်းပြည်ကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်မပုပ်တော့ဘဲ တိုင်းပြည်ကို ပြန် လည်တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်ရင် အခုထိ သေချာသေးတဲ့ နိုင်ငံ မဟုတ်ဘူးလို့ သုံးသပ်ရမယ်။ အခွင့်မသာရင် အလွန်အမင်း ကြောက်တတ်ပြီး ဘာလုပ်လုပ် ငုံ့ခံတတ်တယ်၊ အခွင့်သာရင် လုံးဝ မျက်နှာမထောက်တော့ဘဲ အပြတ်နှိပ်ကွပ်တတ်တဲ့ အကျင့်တွေ ရှိနေတော့-၊ ပေးရမယ့်သူဘက်ကလည်း အသေခံပြီး လိုက်လျှောလိမ့်မယ် လို့ တွက်ထားလို့ မရနိုင်ပါ။ ဒီလိုအဖြစ်ဆိုးမျိုးကို ကျော်ဖြတ်ဘို့ တိုင်းသူပြည်သားတွေမှာ တစ်ဦးနဲ့တစ်ဦး ထွက် သာဝင်သာ ရှိတဲ့ နည်းလည်ပေးတတ်မှု အလေ့အကျင့်မျိုးကို တည်ဆောက်ဘို့ လိုပါလိမ့်မယ်။ ဒါမှ မဟုတ်ရင် ရန်လိုမှု၊ ရန်ပိုမှု၊ ရန်ငြိုးထားမှု၊ မယုံကြည်မှုများကြားမှာသာ နစ်မွန်းနေရပြီး- ကိုယ့်အသက် ကိုယ်လုရင်း စီးပွားလုပ်ချိန်မရ၊ တိုးတက်ရာတိုးတက်ကြောင်း စဉ်းစားချိန်မရဘဲ- တိုင်းပြည်တစ်ခုဟာ ဆက် လက်မွဲတေနေဦးမှာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြောသလောက် မလွယ်ပေမယ့်- ပြုပြင်နည်းမှန်ရင် ထင်သလောက်လည်း မခက် ပါ။ နိုင်ငံတစ်ခုကို တိုးတက်စေဘို့ (၁) နိုင်ငံရေး ဦးဆောင်များ (၂) ဘာသာရေး ဦးဆောင်များ (၃) ပြည်သူလူထု ကိုယ်တိုင်က တစ်ပြိုင်နက်တည်း ပြုပြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့အမြင်ကတော့ အထူးသဖြင့် လူထုသာ ပါးနပ်လိမ္မာလာမယ် ဆိုရင်- တိုင်းပြည်တစ်ခုလုံးဟာ လူထုလက်ထဲမှာသာ ရှိပါတယ်။ နိုင်ငံရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေးဘွားကြီးပြင်းလာသူ၊ ဘာသာရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေး ဘွားကြီးပြင်းလာသူသာ ဖြစ်လို့ တစ်ကယ်တမ်းသာ လူထုကြီးက တရားမျှတမှု၊ နားလည်ပေးတတ်မှု၊ အပြန် အလှန်တည်ဆောက်တတ်မှုများ ကျင့်သားရလာရင် အဲ့ဒီ ကျင့်သားရပြီး လူထုထဲက မွေးဘွားလာတဲ့ လူ (ခေါင်း ဆောင်များ) ဟာလည်း မွေးရာပါ အလေ့အကျင့်ပေါ်မှာ ဆက်လက် လျှောက်လှမ်းဘို့ ၀န်လေးတော့မှာ မဟုတ် ပါ။------ တစ်ကယ်လို့ ဓါးမကောင်းခဲ့ရင်လည်း ၀ါးက ပျောင်းအိနေရင်- နှီးချောင်း အခြေအနေ မဆိုးနိုင်ပါ။ တိုင်းပြည်တစ်ခု ကောင်းစားစေဘို့-၊

တိုင်းပြည် တစ်ခု ကောင်းစားစေဘို့

တိုင်းပြည် တစ်ခု ကောင်းစားစေဘို့ တိုင်းပြည်တစ်ခု ကောင်းစားစေဘို့ရာ- တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်။ တိုင်းသူပြည်သားများ အနေနဲ့ မိမိက ဦးဆောင် ဦးရွက် အဖြစ် သတ်မှတ်မယ့်သူကို ခေတ်ကာလအလိုက် သတ်မှတ်တတ်ဘို့ လိုအပ်ပါတယ်။ တိုင်းပြည် တစ်ခုဆိုတာ လူတစ်မျိုး တည်း၊ ဘာသာတစ်ခုတည်း၊ သက်ဆိုင်ရာ ဂိုဏ်းတစ်ခုတည်း၊ အယူအဆတူ သူချည်း နေထိုင်ရာ ဒေသမဟုတ်ပါ။ လူမျိုးနွယ်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ ဗဟုသုတ ပေါင်းစုံ စုဖွဲ့တည်ဆောက်တဲ့ ဒေသရပ်ဝန်းတစ်ခု မှာ- အတူနေထိုင်ရတဲ့ လူတွေဟာ အချင်းချင်း ညီညွတ်မှု ရှိဘို့လိုပါတယ်။ နားလည်ပေးမှု ရှိဘို့ လိုပါတယ်။ သဘောထား မတူညီ ဘူး ဆိုတဲ့ အချက်မှာ မမုန်းမိဘို့လိုပါတယ်။ ဒီအတွက် လူသားတွေရဲ့ အသိပညာဆိုင်ရာ ဖွံ့ဖြိုးမှုများကို အရင်အဦး ပြင်ဆင်ရပါမယ်။ လူမျိုးပေါင်းစုံက သားသမီးများ ပညာသင် ကြားနေတဲ့ စာသင်ကျောင်းများမှာ ဘာသာတစ်ခုခုကို ဇောင်းပေး ပြုမူသင်ကြားတာ မျိုး၊ မျိုးနွယ်စုဆိုင်ရာ အမုန်းပွားစေမယ့် သမိုင်းများကို ထည့်သွင်းသင်ကြားတာမျိုးများကို ပါယ်ဖျက်ပစ်ရပါမယ်။ ဘာသာဆိုင်ရာ အယူအဆများကို အငြင်းပွားနေခြင်းမျိုး ကို သေးသိန်စေအောင် ပြုလုပ်ပစ်ရပါမယ်။ ငါသာ မှန်ရမယ်လို့ ပြောဆိုတတ်သူများကို အထင်သေးစရာ လူသားအဖြစ် မြင်မှတ် လာအောင် ပြုလုပ်ပစ်ရပါမယ်။ ဒီလိုမျိုး ဆယ်နှစ်လောက် လေ့ကျင့်လိုက်ရင် “ငါတွေးတာလည်း ဖြစ်နိုင်တယ် (မှန်ရမယ်လို့ မဆို လို) သူ့ဘက် က သူ့အမြင်နဲ့တွေးတောတာလည်း ဖြစ်နိုင်တယ်-၊ ဒီလို အယူအဆ နှစ်ခုမှာ၊ ဘယ်အရာက ငါတို့ပတ်ဝန်းကျင် လူထုအတွက် အကျိုးဖြစ်ထွန်းစေမလဲ၊ ဖြစ်ထွန်းလာမယ့် အကျိုးတရားက ရေတိုလား- နှစ်ရှည်လများလား၊” စသည်ဖြင့် စတင် စဉ်းစားတဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။ စာသင်ကျောင်းရဲ့ အပြင်ဘက်လောကမှာလည်း လူသားတွေကို စိတ်ဓါတ်ပိုင်း ဆိုင်ရာ သွန်သင်ပေးနေတဲ့ ဘာသာရေး လူတန်း စားလောကကို ပြန်လည်ပြုပြင်ရပါမယ်။ ငါက အရိုအသေပေး တလေးတစား ဆည်းကပ်နေတဲ့ ဘာသာရေးဝန်ဆောင် ပုဂ္ဂိုလ်ဟာ “ဆဲဆို ကြိမ်းမောင်း တတ်သူလား၊ သူတစ်ပါးဘာသာ၊ သူတစ်ပါး အကြောင်း၊ သူတစ်ပါး ဂိုဏ်းတွေကို မလိုမုန်းထား အတင်းပြော တတ်သူလား၊ ကမ္ဘာ့ဗဟုသုတမရှိ ကြားဘူးနားဝများကို လျှောက်ပြောပြီး မျက်လုံးစုံမှိတ် အယူသည်းနေသူလား၊ သူကရော တပည့်တကာများရဲ့ လူမှုရေး၊ ကျမ္မာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် ဘယ်လို ကူညီပေးသလဲ၊ နှတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ၊ သြဇာအားဖြင့် ဖြစ်စေ ဘယ်လို ဆောင် ရွက်ပေးသလဲ၊” ဆိုတာများကို လူတစ်ဦးချင်းစီက စဉ်းစားဆင်ခြင်ရပါမယ်။ လေးစား ယုံကြည်ထိုက်သူ ကို လေးစားယုံကြည်ခြင်းဟာ မင်္ဂလာ ဖြစ်သလို၊ မလေးစားထိုက်သူကို မလေးစားဘဲလျှက် ပစ်ပါယ်စွန့်ခွာခြင်း ဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ တစ်ကယ့်လက်တွေ့ လူမှု အကျိုးပြုတွေကို မပြုလုပ်ဘဲ- ဘုရားစာ တစ်ပိုဒ်ရွတ်ပြယုံ၊ ဘာသာရေးကိုယ်စားပြု ၀တ်ရုံ ခြုံပြယုံနဲ့ ဆည်းကပ်ရိုကျိုးစရာမလိုဘူး၊ ဒီပုဂ္ဂိုလ်ဟာ ဘာသာရေး အရောင်ပြ လုပ်စားနေသူ လို့- ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရပါမယ်။ ဒါမှ ဘာသာရေးလောကဟာလည်း သန့်ရှင်းလာမယ်- သန့်ရှင်းမှုများက လူထုကို အရောင်ဟပ်လာမယ်။ ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ မုန်းတီးမှုတွေ ကင်းရှင်းလာမယ်။ လူထုအနေနဲ့ မိမိရဲ့ ရပ်ကွက်ဒေသ အတွက် ဦးဆောင် ဦးရွက်ပြုမယ့် လူကို ရွေးချယ်တဲ့အခါမှာ ဘယ်လူမျိုး ကြောင့် ဘယ် ပါတီကြောင့် ဘယ်ဘာသာကြောင့် ဆိုတဲ့ အကြောင်းပြချက်များနဲ့ အမုန်းစိတ်၊ မလိုစိတ်များကို မထားသင့်ဘူး။ ဘယ်သူဖြစ်ဖြစ်- အဲ့ဒီ လူဟာ ငါတို့ ရပ်ကွက်၊ ငါတို့ ဒေသ၊ ငါတို့ မြို့ရွာကို ဘယ်လို အကျိုးပြုနိုင် မလဲ၊ သူသာ လူကြီးဖြစ်ရင် ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ။ အလုပ်လက်မဲ့ လူဦးရေ ဘယ်လောက် အတွက် အလုပ်များဘယ်လို ဖန်တီးပေးနိုင်မလဲ၊ ပညာရေးဝန်ဆောင်မှုများ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ၊ ကျမ္မာရေး ၀န်ဆောင်မှုများ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ၊ လူထုကြား မသင့်မြတ်မှုများကို ဘယ်လို ဖြေဖျောက်ပေးနိုင် မလဲ-၊ ဆိုတဲ့ စံချိန်မျိုးနဲ့ တိုင်းတာပြီး- ခေါင်းဆောင်ရွေးချယ်ရပါမယ်။ ပါတီတစ်ခုခုကို အမုန်းထား နောက်ပါတီ တစ်ခုခုကို အထင်ကြီးပြီး အဲ့ဒီ ပါတီက ကိုယ်စားပြုလိုက်တာနဲ့ ရွေးချယ်လိုက်တာမျိုး၊ ဘာသာတစ်ခုခုကို အထင်သေးပြီး လူများစုကိုးကွယ်ရာ ဘာသာဝင်ထဲက ကိုယ်စားပြုသူကို ရွေးချယ်လိုက်တာမျိုး- ကို အထူး ရှောင်ရမှာ ဖြစ်သလို၊ တစ်တိုင်းပြည်လုံး ကိုယ်စားပြု တည်ဆောက်မယ့် လွှတ်တော်ထဲမှာလည်း ပါတီတစ်ခု တည်းက အကြီးအကျယ် လွှမ်းမိုးသွားစေတာမျိုး မဖြစ်အောင် ပြည်သူဘက်က အကင်းပါးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစိုးရဖွဲ့နိုင်တဲ့ အင်အားစုနဲ့ အတိုက်အခံဘက်မှာ ရှိသူဟာ အင်အား မတိမ်းမယိမ်း ရှိနေစေဘို့ လိုအပ်ပါတယ်။ ဒါမှ အစိုးရက သူတို့ ဆုံးဖြတ် လိုရာကို ဘက်ဆွဲ ဆုံးဖြတ်လို့ မရဘဲ မျှမျှတတ စဉ်းစားပေးနိုင်ပါ တယ်။ လူတစ်ဦးတည်းက ငါ့ အယူအဆ မှန်ရမယ်၊ ငါ ဆုံးဖြတ်တာကို သဘောတူပေးရမယ်- ဆိုတဲ့ လူတစ်ဦးဟာ ဒသနပညာရှင် တစ်ဦး အဖြစ် ရပ်တည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူဆိုင်ရာ လုပ်ဆောင်မှုများမှာ ၀င်ရောက်စွက်ဖက်လိုစိတ်ကို ဘေးဖယ် ထားရပါမယ်။ အများအကျိုးကို ဆောင်ရွက်ချင်သူဟာ ငါ့တင်ပြချက်ကို လက်မခံရင်လည်း အများသဘောတူ ဆုံးဖြတ်ချက် ကို ပြည့်ပြည့်၀၀ သဘောတူပေးနိုင်တဲ့ အရည်အချင်းများ လိုအပ်ပါတယ်။ ဒီလို စိတ်နေစိတ်ထားမျိုးတွေ လေ့ကျင့်ယူနေတဲ့ တိုင်းပြည်တစ်ခုအနေဟာ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါ အဆင် ပြေနိုင်မယ်။ ကမ္ဘာ့တိုးတက်ပြောင်းလဲမှုနဲ့ သဟဇာတတည့်မယ်၊ ကမ္ဘာနဲ့ မျက်ခြေပြတ်မှုများ လျှော့လာမယ်၊ ဒီလိုတိုင်းပြည်မျိုးက- ဘယ်လိုမှ အောက်ကျနောက်ကျ ဖြစ်စရာ အကြောင်းမရှိတော့ပါ။

Monday, February 25, 2013

အစ္စလာမ့်အတွက်စာမျက်နှာ

ဒီကဏ္ဍသစ်လေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောချင်တာတွေကို ဒီကဏ္ဍလေးသစ်လေးနဲ့ မိတ်ဆက်ပေးတဲ့ Post မှာ ပြည့်ပြည့်စုံစုံ ရေးသားခဲ့ပြီးပါပြီ။ ပြန်လည် လေ့လာချင်ရင်တော့ အောက်ပါ link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=361466707300050&set=a.325657180881003.76052.325587257554662&type=1&relevant_count=1 ကဲ . . . အခုတော့ တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ပုံပြင်သဖွယ် ရေးသားထားတဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိလေးကို စတင်လိုက်ကြရအောင် . . . (က) ထူးဆန်းတဲ့ အိပ်မက် တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ငယ်စဉ်အရွယ် ကလေးဘဝမှာပေါ့။ ယူစွဖ်လေးမှာ ညီအစ်ကို (၁၁)ယောက် ရှိသတဲ့။ ယူစွတ်ဖ်လေးဟာ အရမ်းကို ချောမောလှပပြီး ဥာဏ်ထက်မြတ်တဲ့ ကလေးတယောက်ပေါ့။ ယူစွဖ်လေးရဲ့ ဖခင် တမန်တော်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်) ကလည်း သားသမီးတွေထဲမှာ သူ့ကို အချစ်ဆုံးလေ။ တစ်ညမှာ ယူစွဖ်လေးဟာ ထူးဆန်တဲ့အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ သူ့ကို ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က စဂ်ျဒဟ်(ဦးချ)ကြတယ်တဲ့။ ယူစွဖ်လေးကအရမ်းကိုအံ့သြသွားတယ်။ အိပ်မက်က ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်နိုင်ဘူး။ ဘာလို့ ကြယ်တွေ၊လတွေကလူတစ်ယောက်ကို စဂ်ျဒဟ်ဦးချကြတာလဲ။ စဉ်းစားရကျပ်ပြီး အဖြေရှာ မရတဲ့အဆုံး သူ့အဖေကို ဒီထူးဆန်တဲ့ အိပ်မက်ကို ပြောပြလိုက်တယ်။ “အဖေ . . ညကလေ အိပ်မက်ထဲမှ ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က သားကို ဦးချတယ်လို့ သားအိပ်မက် မက်တယ်”။ ယူစွဖ်လေးရဲ့ဖခင် ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)ဟာ နဗီတမန်တော်ဖြစ်တယ်။ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)က ဒီအိပ်မက်ကိုနားထောင်ပြီး အရမ်းကို ပျော်သွားတယ်။ ပြီးတော့ ယူစွတ်ဖ်လေးကိ်ု ပြောတယ်။ “သားရဲ့အပေါ်ကို အလ္လာဟ်အရှင်မြတ်ထံကနေ ကောင်းချီး အဖြာဖြာ ကျရောက်ပါစေ။ သားအတွက် မကြာခင်မှာ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိတယ်။ သားမြင်ခဲ့တဲ့ အိပ်မက်ရဲ့ အလိုသဘောက သားကို အလ္လာဟ်အရှင်မြတ်က အသိပညာနဲ့ နဗူဝသ် (နဗီအဖြစ်)ချီးမြှင့်မယ်ဆိုတဲ့ နမိတ်လက္ခဏာပဲ ဖြစ်တယ်။သားလိုပဲ အလ္လာဟ်အရှင်မြတ်က သားရဲ့အဖိုး အစ္စမာအီလ် (အလိုင်းဟိစ္စလာမ်)နဲ့ အိဗ်ရာဟိမ် (အလိုင်းဟိစ္စလာမ်) အပေါ်မှာလည်း အဲဒီလို ချီးမြှင့်ခဲ့တယ်။” တမန်တော်ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ အသက်အရွယ်ကြီးပြီး အမြော်အမြင်ရှိတဲ့ လူတယောက် ဖြစ်တယ်။ လူတွေရဲ့ သဘောသဘာဝကိုလည်း နားလည်တယ်။ ရှိုက်သွာန်က လူတွေကို ဘယ်လို သွေးဆောင်း ဖြားယောင်းတယ်။ ဘယ်လိုလမ်းမှားအောင်လုပ်တယ် ဆိုတာကိုလည်းသိတော့ ယူစွဖ်လေးကို သတိပေးတယ် ။”အို .. ချစ်သားလေး .. ဒီအိမ်မက်ကို သားရဲ့ ညီအစ်ကိုတွေကိုမပြောပြလေနဲ့။ သူတို့တွေဟာ သားအပေါ်မနာလို မုန်းတီးမှုတွေ ဖြစ်လာကြလိမ့်မယ်။” (ခ) ညီအစ်ကိုများရဲ့မနာလိုမူ ယူစွဖ်(အလိုင်းဟိစ္စလာမ်)မှာ ညီတစ်ယောက်ရှိသေးတယ်။ သူ့နာမည်က ... ဗင်(န်)ရာမီးန်လို့ခေါ်တယ်။ ဖခင်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)က သူ့တို့နစ်ယောက်ကို တစ်ခြားညီအစ်ကိုတွေထက် ပိုချစ်သတဲ့။အဲဒါကို တခြားညီအစ်ကိုတွေက လုံးဝ မနာလိုကြဘူး။ ညီအစ်ကိုတွေက ပြောကြတယ်။ “အဖေက ဘာဖြစ်လို့ သူ့တို့နှစ်ယောက်ကိုပိုချစ်ရတာလဲ။ တကယ်ဆို သူ့တို့နှစ်ယောက်က အားနည်းတဲ့ ကလေးလေးတွေပဲ။ ငါတို့က သန်မာထွားကြိုင်းတဲ့လူငယ်တွေ။ တကယ်ဆို အဖေက ငါတို့ကို ပိုချစ်သင့်တာပေါ့။” ယူစွဖ်လေးဟာ အသက်ငယ်သေးတာမို့ အဖေက သူ့အစ်ကိုတွေကို မပြောဖို့ တားမြစ်ခဲ့တဲ့ အိမ်မက်အကြောင်းကို ပြောပြမိသွားတယ်။ ယူစွဖ်လေးရဲ့ အစ်ကိုတွေဟာ ဒီအိပ်မက်အကြောင်း သိသွားကြတဲ့နောက် အရမ်းပဲဒေါသထွက် ကြတယ်။ ယူစွဖ်လေးကို ပိုပြီးမနာလိုလာကြတယ်။ မနာလိုမှုတွေကြောင့် ညီအစ်ကိုတွေဟာ စုဝေးပြီး ယူစွဖ်လေးကို သတ်ဖို့ထိ တိုင်ပင်လာကြတယ်။ သူတို့ထဲကတစ်ယောက်က ပြောတယ်။ “သူ့ကိုသတ်ပြီး ဝေးလံတဲ့နေရာမှာ သွားပစ်လိုက်မယ်။ သူမရှိတော့မှ အဖေက ငါတို့ကို ပိုချစ်လာမှာ”။ နောက်တစ်ယောက်ကတော့ “သူ့ကိုလမ်းမှာရှိတဲ့ ရေတွင်း တစ်တွင်းတွင်းမှာ ပစ်ချလိုက်မယ်။ ခရီးသွားတွေက သူ့ကို ကောက်ယူသွားကြလိမ့်မယ်”။အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အကြံတွေ အမျိုးမျိုးပေးကြရင်း ညီအစ်ကိုတွေအားလုံးဟာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခုချလိုက်ကြတယ် . . . ။ ကဲ…… ချစ်ပရိတ်သတ်ကြီးရေ…… တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ အစ်ကိုတွေက ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ။ ဘာတွေ လုပ်ခဲ့ကြသလဲ ဆိုတာကို အပိုင်း(၂)မှာ ဆက်လက် အားပေး ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း …. ချစ်ပရိတ်သတ်ကြီး . . . ကိုယ်တိုင်လည်း အကျိုးခံစားပြီး၊ ကိုယ့်ရဲ့ သားသားမီးမီး၊ တူ၊ တူမများကို ပုံပြင်များအဖြစ် ပြန်လည်ပြောပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးကို စစ်မှန်တဲ့ အစ္စလာမ့် စာရိတ္တများနဲ့ သာသနာ့ အသိပညာများ ချီးမြှင့်ပေးသနားတော်မူပါစေ။ သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။ တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . . “ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ” ( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ ) ဒီကဏ္ဍသစ်လေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောချင်တာတွေကို ဒီကဏ္ဍလေးသစ်လေးနဲ့ မိတ်ဆက်ပေးတဲ့ Post မှာ ပြည့်ပြည့်စုံစုံ ရေးသားခဲ့ပြီးပါပြီ။ ပြန်လည် လေ့လာချင်ရင်တော့ အောက်ပါ link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ https://www.facebook.com/photo.php?fbid=361466707300050&set=a.325657180881003.76052.325587257554662&type=1&relevant_count=1 ကဲ . . . အခုတော့ တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ပုံပြင်သဖွယ် ရေးသားထားတဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိလေးကို စတင်လိုက်ကြရအောင် . . . (က) ထူးဆန်းတဲ့ အိပ်မက် တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ငယ်စဉ်အရွယ် ကလေးဘဝမှာပေါ့။ ယူစွဖ်လေးမှာ ညီအစ်ကို (၁၁)ယောက် ရှိသတဲ့။ ယူစွတ်ဖ်လေးဟာ အရမ်းကို ချောမောလှပပြီး ဥာဏ်ထက်မြတ်တဲ့ ကလေးတယောက်ပေါ့။ ယူစွဖ်လေးရဲ့ ဖခင် တမန်တော်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်) ကလည်း သားသမီးတွေထဲမှာ သူ့ကို အချစ်ဆုံးလေ။ တစ်ညမှာ ယူစွဖ်လေးဟာ ထူးဆန်တဲ့အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ သူ့ကို ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က စဂ်ျဒဟ်(ဦးချ)ကြတယ်တဲ့။ ယူစွဖ်လေးကအရမ်းကိုအံ့သြသွားတယ်။ အိပ်မက်က ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်နိုင်ဘူး။ ဘာလို့ ကြယ်တွေ၊လတွေကလူတစ်ယောက်ကို စဂ်ျဒဟ်ဦးချကြတာလဲ။ စဉ်းစားရကျပ်ပြီး အဖြေရှာ မရတဲ့အဆုံး သူ့အဖေကို ဒီထူးဆန်တဲ့ အိပ်မက်ကို ပြောပြလိုက်တယ်။ “အဖေ . . ညကလေ အိပ်မက်ထဲမှ ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က သားကို ဦးချတယ်လို့ သားအိပ်မက် မက်တယ်”။ ယူစွဖ်လေးရဲ့ဖခင် ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)ဟာ နဗီတမန်တော်ဖြစ်တယ်။ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)က ဒီအိပ်မက်ကိုနားထောင်ပြီး အရမ်းကို ပျော်သွားတယ်။ ပြီးတော့ ယူစွတ်ဖ်လေးကိ်ု ပြောတယ်။ “သားရဲ့အပေါ်ကို အလ္လာဟ်အရှင်မြတ်ထံကနေ ကောင်းချီး အဖြာဖြာ ကျရောက်ပါစေ။ သားအတွက် မကြာခင်မှာ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိတယ်။ သားမြင်ခဲ့တဲ့ အိပ်မက်ရဲ့ အလိုသဘောက သားကို အလ္လာဟ်အရှင်မြတ်က အသိပညာနဲ့ နဗူဝသ် (နဗီအဖြစ်)ချီးမြှင့်မယ်ဆိုတဲ့ နမိတ်လက္ခဏာပဲ ဖြစ်တယ်။သားလိုပဲ အလ္လာဟ်အရှင်မြတ်က သားရဲ့အဖိုး အစ္စမာအီလ် (အလိုင်းဟိစ္စလာမ်)နဲ့ အိဗ်ရာဟိမ် (အလိုင်းဟိစ္စလာမ်) အပေါ်မှာလည်း အဲဒီလို ချီးမြှင့်ခဲ့တယ်။” တမန်တော်ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ အသက်အရွယ်ကြီးပြီး အမြော်အမြင်ရှိတဲ့ လူတယောက် ဖြစ်တယ်။ လူတွေရဲ့ သဘောသဘာဝကိုလည်း နားလည်တယ်။ ရှိုက်သွာန်က လူတွေကို ဘယ်လို သွေးဆောင်း ဖြားယောင်းတယ်။ ဘယ်လိုလမ်းမှားအောင်လုပ်တယ် ဆိုတာကိုလည်းသိတော့ ယူစွဖ်လေးကို သတိပေးတယ် ။”အို .. ချစ်သားလေး .. ဒီအိမ်မက်ကို သားရဲ့ ညီအစ်ကိုတွေကိုမပြောပြလေနဲ့။ သူတို့တွေဟာ သားအပေါ်မနာလို မုန်းတီးမှုတွေ ဖြစ်လာကြလိမ့်မယ်။” (ခ) ညီအစ်ကိုများရဲ့မနာလိုမူ ယူစွဖ်(အလိုင်းဟိစ္စလာမ်)မှာ ညီတစ်ယောက်ရှိသေးတယ်။ သူ့နာမည်က ... ဗင်(န်)ရာမီးန်လို့ခေါ်တယ်။ ဖခင်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)က သူ့တို့နစ်ယောက်ကို တစ်ခြားညီအစ်ကိုတွေထက် ပိုချစ်သတဲ့။အဲဒါကို တခြားညီအစ်ကိုတွေက လုံးဝ မနာလိုကြဘူး။ ညီအစ်ကိုတွေက ပြောကြတယ်။ “အဖေက ဘာဖြစ်လို့ သူ့တို့နှစ်ယောက်ကိုပိုချစ်ရတာလဲ။ တကယ်ဆို သူ့တို့နှစ်ယောက်က အားနည်းတဲ့ ကလေးလေးတွေပဲ။ ငါတို့က သန်မာထွားကြိုင်းတဲ့လူငယ်တွေ။ တကယ်ဆို အဖေက ငါတို့ကို ပိုချစ်သင့်တာပေါ့။” ယူစွဖ်လေးဟာ အသက်ငယ်သေးတာမို့ အဖေက သူ့အစ်ကိုတွေကို မပြောဖို့ တားမြစ်ခဲ့တဲ့ အိမ်မက်အကြောင်းကို ပြောပြမိသွားတယ်။ ယူစွဖ်လေးရဲ့ အစ်ကိုတွေဟာ ဒီအိပ်မက်အကြောင်း သိသွားကြတဲ့နောက် အရမ်းပဲဒေါသထွက် ကြတယ်။ ယူစွဖ်လေးကို ပိုပြီးမနာလိုလာကြတယ်။ မနာလိုမှုတွေကြောင့် ညီအစ်ကိုတွေဟာ စုဝေးပြီး ယူစွဖ်လေးကို သတ်ဖို့ထိ တိုင်ပင်လာကြတယ်။ သူတို့ထဲကတစ်ယောက်က ပြောတယ်။ “သူ့ကိုသတ်ပြီး ဝေးလံတဲ့နေရာမှာ သွားပစ်လိုက်မယ်။ သူမရှိတော့မှ အဖေက ငါတို့ကို ပိုချစ်လာမှာ”။ နောက်တစ်ယောက်ကတော့ “သူ့ကိုလမ်းမှာရှိတဲ့ ရေတွင်း တစ်တွင်းတွင်းမှာ ပစ်ချလိုက်မယ်။ ခရီးသွားတွေက သူ့ကို ကောက်ယူသွားကြလိမ့်မယ်”။အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အကြံတွေ အမျိုးမျိုးပေးကြရင်း ညီအစ်ကိုတွေအားလုံးဟာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခုချလိုက်ကြတယ် . . . ။ ကဲ…… ချစ်ပရိတ်သတ်ကြီးရေ…… တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ အစ်ကိုတွေက ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ။ ဘာတွေ လုပ်ခဲ့ကြသလဲ ဆိုတာကို အပိုင်း(၂)မှာ ဆက်လက် အားပေး ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း …. ချစ်ပရိတ်သတ်ကြီး . . . ကိုယ်တိုင်လည်း အကျိုးခံစားပြီး၊ ကိုယ့်ရဲ့ သားသားမီးမီး၊ တူ၊ တူမများကို ပုံပြင်များအဖြစ် ပြန်လည်ပြောပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးကို စစ်မှန်တဲ့ အစ္စလာမ့် စာရိတ္တများနဲ့ သာသနာ့ အသိပညာများ ချီးမြှင့်ပေးသနားတော်မူပါစေ။ သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။ တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . . “ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ” ( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

Sunday, February 24, 2013

မြန်မာ့အခက် ၊ တရုတ်အချက်

မြန်မာ့အခက် ၊ တရုတ်အချက် ပြည်တွင်း သတင်း ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၃ M-Media source: www.nytimes.com kachin_state မြန်မာပြည်ဘော်ဒါအနီးတွင် တရုတ်စစ်တပ်က အပြင်းစားစစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ပြုလုပ်နေခြင်းမှာ တရုတ်ပြည် အနောက်တောင် ဘက်သို့ မြန်မာပြည်တွင်းစစ်အရှိန် ၀င်ရောက်လာမှုကြောင့်ဖြစ်ကြောင်း တရုတ်ပြည်၏ တရားဝင် သတင်းမီဒီယာများ က သောကြာနေ့ တွင် ဖော်ပြလိုက်သည်။ တရုတ်စစ်တပ်သည် မြန်မာမြောက်ဖျားပိုင်း ကချင်နှင့် နယ်စပ်ဖြစ်သော ယူနန်ပြည်နယ် တွင် စစ်ရေးလေ့ကျင့်လျက်ရှိသည်။ ကချင်ပြည်နယ်တွင်း တွင် မြန်မာအစိုးရ စစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားနေသလို ဒီဇင်ဘာလ နှောင်းပိုင်းက တိုက်ပွဲအရှိန် မှာ မြင့်တက်ခဲ့ကြောင်း၊ ကျည်ဆံအခွံများမှာ တရုတ်ပြည်တွင်း သို့ ကျရောက် လျက်ပြီး ကချင်စစ်ပြေးဒုက္ခသည်များကလည်း ယူနန်ပြည် နယ်အတွင်း ရှိ ဆွေမျိုးများ သို့မဟုတ် ဟိုတယ်များသို့ ပြောင်းရွှေ့လာကြကြောင်း တရုတ်တာဝန်ရှိသူ များနှင့် သတင်းမီဒီယာများက ဖော်ပြသည်။ လွန်ခဲ့သည့်လက မြန်မာစစ်အစိုးရဘက်မှ ကေအိုင်အေနှင့်အပစ်အခတ်ရပ်ဆဲရေး ကြေညာခဲ့ပြီး နောက်နေ့များတွင်မူ မြန်မာ စစ်တပ် က ဆက်လက် တိုက်ခိုက် ခဲ့ခြင်းမျိုး ရှိသည်ဟု ကချင်ပြည် နယ်ရောက် နိုင်ငံခြားသားများ က သတင်းပေးကြသည်။ သောကြာနေ့ကမူ တရုတ်သတင်းမီဒီယာတစ်ခု က မြန်မာအစိုး ရနှင့် ကေအိုင်အေတို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု များရှိသော်လည်း ထိရောက်သည့် တိုးတက်မှုတစုံတရာမတွေ့ ရကြောင်း ပြောကြားသည်။ တရုတ်တို့ ယူနန်တွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရခြင်းမှာ တရုတ်စစ်တပ်အနေဖြင့် စစ်ပွဲများတွင် တိုက်ခိုက်နိုင်စေရန်နှင့် အောင်မြင်မှုများရရှိစေဖို့ ရည်ရွယ်ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့က ဖော်ပြသည်။ စစ်ရေးလေ့ကျင့်မှုကို တရုတ်နှစ်သစ်ကူးအပြီး ယခုလအတွင်း စတင်ခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေးအစောင့်များကို တိုက်ပွဲငယ်များအတွက် အဓိက လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။ တရုတ်စစ်တပ်များကို ဆိုးဝါးလှသည့် ရာသီဥတုအတွင်း ချီတက်နိုင်ဖို့နှင့် မမြင်ရသည့်အနေအထားများတွင် အဆက်အသွယ်ပြုလုပ်နိုင်ဖို့ လေ့ကျင့်ပေးနေကြောင်းလည်း သိရသည်။ ယူနန်ပြည်နယ်တွင် တောင်ကုန်းထူထပ်သဖြင့် စိန်ခေါ်မှုများရှိနေကြောင်း၊ တရုတ်စစ်တပ်ကို တောထဲ၊ လျှိုမြှောင်များနှင့် ရေထဲတွင်ပါ တိုက်ခိုက်နိုင် ဖို့ လေ့ကျင့်နေကြောင်း၊ အချို့တပ်များ ကမူ မြန်မာ နယ်နိမိတ်အနီးတွင် ဆက်သွယ်ရေးစခန်းငယ်များ တည်ဆောက်လျက်ရှိကြောင်း အချို့သော သတင်းအရင်းအမြစ်များအရ သိရသည်။ အစောပိုင်းကမူ ယူနန်ပြည်နယ် စစ်တပ်ခေါင်းဆောင်များအတွက် ပြည်နယ်အတွင်း၌ ကွပ်ကဲအမိန့်ပေးနိုင်သည့် စင်တာတစ်ခုကို တည်ပြီးဖြစ်ကြောင်း လည်း သိရသည်။ ဇန်န၀ါရီလကမူ တရုတ်ကွန်မြူ နစ်ပါတီ၏ သတင်းစာတစ်စောင်ဖြစ်သော People’s Daily ကမူ မြန်မာနယ်စပ်ရှိ နဘန်းမြို့ တလျှောက် နယ်စပ်လုံခြုံရေးတပ်များနှင့် ရဲအရာရှိများအား မြို့နေပြည်သူများအား မှတ်ပုံတင်ကဒ် (ID Cards) များစစ်ဆေးနေခြင်းကို တွေ့ရှိ ရကြောင်း ဖော်ပြခဲ့သည်။ မြို့ထဲတွင်မူ ဆက်သွယ်ရေးရပ်ဆိုင်းသွားသဖြင့် စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းနေကြောင်း၊ ညဘက်များတွင် လက်နက်ကြီး ပစ်ခတ်သံ များကို ကြားနေရကြောင်းဖြင့်လည်း ယင်းသတင်းစာက ဖော်ပြသည်။ တရုတ်ခေါင်းဆောင်များကမူ တရုတ်စစ်တပ်အား တိုက်ခိုက်ရည်မြင့်မားလာစေဖို့နှင့် အင်အားတောင့်တင်းသော ခေတ်မီစစ်တပ်အဖြစ် ဆထက်တပိုး တိုးတက်လာစေဖို့ အာရုံထားလျက်ရှိသည်။ ပြီးခဲ့ သည့်နှစ်နှောင်းပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သစ် ဆိကျင်းပင် (Xi Jinping) က တရုတ်တောင်ပိုင်းရှိ ခြေလျင်နှင့် ရေတပ်များသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်တပ် အင်အားမြင့် မားစေဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။ မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့သည် ကေအိုင်အေ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးလက်အောက်ရှိ လိုင်ဇာမြို့ကို ဗဟိုပြု၍ တိုက်ခိုက်နေခြင်းဖြစ် သည်။ ယခုနှစ် ဆောင်းရာသီက မြန်မာစစ်တပ်က လိုင်ဇာကို သိမ်းပိုက်နိုင်ဖို့ သို့မဟုတ် လိုင်ဇာတ၀ိုက်ရှိ စစ်အရေးအရ ဗျူဟာကျသောနေရာများသိမ်း ဖို့ ထိုးစစ်ဆင်ခဲ့သည်။ မြန်မာစစ်တပ်တွင် ဖိုက်တာဂျက်လေယာဉ်များ၊ လက်နက်ကြီးများပါ ၀င်ကြောင်း၊ အရပ်သားများလည်း သေဆုံး ရကြောင်းဖြင့် ဒေသခံများက ဆိုသည်။ မိမိတို့ဘက်သို့ ကျည်ဆံခွံများကျရောက်နေကြောင်း၊ ဒီဇင်ဘာ ၃၀ အထိ ကျည်ဆံခွံလေးခုအထိ ကျရောက်ခဲ့ကြောင်း တရုတ်ကဆိုသည်။ ထို့ပြင် စစ်ပြေး ဒုက္ခသည် အရေအတွက်များပြားလာခြင်းကို လည်း တရုတ်ဘက်က စိုးရိမ်ကြောင်း ဖော်ပြသည်။ Kachin-refugee-laiza1 ကချင် စစ်ပြေးဒုက္ခသည်များ မြန်မာစစ်တပ်နှင့် ကချင်ကေအိုင်အေတို့ တိုက်ပွဲကြောင့် ၂၀၁၁ မှစတင်၍ ကချင်စစ်ပြေးဒုက္ခသည်ထောင်ပေါင်းများစွာတို့ ယူနန်ပြည်နယ်တွင်း ၀င်ရောက်လျက်ရှိနေသည်။ ကချင်စစ်ပြေးဒုက္ခသည် အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး တရုတ်ခရစ်ယာန်များက သူတို့ကို လိုအပ်သည်များ ကူညီသလို တရုတ်ပြည်တွင်းရှိ ကချင်များကလည်း ကူညီကြသည်။

Saturday, February 23, 2013

သဘောထားကြီးကြီး တရားမျှမျှ

သဘောထားကြီးကြီး တရားမျှမျှ ဆောင်းပါး နိုဝင်ဘာ ၂၄ ၊၂၀၁၂ M-Media အမ်.အေ.ဂနီ(ကမ္ဘာ့အလင်း) အထူးသတိပြုရန် ။ ။ ဤဆောင်းပါးကိုဖတ်ရှုသော မွတ်စလင်မ်တိုင်သည် ‘နဗီကိုယ်တော်မြတ်’ဟူသော ရေးသားချက်ကိုတွေ့ရတိုင်း ‘ဆွလ္လလ္လာဟု အလိုင်းဟေးဝစလ္လာမ်’ ဟု တွဲဖက် ဖတ်ရွတ်ပါရန် သတိမူစေလိုပါသည်။( တမန်တော်အပေါ်သို့ မေတ္တာပို့သခြင်း) “အို မုအ်မင်န်၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ နှစ်သက်တော်မူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုပနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုးတွင်မဆို) တရားမျှတကြကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကျဉ်ရှောင်ခြင်းနှင့် အနီးကပ်ဆုံးပင်တည်း။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ရိုကျိုးကြောက်ရွံ့ကြကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုသမျှကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။” (ကျမ်းတော်မြတ်ကုရ်အာန် ၅း၈) အဆိုပါအာယသ်တော်သည် လူမျိုးတိုင်းနှင့်လည်းကောင်း၊ ဘာသာဝင်အသီးသီးနှင့်လည်းကောင်း ဆက်ဆံရာတွင် မွတ်စလင်မ်တို့အား လမ်းညွှန်အပ်သော ပညတ်၊ ပြဌာန်းချက်ပင်ဖြစ်သည်။ သို့အလျောက်လည်း နဗီကိုယ်တော်မြတ်လက်ထက်တော်မှစ၍ အစ္စလာမ်သမိုင်းစဉ်တလျှောက်လုံးတွင် ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်ဆက်ဆံရာတွင် မွတ်စလင်မ်တို့သည် သဘောထားကြီးစွာထား၍ တရားမျှတပုံကို ပြောင်မြောက်စွာ သမိုင်းက သက်သေထူလျက်ရှိပေသည်။ အနောက်နိုင်ငံ ပါမောက္ခကြီး ဒန်ကန်ဂရင်းလစ်က ဖွင့်ဟ ၀န်ခံထားသည်မှာ – “The nobility and broad tolerance of Islam, which accepts as God inspired all the real religions of the world, will always be a glorious heritage for mankind. On it could in deed be built a perfect world religoan. The Gospel of Islam.” [Duncan Greenless M.A. (oxon)] အစ္စလာမ်တရားတော်က ပြဋ္ဌာန်းပညတ်ထားသည့်အလျောက် နဗီကိုယ်တော်မြတ်သည် မက္ကာမြို့တော်တွင်လည်းကောင်း၊ မဒီနဟ်မြို့တော်တွင်လည်းကောင်း၊ ခိုင်ဘရ်တွင် လည်းကောင်း၊ လူမျိုးစုံ၊ ဘာသာပေါင်းစုံတို့နှင့် ဆက်ဆံရာတွင် လက်တွေ့ကျင့်သုံးပြသတော်မူသော ဆောင်ရွက်ချက်များမှာ ကမ္ဘာ့သမိုင်းတွင် တုနှိုင်းစရာမရှိသော အချက်ပင်ဖြစ်သည်။ ယင်းနမူနာတော်များကို စံတင်ကာ အစဉ်တစိုက် မွတ်စလင်မ်များ ကျင့်သုံးလာပုံကို ကမ္ဘာကျော်ပညာရှိ၊ က၀ိသုတေသနပညာရှိကြီး၊ သမိုင်းကျမ်းပြုအကျော်အမော်ကြီးများက ၀န်ခံထားကြပုံမှာ – “ဒုတိယမမြောက်သာဝကကြီး အုမရ်သည် ဂျေရုစလင်ကို အောင်နိုင်သိမ်းပိုက်ပြီး စာချုပ်တစ်ရပ်ချုပ်ဆိုရာတွင် ဂျေရုစလင်ရှိ မွတ်စလင်မ်မဟုတ်သော တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းနှင့် ဘုရားဝတ်ပြုရာဌာအားလုံးနှင့် ၎င်းဝတ်ပြုဆောင်အားလုံးနှင့် ပက်သက်သောပိုင်ဆိုင်ခွင့်ဟူသမျှကို ကာကွယ် စောင့်ရှောက်ရန်အာမခံသည်။ ၎င်းတို့၏ မြေယာများနှင့် ဘာသာ သာသနာရေးတွင် မည်သို့မျှ စွက်ဖက်ခြင်းမပြု၊ ၎င်းတို့၏ ဘုရားရှိခိုးကျောင်းများကို ဖျက်သိမ်းခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုသော်လည်းကောင်း လုံးဝမပြု။ ၎င်းတို့ဘာသာရေးလှူဒါန်းထားသော ၀တ္တကများကို၊ ဂုဏ်သိမ်မညှိုးစေရန် ထိန်းသိမ်းစောင့်ရှောက်မည်။ ဂျေရုစလင်ပြည်သူပြည်သားများသည် ဘာသာရေးကျင့်သုံးမှုတွင် လုံးဝလွတ်လပ်ခွင့်ရှိပြီး ၎င်းတို့အပေါ် မည်သည့်ကျုးကျော်မှုမျိုးကိုမှ ခါင့်ပြုမည်မဟုတ်”ဟုပါရှိလေသည်။ [The Eclips of Christianity in Asia – By Lawrence] ဤကဲ့သို့ စာချုပ်ချုပ်ဆိုရုံသာမဟုတ်သေး၊ သာဝကကြီးသည် လက်တွေ့ကျင့်သုံးခဲ့ပုံကို အစ္စလာမ်အား အမြဲတစေအပြစ်ရှာ အကောင်းမမြင်သော ‘ဆာဝီလျံမြူး’ပင်လျှင် ‘The Caliphate its Rise and fall’တွင် ဂျေရုစလင်ကိုသိမ်းပိုက်ပြီးသော်လည်း သာဝကကြီးအုမရ်သည် နမာ့ဇ်ဝတ်ပြုချိန်ရောက်နေသဖြင့် ဘုန်းတော်ကြီးက ထိုနေရာတွင်ပင် နမာဇ်ဝတ်ပြုရန်ပြောလတ်သော် အုမရ်က အကယ်၍ ကျွန်ုပ် ဤနေရာတွင် ၀တ်ပြုလျှင် ကျွန်ုပ်၏လမ်းစဉ်ဟု နောင်မွတ်စလင်မ်တို့ ထင်မှတ်မှားပြီး ခရာဇ်ယာန်ဘုရားရှိခိုးကောင်းကို မာစ်ဂျီဒ်ဝတ်ကျောင်းတော်အဖြစ် ပြောင်းပစ်မည်ကို စိုးရိမ်သဖြင့် ဤနေရာတွင် နမာဇ်ဝတ်မပြုလိုပါဟု သဘောထားကြီးကြီး အမြင်ကျယ်ကျယ် အဖြေပေးလိုက်လေသည်။ ယင်းသို့ သာဝကကြီးအုမရ်က ဘာသာရေးသဘောထားကြီးမှုကို ပြောင်မြောက်စွာ ကျင့်သုံးပြသသော ထိုသမယ၀ယ် ကမ္ဘာတစ်ခွင်လုံးတွင် ဘာသာရေးအယူသည်းမှု၊ ဆိုးသွမ်းသံသရာမှာ လွှမ်းမိုးလျက်ရှိပေသည်။ မွတ်စလင်မ်တို့ ဂျေရုစလင်ကို မသိမ်းပိုက်မီ ဟရ်ကလ်ဘုရင်သည် ညှဉ်းပန်းနှိပ်စက်မှု မီးတောက်မီးလျှံကြီးကို ဟုန်းဟုန်းတောက်လောင်စေလျက် ရှိခဲ့ပေ၏။ ပါလက်စတိုင်း၊ ဆီးရီးယား၊ အာရှမိုင်းနားနှင့် အီဂျစ်ပြည်တို့မှ အစ္စရေးဂျူးတို့အား မောင်းနှင်ပစ်ရန်အမိန့်ထုတ်ထားခဲ့သေည်။ ဤှမျှတွင်မက ခရာဇ်ယာန်အချင်းချင်းပင်လျှင် ဟရ်ကလ်ဘုရင်ယုံကြည်သော ဂိုဏ်း – ကလ်စီဒိုနီယန် (Chalcedonian) နှင့် ဆန့်ကျင်လျှင် မညှာမတာ နှိပ်စက်ကလူပြုခြင်းခံရတော့သည်။ ဂျကိုဘီယန်ဂိုဏ်းဝင်ဘုန်းတော်ကြီးတစ်ပါးက ယင်းရက်စက်မှုများနှင့်ပတ်သက်ပြီး ရေးသားခဲ့သည်မှာ – “ဟရ်ကလ်ဘုရင်သည် မိမိဂိုဏ်းနှင့်လမ်းစဉ်မှတစ်ပါး အခြားဂိုဏ်းဂဏသို့လိုက်သော မည်သည့်ခရာဇ်ယာန်ကိုမဆိုး နား နှာခေါင်းများကို ဖြတ်ပစ်ရမည်။ ၎င်းတို့၏အိမ်များကို အဓမ္မ၀င်ရောက် ဖျက်ဆီးပစ်ရမည်ဟု မိမိနိုင်ငံတစ်ဝန်းလုံးတွင် အမိန့်ထုတ်ပြန်ထားခဲ့လေသည်။ ဂျကိုဘီယန်ဂိုဏ်းဝင် ခရာဇ်ယာန်တို့အား မိမိရှေ့မှောက်သို့ ၀င်ရောက်ခွင့်လည်းမပြုသဖြင့် ၎င်းတို့သည် မိမိတို့၏ နစ်နာချက်များကိုလည်း တင်ပြခွင့်မရှိပေ။ သို့ကြောင့်ပင်လျှင် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အား ဤကြမ်းကြုတ်ရက်စက်မှုများမှ ကယ်တင်ရန်၊ အစ္စမာအီလ်၏ အနွယ်ထဲမှ ပုဂ္ဂိုလ်မြတ် (မုဟမ္မဒ်ကိုယ်တော်မြတ်)အား ပွင့်ရောက်စေတော်မူခဲ့၏။ မွတ်စလင်မ်တို့သည် ထိုသို့သော ဒေသများကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ခရာဇ်ယာန်တို့၏ ဘာသာရေးတွင် မည်သို့မှ စွက်ဖက်ခြင်းမပြုသဖြင့် ကျွန်ုပ်တို့သည် ရောမခရစ်ဇ်ယန်တို့၏ ညဉ်းပန်းနှိပ်စက်မှု၊ သံကွန်ချာအောက်မှ လွတ်မြောက်ကာ အာရဗ်မွတ်စလင်မ်(များ)နှင့် ငြိမ်းချမ်းသာယာဝပြော လွတ်လပ်စွာနေထိုင်ခွင့် ရရှိပေတော့၏။” [Chronique De Michel Le Syrian II. 412-413] အီဂျစ်ပြည်တွင် အီဂျစ်ပြည်တွင်လည်း ဘာသာရေးညှဉ်းပန်းမှု အထွဋ်အထိပ်သို့ရောက်ချိန်မှာ အစ္စလာမ်က ကယ်တင်ခဲ့ပုံကို အာမေနီယံ ခရာဇ်ယာန်တစ်ဦးဖြစ်သူ အဗူဆွာလေက “ကိုင်ဇာဘုရင်သည် မူရင်း ခရာဇ်ယာန်ဘာသာဂိုဏ်းဝင်တို့အား လွန်မင်းစွာ ညှဉ်းပန်းနှိပ်စက်၍ မိမိယုံကြည်သောဂိုဏ်းသို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့လေသည်။ မူရင်း ခရာဇ်သာသနာတော်ကို လက်ခံထားကြသော ခရာဇ်ယာန်တို့သည် ဟရ်ကလ်နှင့် မကူကာ့စ်တို့လက်ဝယ် အပြင်းထန်ဆုံး နှိပ်စက်မှု ခံကြရကုန်၏။ ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ ကျူးကျော်မှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိလာသော အခါ မွတ်စလင်မ်လူမျိုးစုပေါ်ထွန်းလာပြီး ရောမလူမျိုးတို့၏ မာန်မာနကို ချေမှုန်း၍ အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ကာ ဂျကိုဘီယံဂိုဏ်းဝင် ခရာဇ်ယာန်တို့အား ရောမလူမျိုးတို့၏ ကျူးကျော်စော်ကားခြင်းတို့မှ ကယ်တင်ခဲ့ပေသည်။” [The Churches And Monastrics of Egypt: P 30-31] အီဂျစ်ကို သိမ်းပိုက်ပြီး ၎င်းတိုင်းပြည်ရှိ ဘာသာဝင်များနှင့် သဘောထားကြီးစွာထား၍ ဆက်ဆံပုံကို ဆာအာနိုလ်က ဖော်ကျူးသည်မျာ – “အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ဂါဗာနာမင်းကြီး အုမရ်ဗင်န်အာဆွိသည် တိုင်းသူပြည်သားအပေါင်းအား အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်လေသည်။ ယင်းကြေညာချက်အရ တိုင်းပြည်ပြည်သားအပေါင်းတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းတို့သည် လုံခြုံမှုအပြည့်အ၀ရှိစေရန် ကာကွယ်စောင့်ရှောက်မည်။ ၎င်းတို့ဘာသာ သာသနာရေးသည် အဟန့်အတား မည်သို့မျှမရှိစေပဲ လွတ်လပ်စေရမည်။ ၎င်းတို့၏ ဘုရားဝတ်ပြုကျောင်းများအား မည်သု့မှ နှောက်ယှက်မပြုရ။ ၎င်းတို့အား ရန်သူများက ကျူးကျော် စော်ကားသမှုပြုလာပါက ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် မွတ်စလင်မ်တို့၏ တာဝန်ဖြစ်သည်”ဟူသတည်း [The Preaching of Islam --- Sir Arnold] စပိန်ပြည်တွင် စပိန်ပြည်တွင် ခရာဇ်ယာန်တို့ စိုးမိုးအုပ်ချုပ်နေစဉ်အခါက ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့အား လွန်မင်းစွာ နှိပ်စက်ညှဉ်းပန်းကြလေသည်။ မွတ်စလင်မ်တို့ စပိန်ပြည်ကို သိမ်းပိုက်ပြီးသောအခါ ဂျူးတို့ကို ကယ်တင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ခရာဇ်ယာန်တို့အားလည်း မိမိတို့ဘာသာကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် ဘုရားရှိခိုးကျောင်းများကိုလည်း လွတ်လပ်စွာ တည်ဆောက်ခွင့်ပြုခဲ့ပေသည်။ [The Preaching of Islam --- Sir Arnold] အိန္ဒိယပြည်တွင် ဂါဇီမူဟမ္မဒ်ဗင်န်ကာစင်၊ အိန္ဒိယပြည် သိန္ဓုနယ်ကို သိမ်းပိုက်သည့်အခါနှင့်ပတ်သက်ပြီး ‘ဆာဝီလျှံမြူး’က “မွတ်စလင်မ်တို့သည် ဟိန္ဒူဘုရားရှိခိုးကောင်းများကို လုံးဝထိပါးခြင်း မပြုကြပေ။ ၎င်းတို့အား ရုပ်တုဆင်းတုကိုးကွယ်မှုမှလည်း အဓမ္မမတားမြစ်ခဲ့ပေ။ ယဟူဒီ၊ ခရာဇ်ယန်၊ မီးကိုးကွယ်သော ပါရ်စီတို့အားလည်း မိမိတို့ဘာသာအလျောက် လွတ်လပ်စွာကျင့်သုံးခွင့်ပြုထားခဲ့ပေသည်။” [Sir Willam Muir ---- The Caliphate, P. 365] အက္ကဘာဘုရင်မင်းကြီးလက်ထက်က ဟိန္ဒူဘာသာဝင်များအား မြှောက်စားချီးမြှင့်ပြီး ရာဇာမာန်ဆင်းနှင့် ရာဇာတူဒါမီလ်အး အထွတ်အထိပ်ဆုံးသော ရာထူးဌာနန္တများကိုပင် အပ်ထားခဲ့ပေသည်။ အောင်ရန်ဇိဗ်ဘုရင် အုပ်စိုးသောအခါက ဗာရာဏသီတွင်း ဗြဟ္မဏအချို့ကို နှိပ်စက်သည်ဟု ကြားတော်မူသည်နှင့် တပြိုင်နက် ဗာရာဏသီဘုရင်ခံ အဗူဟဆန်ထံ ချက်ချင်းပင် “အစ္စလာမ်တရားတော်အရ သူများဘာသာ ဘုရားရှိခိုးကျောင်းကို မဖျက်ဆီးရ။ ၀တ်ပြုသူများကို အနှောက်အယှက်မပြုရဟု ပြင်းထန်စွာပညတ်ထားသည်။ ထို့ကြောင့် ဘာသာဝင်တိုင်းအား သဘောထားကြီးစွာ တရားမျှတစွာ ဆက်ဆံရမည်”ဟု အမိန့်ထုတ်လိုက်လေသည်။ ဤကား အခြားဘာသာဝင်များနှင့် မွတ်စလင်မ်တို့ သဘောထားကြီးစွာထား၍ တရားမျှတစွာ ဆက်ဆံခဲ့ပုံ မြောက်မြားစွာအနက်မှ အနည်းငယ်မျှကိုသာ တင်ပြရခြင်းဖြစ်ပေသည်။ ယဉ်ကျေးသိမ်မွေ့သောဘာသာတိုင်းသည် အခြားဘာသာ သာသနာဝင်များနှင့် ဆက်ဆံရာတွင် သဘောထား၊ တရားမျှတမှုတို့ကို အထူးရှေ့ရှုကြပေသည်။ ယင်းသို့ သဘောထားကြီးမှု၊ တရားမျှတမှုတို့ကို ဖော်ကျူးထားသော အာသောကဘုရင်ကြီး၏ ကျောက်စာ(၁၂)ကို မြတ်ဗုဒ္ဓဒေသနာကျမ်းတွင် ဖတ်ရှုရပေရာ အတိုင်းမသိ နှစ်ထောင်း ၀မ်းမြောက်ဖြစ်ရပေသည်။ ၎င်းကျမ်း၌ အောက်ပါအတိုင်းရေးသားထားချက်ကို တွေ့ရပေသည်။ ဗုဒ္ဓ၏မွန်မြတ်လှသော စိတ်ထားကြီးမှု၊ စာနာမှုများကို စံနမူနာပြုပြီး ဘီစီ(၃)ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အာသောက ဧကရာဇ်မင်းမြတ်ကြီးသည် ၎င်း၏ကျယ်ပြန့်သော အင်ပိုင်ယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား နိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား လေးစားချီးမြှင့်ထောက်ပံ့ခြင်းပြုခဲ့ပေသည်။ ယနေ့တိုင် ဖတ်ရှုနိုင်သော ကျောက်စာအဖြစ်ထုထွင်းထားခဲ့သည်။ ၎င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက ကြေညာခဲ့သည်မှာ - ”မိမိတို့ကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ချုပ်ချယ်ခြင်းကို မပြုလုပ်ရုံသာမဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ရပေမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယယ်ပြုရာရောက်ပေသည်။ မိမိကိုးကွယ်သ်ည့ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုံ့ချသူများသည် မိမိဘာသကိုကြည်ညိုသည့်စိတ်ဖြင့် ငါ့ဘာသာ ဂုဏ်သိမ်ထွန်းတောက်စေမည်”ဟု တွေးတောယူဆပြီးပြုလုပ်ခြင်းအမှန်ဖြစ်ပေသည်။ သို့ရာတွင် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းကြောင့် ၎င်း၏ ဘာသာကို ပိုမိုလေးနက်စွာအကျိုးယုတ်ပျက်ပြားစေပါသည်။ ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့မှ မှတ်သားလိုက်နာကြလော့၊ အခြားသူများ၏ ဘာသာဝါဒများကို လေးစား ကြားနာကြကုန်လော့။ (အာသာကကျောက်စာ – ၁၂) ဒေါက်တာ ၀ါလိုလာရာဟုလာရေး What the Buddha Though ကို ဦးကိုလေး(ဇေယျာမောင်) အငြိမ်းစား ဒုတိယ အဓိပတိ မန္တလေး တက္ကသိုလ်၊ မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာကျမ်း စာမျက်နှာ ၁၀-၁၁။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်တွင်လည်း တစ်ဘာသာနှင့်တစ်ဘာသာ လေးစားမှုရှိကြောင်းကို စာရေးဆရာမန်းတင်၊ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်၌ ဂုဏ်ပြုဧည့်ခံပွဲတွင် မိန့်ခွန်းပြောသည်မှာ - “ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား၊ ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ခေတ္တခဏရောက်ဖူးတဲ့ သူတွေပါသလို လနဲ့နှစ်နဲ့ချီပြီး နေထိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း အတော်များများ ပါပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့လယ်လမ်းမကြီးတွေအနက်က တစ်လမ်းဖြစ်တဲ့ ဆူးလေဘုရားလမ်းမကြီးပေါ်လည်း ရောက်ဖူးကြမှာပဲ။ အဲဒီလမ်းမကြီးအပေါ်ကနေပြီး လမ်းရဲ့ဗဟိုမှာ တည်ရှိနေတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ဆူးလေစေတီတော်ကြီးကို လှည့်မောင်းသွားတဲ့ မော်တော်ယာဉ်ပေါ်ကဖြစ်စေ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်လိုက်မယ်ဆိုရင် တစ်ဘက်တွင် ခရာဇ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကောင်းကိုတွေ့မြင်ရမှာဖြစ်ပြီး အခြားတစ်ဘက်မှာတော့ မွတ်စလင်မ်ဘာသာဝင်ရဲ့ ဗလီကြီးကိုမြင်ရမှာဖြစ်တယ်။ စေတီတော်၊ ဗလီကြီးနဲ့ ဘုရားရှိခိုးကျောင်းတို့ရဲ့အရိပ်တွေဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေတာ တွေ့ရပါလိမ့်မယ်။ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ကိုးကွယ်တဲ့ စေတီတော်ကလည်း ဆည်းလည်းသံ၊ ခရာဇ်ယာန်ဘာသာဝင်တို့ရဲ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘုရားဝတ်ပြုရာဗလီစင်ပေါ်က ကြွေးကြော်သံများဟာလဲ တစ်သံနဲ့တစ်သံ မကြာခဏဆိုသလိုပဲ ရောထွေးထွက်ပေါ်လာတာကို သာယာနာပျော်ဖွယ်ကြားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ကိုးကွယ်မှုဘာသာနဲ့ပတ်သက်လို ဘာပြဿနာမှ မရှိဘူး။ ယခုလည်းမရှိဘူး။ နောင်လည်းရှိမှာ မဟုတ်ပါဘူး။” (စစ်ပြန်မဂ္ဂဇင်း) အမှန်ပင် ကျွန်ုပ်တို့နိုင်ငံတွင် ဘာသာရေး သဘောထားကြီးမှုသည် စံတင်လောက်အောင် ရှိခဲ့ပေသည်။ ကျွန်ုပ်တို့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားဖြင့် ဆိုရှယ်လစ်ပန်တိုင်းသို့ မမှိတ်မသုန်ချီတက်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမည့် ဘာသာရေးအမြင်ကျဉ်း၍ သွေးခွဲမှုဟူသမျှကို အမြော်အမြင်ရှိသူတိုင်း လက်ခံမည်မဟုတ်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်မိပေသည်။ ပြည်ထောင်စုကြီး ခိုင်မာတောင့်တင်းစွာတည်ဆောက်ရေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ အဓိကကဏ္ဍတွင် ရှိနေသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားတိုင်းသည် အဆိုပါ လမ်းပြညွှန်ကြားချက်များကို အလေးအနက်ခံယူကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ဘာသာရေး အမြင်ကျဉ်းဖိနှိပ်မှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုတို့ကို ရှင်းလင်းဖယ်ရှားပစ်ရမည်မှာ ကျွန်ုပ်တို့တိုင်းရင်းသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်သည်။ တစ်ဘာသာနှင့်တစ်ဘာသာ၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်လေးစားကြ၍ သဘောထားကြီးပြီး တရားမျှမျှ ဆက်ဆံကြကာ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းအားဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ အဟုန်ပြင်းစွာချီတက်ကြပါစို့ဟု ဆန္ဒပြုအပ်ပါသည်။ အမ်-အေ-ဂနီ ရေးသားခဲ့သည့်ခုနှစ် ရှာဖွေမသိရှိပါ။ လပြည့်ဝန်းမဂ္ဂဇင်း(ခုနှစ်မမှတ်မိ)ပါ မူရင်းဆောင်းပါးအတိုင်း စာလုံးပေါင်းသတ်ပုံအတိုင်းကူးယူဖော်ပြပါသည်။ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ထုတ်ဝေခဲ့သည့် စာအုပ်ဟု ခန့်မှန်းရပါသည်။

အာရှ၊ပစိဖိတ် ဘာသာပေါင်းစုံ လူငယ်ကွန်ယက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို ညှိနှိုင်း အစည်းအဝေးပြုလုပ်

အာရှ၊ပစိဖိတ် ဘာသာပေါင်းစုံ လူငယ်ကွန်ယက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို ညှိနှိုင်း အစည်းအဝေးပြုလုပ် ပြည်တွင်း သတင်း ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ M-Media သတင်း – ပသီဆောင်းနှင်းမှုံ P2210082 Religions for Peace Asia & the Pacific Interfaith Youth Network Regional Pre-Assembly Meeting ကို ယနေ့ ဖေဖော်ဝါရီလ (၂၁)ရက်တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon ၌ နံနက် ၉-နာရီမှ ည ၉-နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ Ratana Metta Organization, အစ္စလာမ်ဓမ္မဗိမာန် နှင့် St.Anthony’s Church တို့တွင်လည်း ၂-ရက်တိုင်တိုင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို ဘာသာပေါင်းစုံ အသိုင်းအ၀ိုင်းအသီးသီးမှ ကိုယ်စားပြုလူငယ် ကွန်ရက်၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ အာရှတလွှားနိုင်ငံအသီးသီးမှ ကိုယ်စားပြုတက်ရောက်လာကြတဲ့ လူငယ်ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမှ သီတဂူ ဆရာတော်ကြီး၏ ဗဟိုဌာန ရတနာမေတ္တာ၊ ခရစ်ယာန် အသင်းတော်များကောင်စီ၊ နှစ်ချင်း ခရစ်ယာန် အသင်းတော်၊ အစ္စလာမ်ဓမ္မဗိမာန်၊ ဂရုဏာ လူမူရေးလုပ်ငန်းများ ကောင်စီ၊ ဟိန္ဒူကောင်စီ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ P2210039

ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ်

ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ် နိုင်ငံတကာသတင်း ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃ M-Media ကိုင်ရို။ ။ယေရှုခရစ်တော်အား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦးပုံစံ ရိုက်ကူးထားသည့် အမေရိကန် ရုပ်ရှင်တစ်ခုက ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များနှင့် ခရစ်ယာန် သန်းပေါင်းများစွာအား စော်ကား သကဲ့သို့ဖြစ်နေပြီး အမေရိကန်မွတ်စလင်များထံမှ ကန့်ကွက် ရှုတ်ချမှုကို ဖိတ်ခေါ်လျက်ရှိသည်။ Jesus movie.jpg1 “ယေရှု(ငြိမ်းချမ်းမှု သက်ရောက်ပါစေ) နဲ့ ပက်သက်ပြီး ဒီလို လွဲမှားစွာဖော်ပြမှုဟာ သူ့ရဲ့ သတင်းစကားကို ယုံကြည်သူအားလုံးနဲ့ မွတ်စလင်တွေကို လွန်လွန်ကျူးကျူး စော်ကားခြင်းသာ ဖြစ်ပါတယ်။ ” ဟု OnIslam.net မှ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရရှိသော ကြေညာချက်တွင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ် (Nihad Awad) က ပြောဆိုထားသည်။ NBC ရုပ်သံဌာနက “Saturday Night Live” အစီအစဉ်တွင် ထုတ်လွှင်ခဲ့သော ရုပ်ရှင်နမူနာတွင် ယေရှုအား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူ တစ်ဦးပုံစံအဖြစ် လည်းကောင်း၊ သေနတ်တ၀င့်ဝင့်ကိုင်ကာ ရောမတို့အား တိုက်ခိုက်ချေမှုန်းသူ တစ်ဦးအဖြစ်လည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။ “ရယ်ရွှင်ဖွယ်ရာ တုန့်ပြန်မှုတစ်ခုကို ဖြစ်စေဖို့ တုန်လှုပ်ဖွယ်ပုံရိပ်တွေ၊ ယုတ္တိကင်းမဲ့မှုတွေ အသုံးပြုထားတာကို ကျနော်တို့မြင်ရတဲ့အခါ၊ သန်းပေါင်းများစွာသော ခရစ်ယာန်တွေ၊ မွတ်စလင်တွေ ကြည်ညိုလေးစားတဲ့ ဘာသာရေး ပြယုဂ်တစ်ဦးကို ဒီလို မနှစ်မြို့ဖွယ် ပုံဖော်မှုဟာ ဟာသ စည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လွတ်လပ်စွာ ပြောဆိုမှုကို ကျနော်တို့ လေးလေးနက်နက် ထောက်ခံပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ယုံကြည်မှုအတွက် လေးစားမှုနဲ့ လူမှုကျင့်ဝတ်တွေကို အလေးထားရပါလိမ့်မယ်။ ဒီလို မကောင်းတဲ့ ပုံဖော် ရိုက်ကူးမှုတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ ” ဟု အ၀ဒ် ကဆိုသည်။ တမန်တော်များအား အသရေဖျက်ထားသည့် ရုပ်ရှင်ရိုက်ကူးမှုများမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တမန်တော်မိုဟာမက် (ငြိမ်းချမ်းမှု သက်ရောက်ပါစေ) အား ပျက်ရယ်ပြုထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ထွက်ရှိခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကြောင့် မွတ်စလင်ကမ္ဘာတွင် ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ် အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။ နောက်ပိုင်းတွင် ဘာသာရေးဆိုင်းရာစော်ကားမှုကို ပိတ်ပင်တားမြစ်ခြင်းနှင့်ပက်သက်၍ ကုလသမ္မဂ္ဂမှ အဖြေရှာရန် ဆော်သြမှုများလည်း ရှိခဲ့လေသည်။ ကြီးကျယ်သော တမန်တော်တစ်ပါး မွတ်စလင်များက ယေရှုကို အလ္လာအရှင်မြတ်၏ တမန်တော်များထဲမှ တစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်ဟု အ၀ါဒ် ကဆိုသည်။ “မွတ်စလင်တွေက ယေရှုကို အလ္လာဟ်ရှင်မြတ်စေလွှတ်တော်မူတဲ့ တမန်တော်တွေထဲက တစ်ပါးအဖြစ် ချစ်ခင်လေးစားကြတယ်ဆိုတာကို လူတော်တော် များများက မသိကြပါဘူး။ ယေရှုရဲ့ နာမတော်ကို ပြောတိုင်းပြောတိုင်းမှာ မွတ်စလင်တွေဟာ “ငြိမ်းချမ်းမှုသက်ရောက်ပါစေ” ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။” ဟု သူက ဆိုသည်။ မွတ်စလင်များသည် ယေရှုအား အလ္လာဟ်အရှင်မြတ်၏ တမန်တော်များမှ တစ်ပါးအဖြစ်လည်းကောင်း၊ မေရီသခင်မ၏ သားအဖြစ်လည်းကောင်း လက်ခံ ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ သားတော် အဖြစ် ယုံကြည်ခြင်းမရှိပေ။ ယေရှုကို ကုန်အာန်ကျမ်းတော်မြတ်တွင် အီစာ(Isa) ဟုခေါ်ဝေါ်ပြီး၊ အလ်-မစီ(the Christ) ဟူ၍လည်းကောင်း၊ အစ်ဗနေ့ မရ်ယမ် (Son of Mary) ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။ လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့်ပက်သက်၍ မွတ်စလင်များက ယုံကြည်ခြင်းမရှိဘဲ၊ လက်ဝါးကပ်တိုင် အတင်မခံရဘဲ ကောင်းကင်သို့ ဆောင်ယူခြင်း ခံရသည် ဟူ၍သာ လက်ခံထားကြသည်။ နောက်ဆုံးနေ့ မတိုင်မှီအချိန်တွင် အမှန်တရားနှင့် တရားမျှတမှုကို ရယူရန်၊ အလ်-မစီအား ဆန့်ကျင်သူကို တွန်းလှန်ရန်နှင့် ငြိမ်းချမ်းမှုကို ပြန်လည် ထိန်းသိမ်းရန် ယေရှုသည် ဤကမ္ဘာမြေသို့ ပြန်လည် ကြွရောက်လာမည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

Friday, February 22, 2013

Myanmar Muslim Defence Society

M-Media
မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာ များဖြင့် နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။
၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။
မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း
မာတင်လူသာကင်း(ဂျူနီယာ)
သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။

Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ''March on Washington'' on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ''I Have a Dream'' speech. (AFP)
Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ”March on Washington” on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ”I Have a Dream” speech. (AFP)
ဒီကနေ့ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်မှုအတွက် သမိုင်းကြောင်း တလျောက်လုံး စီးဆင်းသွားမဲ့ အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲမှာ ခင်ဗျားတို့နဲ့ လက်တွဲပါဝင်ရတဲ့ အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။
လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။
ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့  နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။
သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။
ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။
ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ  ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။
အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း   နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။

အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ, ဆောင်းပါး ဒီဇင်ဘာ ၇ ၊ ၂၀၁၂ M-Media မောင်လျှောက် (မြယာမြေ) နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။ ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။ ကျွန်တော်တို့ ဦးစီးဆောင်ရွက်ကြသည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှု မရဘဲလျှက် ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ်၍ ရင်ချင်းကပ်၍ သေတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရန်တည်ကြရန် သစ္စာပြုကာ အဓိဌာန်ပြုကြပါ၏။ (၁) ကိုဘရှင် (သံတွဲ) (၂) ကိုဘရှင် (ထားဝယ်) (၃) ကိုညီပိုက် (၄) ကိုဘိုးလွန်း (၅) ကိုအေး (၆) ကိုလှတင် (၇) ကိုဖေသိန်း (၈) ကိုထွန်းဝင်း (၉) ကိုဘခင် (၁၀) ကိုအောင်ဒင် (၁၁) ကိုဘဦး စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။ (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်) တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ်တွင် န၀မမြောက် မြန်မာပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးကြီးကို မန္တလေးမြို့၌ ကျင်းပခဲ့သည် ထိုအစည်းအဝေး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ထိုကျောင်းသားများ သပိတ်မှောက် ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာ ရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။ နယ်ချဲ့ဘုန်းတော်ဘွဲ့ သီချင်းမဆိုရ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီးဝယ် ပထမဆုံး အစည်းအဝေးတွင် ကိုထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသားသီချင်းကို တက္ကသိုလ် သမဂ္ဂ အဆောက်အဦတွင် မဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်း ကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သူ့အား သခင်ဘသောင်းနှင့် အမ်အေရာရှစ်တို့က လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သချာင်္ဌာနမှ မစ္စတာ ဒီ(ဂျေ)စလော့က သူ့အား အလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှုခဲ့ပေ။ “မိမိတွင်လည်း အလုပ်နှင့် ပြစ်ချက်မရှိ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်ပေ။ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝံ့စွာ ချေပ ပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံး ဥက္ကဌဖြစ်ရုံမက အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်၌လည်း ဂုဏ်ယူစရာပင်။ ယခု ၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အမျိုးသား ပညာရေ မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်များဖြင့် ပြည့်ဝပါစေကြောင်း တင်ပြရင်း အမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ကိုးကား - (၁) ဦးဖိုးကျား၊ အမျိုးသားနေ့ ဆောင်းပါး (၂) မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ဟောပြောပို့ချချက် (၃) အမျိုးသားနေ့ ရွှေရတု အထူးထုတ်စာစောင်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များ ဆောင်းပါး ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ M-Media နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက်ကို ယင်းအခန်း၌ ပြဋ္ဌာန်းထားကြောင်း သိရသည်။ နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက်ခံရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းရရှိပါက စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) အရ သိရသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ ဦးဝင်းမြ (သံ အမတ်ကြီး-အငြိမ်းစား)၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ (သံအမတ် ကြီး-အငြိမ်းစား)၊ အတွင်းရေးမှူး ဦးစစ်မြိုင် (ညွှန်ကြားရေးမှူးချုပ်-အငြိမ်းစား)နှင့် အဖွဲ့ဝင် ၁၂ ဦးပါဝင်ကြောင်း သိရသည်။ အခန်း(၈) နို်ုင်ငံသား၊ နိုင်ငံသားများ၏ မူလူလအခွင့်အရေးနှင့် တာဝန်များ ၃၄၅။ အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် - (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ ( ခ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။ ၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ ၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။ ၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်တူညီသော အခွင့်အလမ်းရရှိစေရမည် - (က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ ( ခ ) အလုပ်လုပ်ကိုင်မှု၊ ( ဂ ) ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု (ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ ( င ) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ( စ ) ၀ိဇ္ဖာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု၊ ၃၅၀။ အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကို ခံစားခွင့်ရှိသည်။ ၃၅၁။ မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။ ၃၅၂။ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကိုအကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင်အမျိုးသားများနှင့် သာလျော်ကန် သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။ ၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။ ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည် - (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ( ခ ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ( ဂ ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်။ ၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ် ဒေသ၌ မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ ၃၅၆။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။ ၃၅၇။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည်နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။ ၃၅၈။ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ ၃၅၉။ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။ ၃၆၀။ (က) ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊ ( ခ ) ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကိုပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက်နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။ ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။ ၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။ ၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။ ၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။ ၃၆၅။ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ် ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများ အချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။ ၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ - (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ ( ခ ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊ ( ဂ ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာသုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်။ ၃၆၇။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။ ၃၆၈။ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု မထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်။ ၃၆၉။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊ ( ခ ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ ၃၇၀။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ ၃၇၁။ နိုင်ငံတော်သည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။ ၃၇၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ ၃၇၃။ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက် ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။ ၃၇၄။ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသောတရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ် လွှတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှု ထင်ရှားစီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှအပြီး အပြတ်လွှတ်သည့်စီရင်ချက်ကို အဆင့်မြင့် တရားရုံးကပယ်ဖျက်ပြီး အမှုကိုအသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါ မှတစ်ပါး ယင်းပြစ်မှု အတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။ ၃၇၅။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်။ ၃၇၆။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ သို့မဟုတ်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ။ ၃၇၇။ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိရမည်။ ၃၇၈။ (က) ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများနှင့်စပ်လျဉ်း၍ လျှောက်ထား လာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သည် အောက် ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိရမည် - (၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊ (၂) အာဏာပေးစာချွန်တော်အမိန့်၊ (၃) တားမြစ်စေစာချွန်တော်အမိန့်၊ (၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊ (၅) အမှုခေါ်စာချွန်တော်အမိန့်။ ( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့်စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့်အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့်သဘောမျိုးသက်ရောက်သည့် အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။ ၃၇၉။ အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေး အတွက် လိုအပ်သည့် ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများတောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုရ - (က) စစ်မက်ဖြစ်ပွားချိန်၊ ( ခ ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ ( ဂ ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်။ ၃၈၀။ နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်။ ၃၈၁။ အောက်ဖော်ပြပါ အခြေအနေနှင့်အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင် ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ - (က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ ( ခ ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊ ( ဂ ) အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်။ ၃၈၂။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသောတပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေ၀ပ်မှုများရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုရမည်။ ၃၈၃။ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည် - (က) ပြည်ထောင်စုမပြိုကွဲရေး၊ ( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ( ဂ ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။ ၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။ ၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။ ၃၈၇။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူ တစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။ ၃၈၈။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ၃၈၉။ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။ ၃၉၀။ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည် - (က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ (ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

ရိုဟင်ဂျာများသည် တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များပြောကြား

ရိုဟင်ဂျာများသည် တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များပြောကြား ပြည်တွင်း သတင်း ဖေဖော်ဝါရီ၊ ၂၁၂၀၁၃၊ M-Media Ref:Mizzima News ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၌ တရားမ၀င် အခြေချသူများ မဟုတ် ဟု ကမ္ဘာ့နိုဗဲလ်ဆုရှင်များက ပြောကြား ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ တရားမ၀င်အခြေချသူများအဖြစ် သတ်မှတ်ခြင်းကိစ္စမှာ မမှန်ကန်ကြောင်း ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus တို့မှ ပြောကြားလိုက်သည်။ lose-Ramos-Horta-and-Muhammed-Yunus.jpg.pagespeed ၁၉၉၆ခုနှစ် နိုဗဲလ် ဆုရှင် Jose Ramos-Horta နှင့် ၂၀၀၆ခုနှစ် နိုဗဲလ် ဆုရှင် Muhammed Yunus “ ကနေ့ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံထဲ ၈ ရာစုနှစ်ကတည်းက ရောက်နေခဲ့တဲ့ အထောက်အထား အခိုင်အမာ ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၁၅ ရာစုခေတ်ကတည်းက အတူယှဉ်တွေတည်ရှိလာခဲ့တဲ့ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကြီးတစ်ရပ်ထဲ ကိုလိုနီခေတ်တစ်လျှောက်မှာ ရခိုင်ထဲပြောင်းရွှေ့အခြေချတဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့အတူ တိုးပွားလာခဲ့တယ်။ ဒါဟာ အကြောင်းရှာအငြင်းပွားဖွယ်ကိစ္စရပ် မဟုတ်ပါဘူး ” ဟု ၄င်းတို့မှ ထုတ်ဖော်ပြောကြားချက်ကို Huffington Post. မှ ရေးသားဖော်ပြသည်။ မစ္စတာ Timor-Leste ၏အလျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ Ramos – Horta နှင့် လူထုအကျိုးဆောင် ပုဂ္ဂိုလ်တစ်ဖြစ်လဲ ဘင်္ဂလားဒေ့ရှ်၏ ဘဏ်လုပ်ငန်းရှင် မစ္စတာ Yunus တို့၏ မှတ်ချက် များသည် အပြင်းအထန်အပြိုင်အဆိုင် အငြင်းပွား လျက်ရှိသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်း ဇစ်မြစ်များအတွက် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ “ လက်ရှိ လအနည်းငယ်အတွင်းမှာဘဲ လူတစ်ထောင်ထက်မနည်း သတ်ဖြတ်ခံရခြင်း၊ သောင်းနဲ့ချီတဲ့ အိုးအိမ်တွေရွှေ့ပြောင်းခံရခြင်းနဲ့အတူ ရိုဟင်ဂျာမွတ်စ်လင်မ်လူနည်းစုတွေဟာ စကားလုံးမဲ့နှိပ်စက်ညှင်းပန်းမှုတွေ ခံစားနေကြရတယ်။ ဒီအဖြစ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝင်တွေက အကာအကွယ် မပေးတဲ့အပြင် ကြံရာပါတွေအဖြစ် ထင်ထင်ရှားရှား ရေနစ်သူကိုဝါးကူထိုးနေကြတယ် ” ဟု ၄င်းတို့မှ ရေးသားခဲ့ကြသည်။ မစ္စတာ Ramos – Horta နှင့် မစ္စတာ Yunus တို့က – ရိုဟင်ဂျာများကို နိုင်ငံ၏ပြည်သူပြည်သူများအဖြစ် အသိအမှတ်ပြုရန်ပျက်ကွက်နေသော၊ ၄င်းပြင် အာဏာပိုင်မှ ရိုဟင်ဂျာများအား ခရီးသွားလာခွင့်၊ ထိမ်းမြားလက်ထပ်ခွင့် ပိတ်ပင်ထားခြင်းနှင့်အတူ အဓမ္မချုပ်ချယ်မှုများ ဆင့်ကဲပြုလုပ် လာစေသော မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဆိုင်ရာ ဥပဒေကိုလည်း ဝေဖန်လိုက်သည်။ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လူနည်းစု ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းကိစ္စနှင့်စပ်လျဉ်း၍ တစ်လုံးတစ်ပါဒမျှ အားပေးပြောကြားခြင်း မရှိ၊ ယင်းအခြေအနေအတွင်း ပါဝင်ခြင်း မှလည်း အသံတိတ်လျက် လုံးလုံးလျားလျား လက်ရှောင်နေခဲ့သည်။ တဖန် “ ရိုဟင်ဂျာလို့ ခေါ်ဆိုကြတဲ့ လူမျိုးစုဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖြစ်မှန်နှင့်ဆန့်ကျင်သည့် အဆိုတစ်ရပ်အား ကြာသပတေးနေ့၊ နေပြည်တော် ပြည်သူ့လွှတ်တော် ၌ ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တင်ပြလာသည်။

သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံ နေရပြီ

သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံ နေရပြီ M-Media Blog ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃a By မင်းမင်းလတ် ဒီမယ် မောင်ပိန်…….. ခင်ဗျားဟာခင်ဗျား ကမ္ဘာကျော် ဦးပိန်တံတားကြီး ဆောက်ခဲ့ဆောက်ခဲ့ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ခုတော့လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ…. ဒီမယ် စာဆိုတော်ကြီးဦးနု ခင်ဗျားဟာခင်ဗျား ဘိုးတော်မင်းထံ ဘယ်လိုပဲ တင်ဆက်ခဲ့တင်ဆက်ခဲ့ ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ ဒီမယ်ဦးဖေခင် ခင်ဗျားဟာခင်ဗျား ပင်လုံစာချုပ် ချုပ်မရလို့ပြန်တော့မယ့် ဗိုလ်ချုပ်ကိုတားခဲ့ပြီး စာချူပ်ကြီးအောင်မြင်အောင် လုပ်ခဲ့ပေမယ့် ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ…. ဒီမယ် ဆရာကြီးဦးရာဇတ် ဒါဒို့ပြေ ဒါတို့မြေ မဆိုတဲ့သူဟာ ရှင်လျှက်နဲ့သေနဲ့တဲ့သူပဲလို့ပြောခဲ့ပြီး ဗိုလ်ချုပ်တို့နဲ့အတူ အာဇာနည် ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့ ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ မေးကြပြီ။ ဒီမယ်ဗိုလ်မှူးဘရှင် ခင်ဗျားကို ဒေါက်တာသန်းထွန်းက ဘယ်လိုပဲချီးကျူးခဲ့ ချီးကျူးခဲ့ ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးနေပြီ။ ဒီမယ် ဦးရာရှစ် ခင်ဗျားကို ဗိုလ်ချုပ်က ဘယ်လိုပဲလေးစားခဲ့ လေးစားခဲ့ ကျောင်းသားခေါင်းဆောင် ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးခွန်းထုတ်ခံရပြီ။ ဒီမယ် ကိုထွန်းစိန် ခင်ဗျားဟာ ပထမဆုံး တ.က.သ ဥက္ကဌ ဖြစ်ခဲ့ဖြစ်ခဲ့ ဘုရင်မကြီးသက်တော် ရာကျော်ရှည်ပါစေသီချင်းမဆိုဘို့ တားခဲ့တားခဲ့ ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးကြပြီ။ ဒီမယ် ကာတွန်းဆရာကြီး ဦးရွှေတလေး….. ခင်ဗျားဟာခင်ဗျား ဦးရွှေရိုးအကပဲ ထွင်ခဲ့ထွင်ခဲ့ ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံခဲ့ရပြီ။ ဒီမယ် ဗိုလ်မှူးဘသော်a ခင်ဗျားဟာခင်ဗျား တိုက်ရေယာဉ် ၁၀၃က ရဲဘော်တွေကို ကယ်ခဲ့ကယ်ခဲ့ ဒီမိုကရေစီအတွက် အသက်ပေးခဲ့ပေးခဲ့ ခုတော့သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံနေရပြီ။

Thursday, February 21, 2013

ဆော်ဒီ ပင်မ အတိုင်ပင်ခံ ကောင်စီ၌ အမျိုးသမီး ၃၀ အား ပထမဆုံး အကြိမ် ခန့်အပ်

ဆော်ဒီ ပင်မ အတိုင်ပင်ခံ ကောင်စီ၌ အမျိုးသမီး ၃၀ အား ပထမဆုံး အကြိမ် ခန့်အပ် နိုင်ငံတကာသတင်း ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ M-Media King Abdullah ပင်မအတိုင်ပင်ခံကောင်စီကြီးအတွင်း အဖွဲ့ဝင် ၁၅၀ အနက် အမျိုးသမီး ၃၀ ဦး ကျမ်းသစ္စာဆို ပါဝင်လာခြင်းမှာ ဆော်ဒီဘုရင့် နယ်မြေရာဇ၀င်၌ ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။ အမျိုးသမီး ၃၀ ဦးမှ ရိယာ့ဒ်မြို့တော်ရှိ ဘုရင့်နန်းတော်၌ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရှေ့တွင် ဆော်ဒီအာရေဗျ ပင်မအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုစေလိုက်ပြီ ဖြစ်သည်။ ၄င်းသည် ဘုရင့်နယ်မြေမှ ရှေးရိုးစွဲအစဉ်အလာအား ပထမဦးဆုံး ဖောက်ထွက်လာခြင်း ဖြစ်သည်။ တစ်စုတစ်စည်းတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော ထိုအမျိုးသမီးတို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၃၀ ဦးနှင့်အတူ တစ်ဌာနတည်း၌ ပူးတွဲတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားမှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ကြေငြာသည်။ ဘုရင် အဗ်ဒုလ္လာဟ်က နိုင်ငံတော်ရုပ်မြင်သံကြား သတင်းထုတ်ပြန်ချက်တွင် “ တိုးတက် ဖွံ့ဖြိုးမှုကို ကျွန်တော်တို့တစ်တွေ ဖြေးဖြေးနဲ့မှန်မှန် ဆောင်ရွက် သွားရမှာဖြစ်တယ် ” ဟု တိုတုတ် ရှင်းလင်းသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ပင်မအတိုင်ပင်ခံကောင်စီဖြစ်သည်နှင့်အညီ ယထာဘူတကျကျ ဆွေးနွေးအဖြေရှာခြင်း နှင့် လက်ရှိအရေးများကို ကိုင်တွယ်အပ်သည့် နည်းလမ်းများ သုံးသပ်ထုတ် ဖော်ဆောင်ရွက် သွားရန်လည်း သူက တိုက်တွန်းမှာကြားသည်။ ယခင်က အမျိုးသားများသာ ပါဝင်ခွင့်ရှိသည့် အတိုင်ပင်ခံကောင်စီ၌ ဘုရင် အဗ်ဒုလ္လာဟ် မှ ဇန္န၀ါရီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများကို စတင်တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုအမျိုးသမီး အဖွဲ့၌ တက္ကသိုလ်ဘွဲ့ရများ၊ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများနှင့်အတူ မင်းသမီး နှစ်ဦး လည်း ပါဝင်ကြသည်။ ဘုရင့်အမိန့်သည် ယာဉ်မောင်းနှင်ခြင်း၊ သွေးသားရင်းချာ မပါဘဲခရီးသွားလာခွင့် မရှိခြင်း နှင့်တစ်ကွ အမျိုးသမီးများပေါ်ရှိနေသည့် ဘုရင့်နယ်မြေအတွင်း တင်းကြပ်ထားမှုများကို ထိုးခွဲချေဖျက် လိုက်ခြင်း ဖြစ်သည်။ အစ္စလာမ့်ဥပဒေအား ကြပ်တည်းစွာဖွင့်ဆို ကိုင်စွဲထားသော ဆော်ဒီအာရေဗျရှိ ဘာသာ ရေးပညာရှင်တို့နှင့် တိုင်ပင် ညှိနှိုင်းပြီးသည့်နောက် အာဏာပိုင်များမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ဘုရင် အဗ်ဒုလ္လာဟ်သည် ၂၀၀၅ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ပြည်သူ့ ရွေးကောက်ပွဲမှစ၍ အပြောင်းအလဲများကို သတိကြီးစွာဖြင့် တစ်ဆင့်ချင်း ဦးတည်ဖော်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမျိုးသမီးများအား မဲပေးပိုင်ခွင့်ပြုခဲ့ပြီး၊ လာမည့် ၂၀၁၅ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၌ အမျိုးသမီး အမတ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သည့် အတွက် “ ဆော်ဒီလူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍ ကန့်သတ်ထားမှုကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင် အဗ်ဒုလ္လာဟ်မှ ပြောဆိုလိုက်သည်။

ဆော်ဒီ ပင်မ အတိုင်ပင်ခံ ကောင်စီ၌ အမျိုးသမီး ၃၀ အား ပထမဆုံး အကြိမ် ခန့်အပ်

ဆော်ဒီ ပင်မ အတိုင်ပင်ခံ ကောင်စီ၌ အမျိုးသမီး ၃၀ အား ပထမဆုံး အကြိမ် ခန့်အပ် နိုင်ငံတကာသတင်း ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ M-Media King Abdullah ပင်မအတိုင်ပင်ခံကောင်စီကြီးအတွင်း အဖွဲ့ဝင် ၁၅၀ အနက် အမျိုးသမီး ၃၀ ဦး ကျမ်းသစ္စာဆို ပါဝင်လာခြင်းမှာ ဆော်ဒီဘုရင့် နယ်မြေရာဇ၀င်၌ ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။ အမျိုးသမီး ၃၀ ဦးမှ ရိယာ့ဒ်မြို့တော်ရှိ ဘုရင့်နန်းတော်၌ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရှေ့တွင် ဆော်ဒီအာရေဗျ ပင်မအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုစေလိုက်ပြီ ဖြစ်သည်။ ၄င်းသည် ဘုရင့်နယ်မြေမှ ရှေးရိုးစွဲအစဉ်အလာအား ပထမဦးဆုံး ဖောက်ထွက်လာခြင်း ဖြစ်သည်။ တစ်စုတစ်စည်းတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော ထိုအမျိုးသမီးတို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၃၀ ဦးနှင့်အတူ တစ်ဌာနတည်း၌ ပူးတွဲတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားမှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ကြေငြာသည်။ ဘုရင် အဗ်ဒုလ္လာဟ်က နိုင်ငံတော်ရုပ်မြင်သံကြား သတင်းထုတ်ပြန်ချက်တွင် “ တိုးတက် ဖွံ့ဖြိုးမှုကို ကျွန်တော်တို့တစ်တွေ ဖြေးဖြေးနဲ့မှန်မှန် ဆောင်ရွက် သွားရမှာဖြစ်တယ် ” ဟု တိုတုတ် ရှင်းလင်းသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ပင်မအတိုင်ပင်ခံကောင်စီဖြစ်သည်နှင့်အညီ ယထာဘူတကျကျ ဆွေးနွေးအဖြေရှာခြင်း နှင့် လက်ရှိအရေးများကို ကိုင်တွယ်အပ်သည့် နည်းလမ်းများ သုံးသပ်ထုတ် ဖော်ဆောင်ရွက် သွားရန်လည်း သူက တိုက်တွန်းမှာကြားသည်။ ယခင်က အမျိုးသားများသာ ပါဝင်ခွင့်ရှိသည့် အတိုင်ပင်ခံကောင်စီ၌ ဘုရင် အဗ်ဒုလ္လာဟ် မှ ဇန္န၀ါရီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများကို စတင်တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုအမျိုးသမီး အဖွဲ့၌ တက္ကသိုလ်ဘွဲ့ရများ၊ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများနှင့်အတူ မင်းသမီး နှစ်ဦး လည်း ပါဝင်ကြသည်။ ဘုရင့်အမိန့်သည် ယာဉ်မောင်းနှင်ခြင်း၊ သွေးသားရင်းချာ မပါဘဲခရီးသွားလာခွင့် မရှိခြင်း နှင့်တစ်ကွ အမျိုးသမီးများပေါ်ရှိနေသည့် ဘုရင့်နယ်မြေအတွင်း တင်းကြပ်ထားမှုများကို ထိုးခွဲချေဖျက် လိုက်ခြင်း ဖြစ်သည်။ အစ္စလာမ့်ဥပဒေအား ကြပ်တည်းစွာဖွင့်ဆို ကိုင်စွဲထားသော ဆော်ဒီအာရေဗျရှိ ဘာသာ ရေးပညာရှင်တို့နှင့် တိုင်ပင် ညှိနှိုင်းပြီးသည့်နောက် အာဏာပိုင်များမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ဘုရင် အဗ်ဒုလ္လာဟ်သည် ၂၀၀၅ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ပြည်သူ့ ရွေးကောက်ပွဲမှစ၍ အပြောင်းအလဲများကို သတိကြီးစွာဖြင့် တစ်ဆင့်ချင်း ဦးတည်ဖော်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမျိုးသမီးများအား မဲပေးပိုင်ခွင့်ပြုခဲ့ပြီး၊ လာမည့် ၂၀၁၅ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၌ အမျိုးသမီး အမတ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သည့် အတွက် “ ဆော်ဒီလူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍ ကန့်သတ်ထားမှုကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင် အဗ်ဒုလ္လာဟ်မှ ပြောဆိုလိုက်သည်။

သာကေတတွင် အစ္စလာမ် ဘာသာဝင်တို့ ၏ ဆိုင်များ လုယက် ဖျက်ဆီးခံရ

သာကေတတွင် အစ္စလာမ် ဘာသာဝင်တို့ ၏ ဆိုင်များ လုယက် ဖျက်ဆီးခံရ ပြည်တွင်း သတင်း ဖေဖော်ဝါရီလ ၂၀၊၂၀၁၃ M-Media ဇာဇာလှိုင် 535596_618077821541586_873658057_n Photo – Skyheart Winko ဖေဖော်ဝါရီ ၁၉ ရက် ယမန်နေ့ညက သာကေတမြို့နယ် ရန်ပြေ (၄)လမ်း ၊(၅) လမ်း၊ (၇) လမ်း နှင့် ရန်အောင် လမ်းထိပ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဆိုင်ခန်းများအား လူအုပ်စု တစ်စုမှ လိုက်လံ လုယက် ဖျက်ဆီးခဲ့ကြောင်း ည ၁၁နာရီ ၃၀မိနစ် က သာကေတမြို့နယ် အဆိုပါ ယင်းဆိုင်ခန်း ပိုင်ရှင်များ၏ ဆက်သွယ်ပြောပြချက်များ အရ သိရှိရသည်။ ရန်ပြေ (၄)လမ်း (၅)လမ်း တောက်လျှောက်ရှိ လက်ဖက်ရည်ဆိုင်၊ကွမ်းယာဆိုင်၊ မုန့်ဆိုင်၊ဖုန်းဆိုင် စသည့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဆိုင်များကိုသာ ရွေး၍ ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။လူများကို မထိခိုက်ခဲ့ကြောင်း သိရသည်။ လုံခြုံရေး ရဲများစွာချထားကြောင်းလဲသိရပါသည်။ ရန်ပြေမှ လူတစ်ယောက်မှ ပြောတာက “သူတို့ရပ်ကွက်မှာ တခါမှ မမြင်ဖူးဘူးတဲ့ … ရပ်ကွက်လူကြီးကတစ်ယောက်က အပြင်မထွက်ဖို့ လိုက်အော်နေတယ် … ကျွန်တော်ဖုန်းဆက်တော့ နောက်မှ ပြန်ဆက်ဖို့တိုးတိုးလေးပြောသွားတယ် … အိမ်ကိုမီးအမှောင်ချပြီးနေကြဖို့ပြောတယ် … ”ဟု သိရသည်။ အဆိုပါ ဖြစ်ရပ်များကြောင့် သာကေတနေ ပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်မှ အစ လူကြီး၊လူငယ် အားလုံး စိုးရိမ် ပူပန်နေရကြောင်း၊ဘယ်သူမှ မအိပ်ရဲကြကြောင်း၊သတိဝီရိယဖြင့် နေနေရကြောင်း သိရသည်။သာကေတ မြို့နယ်တွင်း မတည်ငြိမ်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေကြသဖြင့် သာကေတမြို့နယ်တွင်း နေထိုင်သူများ အားလုံးမှာ ထိုလူစု လူဝေးကိုရှောင်ရှားပြီး အိမ်တံခါးများ သော့ခတ်ကာ မီးများပိတ်ထားလျက်ရှိသည်။ The Myanma Age သာကေတမြို့နယ်တွင် ဆူပူ အကြမ်းဖက်လိုသူများမှ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ကလေးငယ်များ ဘာသာရေးစာသင့်ကျောင်းများ နှင့် နေအိမ် ဈေးဆိုင်များကို တိုက်ခိုက်မှု့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားရစဉ် Photo-The Myanma Age ယခုရက်ပိုင်းအတွင်း ဖြစ်စဉ်များတွင် ပါဝင် ဖျက်ဆီးဆူပူကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း နှင့် ရန်ပြေနှင့် မာန်ပြေရပ်ကွက်များတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌ ဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟု မြန်မာခေတ် မီဒီယာရဲ့ FB သတင်းစာမျက်မှာ မှာ ဖော်ပြထားချက်ရ သိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က (၃)မာန်ပြေရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် ကလေးငယ်များ ဘာသာရေး စာသင်ကြားသည့် အဆောက်အအုံ ပြုပြင်ခြင်း မကျေနပ်ဟု ဆိုပြီး လူစုလူဝေးဖြင့် ဝိုင်းဝန်း ဖျက်ဆီး ပြိးနောက် သာကေတမြို့နယ်မှ ရပ်ကွက်အချို့တွင် အစ္စလာမ်ဘာသာဝင်တို့နှင့် စီးပွားရေးလုပ်ငန်းများကို လုယက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Wednesday, February 20, 2013

တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို ဒေသအသီးသီးမှာ အကော်အထည်ဖော်မည်

တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို ဒေသအသီးသီးမှာ အကော်အထည်ဖော်မည် =========================================== တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို ဝင်ငွေနည်းပါးသူတွေ အရစ်ကျ ဝယ်ယူနိုင်မယ့် ဈေးနှုန်းနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မနေ့က တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အိမ်ရာစီမံကိန်းတွေမှာ နွမ်းပါးသူတွေ ၀ယ်နိုင်မယ့်ဈေးနဲ့ ရောင်းချမယ့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြည်ထောင်စု လွှတ်တော်မှာ အခုလို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ “အခြေခံလူတန်းစားများရဲ့ နေရေးဖြေရှင်းပေးနိုင်ရန် ဝင်ငွေနည်းသူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အရစ်ကျ လစဉ်ငွေပေးချေသောစနစ်၊ အိမ်ရာချေးငွေစနစ်နဲ့အတူ ငွေကြေးမျှဝင်ထည့်ဝင်တဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်မယ့် အိမ်ရာစီမံကိန်းများကို ဆောင်ရွက်ရန် စီမံချက်များရှိပါကြောင်းနဲ့ အများပြည်သူ ဝယ်နိုင်စွမ်းရှိသည့် အိမ်ရာများကိုသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် နည်းလမ်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်” အဲဒီ့စီမံကိန်း ဥပဒေကြမ်းတစ်ခုလုံးကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပတဲ့ (၁၃) ရက် မြောက်နေ့မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။ လာမယ့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် (၄၁) ဦးက သုံးရက်ကြာ ဆွေးနွေးခဲ့ကြပြီး၊ ဝန်ကြီးဌာန (၁၆) ခုက သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေက အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်

ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။ “မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်- ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။ “မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်- ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Tuesday, February 19, 2013

အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား

အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား ပြည်တွင်း သတင်း ဇန်နဝါရီ ၂၅၊ ၂၀၁၃ M-Media သောင်းထိုက် ကရင်ပြည်နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကာကွယ်တားဆီးပေးဖို့ တိုင်ကြားလွှာ စာတစောင်ကို ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ (၃) ခုမှ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အစိုးရ ထံသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ပေးပို့လိုက်ကြောင်း သတင်းရရှိပါသည်။ တိုင်ကြားလွှာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စလာမ်ဘာသာကို လုပ်ကြံဖန်တီးထားသည့် စာပေများ ဖြန့်ဝေခဲ့သည့် အကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်ဆံမှုမပြုရန်၊ အစ္စလာမ်ဆန့်ကျင်ရေးဟောပြောပွဲ ရုပ်သံခွေများကိုပြည်နယ် အနှံ့အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ဇန်နဝါရီ(၂၀) ရက်နေ့မှာ ဘားအံမြို့မဈေးနှင့်ဈေးကြီး ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့ရောင်းချသည့် ဆိုင်များတွင်ဈေး မဝယ်ရန်၊ ဈေးဝယ်နေသူများကို ဆိုင်တွင်းမှဆွဲထုတ်ခြင်း၊ ဝယ်ပြီးသား ပစ္စည်များကို ငွေပြန်အမ်းခိုင်းခြင်း၊ ပစ္စည်များ ပြန်ပေးခိုင်းခြင်း၊ နောက်ရက်များတွင် သံဃာအချို့နှင့် (လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) စာတမ်းပါ လူငယ် အမျိုးသား/အမျိုးသမီး(၂၀) ခန့် အစ္စလာမ်ဘာသာဝင်တို့ ထံမှာ ဈေးမဝယ်ရန် ဝယ်ယူလျှင် အရေးယူမည့် ဟု ခြိမ်းခြောက်ပြောဆို မှုများလုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။ kayin case ပြည်နယ်အစိုးရသို့ ပေးပို့ထားသော တိုင်ကြားလွှာ အပြည့်အစုံ ပြည်နယ်အတွင်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ပျက်ပြားအောင် သွေးခွဲ လုပ်ဆောင်နေသည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးဖို့နှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းရေးသား ထားပါသည်။ အဆိုပါ တိုင်ကြားလွှာကို ကရင်ပြည်နယ် အိုလမာ-အစ္စလာမ့် သာသနာပညာရှင်များအဖွဲ့၊ ပြည်နယ်အစ္စလာမ် သာသနာရေးကောင်စီ အဖွဲ့၊ ပြည်နယ် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ တို့ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ် အစိုးရသို့ ပေးဖို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။ မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေပြီးနောက် ယခုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်

Monday, February 18, 2013

မွတ်စလင်မ်ပညာရှင်များနှင့် အက္ခရာသင်္ချာ

မွတ်စလင်မ်ပညာရှင်များနှင့် အက္ခရာသင်္ချာ ကမ္ဘာကျော် မွတ်စလင်များ, သုတ၊ရသ အယ်(လ)ကွာရာဇမီ ယနေ့ခေတ် သင်္ချာသမားများသုံးစွဲနေသော အက္ခရာသင်္ချာ(Algebra) ကိုစတင်ခဲ့သူမှာ မူဆလင်ပညာရှင် အယ်(လ)ကွာရာဇမီ Al-Khuwarazmi(AD-847) ဖြစ်သည်။ သူရေးသားခဲ့သော ကျမ်းစာအုပ်ဖြစ်သည့် The Book of Summary concerning calculating by transposition and reduction ဆိုသောစာအုပ်မှ Algebra ဆိုသောဝေါဟာရ ကိုရရှိခဲ့သည်။ ယခုကွန်ပျူတာများ တွင်သုံးသော အဆင့်ဆင့်တွက်နည်း algorithm ဟူသောနာမည်မှာ ထိုပုဂ္ဂိုလ်၏အမည်မှဆင်းသက်လာခြင်းဖြစ်သည်။ အယ်(လ)ကွာရာဇမီသည် သင်္ချာညီမျှခြင်းများကို ဖြေရှင်းရာတွင် နည်းနှစ်နည်း သုံး၍တွက်ချက်နိုင်သည်ဟုဆိုသည်။ ပထမနည်းမှာ ညီမျှခြင်းများ၏ ဘယ်နှင့်ညာရှိကိန်းများကို ပို့သောနည်းဖြစ်သည်။ ထိုအခါ အပေါင်းသည် အနှုတ်၊ အနှုတ်သည်အပေါင်း ဖြစ်သွားလေသည်။ ဥပမာ X=40-4x သည် 5x=40 ဖြစ်သွားသကဲ့သို့ ဖြစ်သည်။ ထိုနည်းကို အယ်(လ)ဂျာဘရာ (Al-jabr) ဟုခေါ်သည်။ ဒုတိယနည်းကို အယ်(လ)မူကာဘာလာ(Al-mauqabala) ဟုခေါ်ပြီး ထိုနည်းမှာ ဘယ်နှင့် ညာ ကို ညီနေအောင် ညှိသောနည်းဖြစ်သည်။ ထိုနည်းတွင် အနှုတ်လက္ခဏာ လုံးဝမရှိအောင် ဟိုဘက်ဒီဘက် ညှိလိုက်ခြင်းကို အဓိကထားသည်။ အယ်(လ)စာမော်ဝါ(လ) အယ်(လ)စာမော်ဝါ(လ) Al-Samaw’al (1175 A.D) သည် အက္ခရာသင်္ချာဆိုင်ရာ အဆိုများကို သင်္ကေတသုံး၍ ပထမဆုံးရေးခဲ့သူဖြစ်သည်။ [1] source မူရင်း ဒေါက်တာခင်မောင်ဝင်း၊ သင်္ချာမိတ်ဆက်၊ မုံရွေးစာအုပ်တိုက်ထုတ်