M-Media
မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာ များဖြင့် နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။
၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။
မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း
မာတင်လူသာကင်း(ဂျူနီယာ)
သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။
ဒီကနေ့ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်မှုအတွက် သမိုင်းကြောင်း တလျောက်လုံး စီးဆင်းသွားမဲ့ အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲမှာ ခင်ဗျားတို့နဲ့ လက်တွဲပါဝင်ရတဲ့ အတွက် နှစ်ထောင်းအားရဖြစ်မိပါတယ်။
လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။
ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့ နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။
သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။
ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။
ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။
အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။
မာတင်လူသာကင်း (ဇန်နဝါရီ ၁၅၊ ၁၉၂၉ – ဧပြီ ၄၊ ၁၉၆၈) ဟာ အာဖရိကန်-အမေရိကန် နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ အကြမ်းမဖက်တဲ့နည်းနာ များဖြင့် နိုင်ငံသားအခွင့်အရေး တိုးတက်ရရှိရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။
၁၉၅၅ ခုနှစ်မှာ မောင်ဂိုမာရီ ဘတ်စ်ကား သပိတ်မှောက်မှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ Southern Christian Leadership Conference (SCLC) ကိုဖွဲ့စည်းခဲ့ပြီး၊ အဲဒီအဖွဲ့အစည်းရဲ့ ပထမဆုံး ဥက္ကဌအဖြစ်ဆောင်ရွက် ခဲ့ပါတယ်။ တဖန် သူဟာ ၁၉၆၃ ခုနှစ် မတ်လ၊ ဝါရှင်တန် လူထုဆန္ဒပြပွဲကြီးကိုလည်း ဦးဆောင်ခဲ့ပြန်တယ်။ အဲဒီ လူထု ဆန္ဒပြပွဲကြီးမှာဘဲ သူ့ရဲ့သမိုင်းဝင် “I Have a Dream” ဆိုတဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်အောက်တိုဘာလမှာတော့ မာတင်လူသာကင်းဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဆင်းရဲမှု နဲ့ ဗီယက်နမ် စစ် ဆန့်ကျင်ရေးတွေအပေါ် အာရုံစိုက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ “Beyound Vietnam” ဆိုတဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ဆင်းရဲသားများ လှုပ်ရှားမှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ တဲန်နာဆီပြည်နယ် မဲမ်ဖီစ်မြို့မှာ မာတင်လူသာကင်းဟာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ၎င်း သေဆုံးပြီးနောက် ၁၉၇၇ ခုနှစ်မှာ ၎င်းအား သမ္မ္မတ မှ လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်မှာ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်းနေ့ ကို အမေရိကန် နိုင်ငံတဝှမ်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။
မာတင် လူသာကင်းရဲ့ “ငါ့မှာ မျှော်လင့်ခြင်း အိပ်မက် တစ်ခုရှိတယ်” မိန့်ခွန်း
မာတင်လူသာကင်း(ဂျူနီယာ)
သြဂုတ်လ ၂၈ ရက်၊ ၁၉၆၃ ခုနှစ်။

Civil rights leader Martin Luther King waves to a crowd estimated at 250,000 during his speech on the Mall in Washington DC during the ”March on Washington” on Aug. 28, 1963. As he spoke, King envisioned a future of racial equality with his ”I Have a Dream” speech. (AFP)
လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ကြီးမားတဲ့အရိပ်လက္ခဏာဆောင်တဲ့ အမေရိကန်လွတ်လပ်ရေးကြေငြာချက် လက်မှတ်ရေးထိုးရေးဘက်မှာ ကျွန်ုပ်တို့ရပ်တည်ခဲ့ကြတယ်။ အဟုန်ပြင်းတဲ့ ဒီကြေငြာချက်ဟာ ဆိုးရွားလှတဲ့ တရားမမျှတမှု မီးကြီးလောင်မြိုက်ခံနေရတဲ့ သန်းပေါင်းများစွာသော နီဂရိုး ကျေးကျွန်တွေအတွက် မျှော်လင့် ချက်မီးရှူးတန်ဆောင်ကြီး ဖြစ်ခဲ့တာပေါ့။ ဒီစာချုပ်ဟာ ရှည်လျားလှတဲ့ အမှောင်ထုလှောင်အိမ်ကြီးကို ဖြိုခွင်းပစ်လိုက်တဲ့ ပျော်ရွှင်စရာ အာရုဏ်ဦးကြီးဖြစ်တယ်။
ဒါပေမဲ့ နှစ်တရာကြာတဲ့အခါမှာတော့ နီဂရိုးတွေ မလွတ်မြောက်သေးဘူးဆိုတာ ကျွန်ုပ်တို့ဝမ်းနည်းစွာ တွေ့ကြုံ ကြရတယ်။ နှစ်တရာကြာတဲ့အခါ သီးသန့်ခွဲပြီး အနှိမ်ခံထားတာတွေ၊ ကွင်းဆက်လိုက်ပြီး မဆုံးနိုင်တဲ့ နှိမ်ချခွဲခြားမှု တွေကြောင့် နီဂရိုး တွေဘဝဟာ ခြေလက်တွေလှုပ်မရအောင် ထိန်းချုပ်ထားသလို ဝမ်းနည်ဖွယ်ရာ ထိခိုက်ပျက် စီးနေရတယ်။ နှစ်တစ်ရာကြာတဲ့ အခါ နီဂရိုးတွေဟာ ရုပ်ဝတ္ထုကြွယ်မှု ဆိုတဲ့သမုဒ္ဒရာကြီး ဝန်းရံထားတဲ့၊ အထီးကျန် ဆင်းရဲမှု ကျွန်းကလေးမှာနေ နေကြရပြန်တယ်။ နှစ်တရာကြာတဲ့ အခါ နီဂရိုး တွေကို အမေရိက လူ့အဖွဲ့အစည်း ရဲ့ဒေါင့်တနေရာမှာချောင်ထိုးခံထားရတယ်။ ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်နှင်ဒဏ်ခံနေကြရတယ်။ ဒါကြောင့် ဒီ စိတ်ပျက်ဖွယ်ရာ အခြေအနေဆိုးကို ထုတ်ဖေါ်ပြသဖို့ ကျွန်ုပ်တို့ ဒီကနေ့ ဒီ နေရာမှာ စုရုံးကြတာဖြစ်တယ်။
သဘောကတော့ ချက်လက်မှတ်တစ်စောင်ကို ငွေသားနဲ့လှဲဖို့မြို့တော်ကို တက်လာကြတာဖြစ်တယ်။ ကျွန်ုပ်တို့ နိုင်ငံကိုတည်ဆောက်ခဲ့ကြတဲ့ ဗိသုကာကြီးတွေဟာ အခြေခံဥပဒေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းကို ခန့်ညား ထယ်ဝါတဲ့ စကားလုံးတွေနဲ့ ရေးစဉ်တုန်းက အမေရိကန်နိုင်ငံသားတိုင်း အကျုံးဝင်စေရမယ်ဆိုတဲ့ ကတိစာချုပ်ကို သူတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီစာချုပ်ဟာ ပြောင်းလဲလို့မရတဲ့ အသက်ရှင်ရပ်တည်မှု အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင်ဘ၀လမ်းကြောင်းနိုင်ဖို့ အခွင့်အရေးတွေကို အာမခံကြောင်း နိုင်ငံသားအားလုံးကို ကတိပြုတဲ့ စာချုပ် တရပ်ဖြစ်တယ်။
ဒီကနေ့ အမေရိကနိုင်ငံကြီးဟာ အသားအရောင်မတူတဲ့သူ့ နိုင်ငံသားတွေအပေါ်မှာ ဒီကတိစာချုပ်အရ ပေးစရာရှိတာတွေ ပေးရမှာပျက်ကွက်နေတာ သိသာထင်ရှားလှပါတယ်။ အမေရိကန်နိုင်ငံကြီးဟာ ဒီမြင့်မြတ်လှတဲ့ တာဝန်ဝတ္တရားကြီးကို ဆောင်ရွက်ပေးရမဲ့အစား နီဂရိုးတွေကို “ငွေအလုံအလောက်မရှိပါ” ဆိုတဲ့ မှတ်ချက်နဲ့ ငွေထုတ်သူဆီပြန်၊ ပြန်ရောက်လာတတ်တဲ့ bad check ကိုပေးတာဘဲဖြစ်တယ်။
ဒါပေမဲ့ တရားမျှတမှုတည်းဟူသော ဘဏ်ကြီးဟာ မွဲပြာကျနေတယ်ဆိုတာ ကျွန်ုပ်တို့မယုံကြည်နိုင်ဘူး။ ဒီနိုင်ငံကြီးရဲ့ အခွင့်အလမ်းတွေ အင်မတန် ပေါကြွယ်တဲ့မြေ တိုက်ခန်းထဲမှာ ငွေကြေး မလုံလောက်ဘူးဆိုတာ ကျွန်ုပ်တို့ မယုံကြည် နိုင်ဘူး။ ဒါကြောင့် ဒီချက်လက်မှတ်ကြီးကို ငွေသားနဲ့လှဲလှယ်ဖို့လာခဲ့ကြတာပါ။ ဒီချက်လက်မှတ်ကြီးဟာ လွတ်လပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရရေး၊ တရားမျှတမှုတွေအာမခံချက်ရှိရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်တွေကိုပေးမဲ့ ချက်လက်မှတ်ကြီးဖြစ်တယ်။ ထို့အတူဘဲ ကျွန်ုပ်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးကို ထက်ထက်သန်သန် သတိ ပေးနှိုးဆော်ဖို့အတွက် ဒီနေရာကိုရောက်လာခြင်းလည်းဖြစ်တယ်။ အခုအချိန်ဟာ ပျားရည်နဲ့ဝမ်းချလို့ရမဲ့အချိန် မဟုတ်တော့ဘူး။ အခုအချိန် ဟာ ခွဲခြားခံရမှုအမှောင်ထုတွင်းထဲမှ တရားမျှတမှုတည်းဟူသော အလင်းရောင်လမ်းကြောင်းဆီကို ချီတက်ရန် နှိုးထဖို့အချိန်ရောက်ပြီ။ အခွင့်အလမ်းတံခါးမကြီးကို ဘုရားသခင်ရဲ့ ကလေးတွေအားလုံးအတွက် ဖွင့်ဖို့အချိန်ရောက်ပြီ။ အခုအချိန်ဟာ ကျွန်ုပ်တို့နိုင်ငံကို လူမျိုးရေး တရားမမျှတမှု သဲဗွက်အနေအထားကနေ ခိုင်မာတဲ့ ညီအစ်ကိုတော် ကျောက်တုံး အနေအထားမျိုး ရောက်အောင်ဆောင်ရွက် ဖို့အချိန်တန်ပြီဖြစ်တယ်။
အရေးကြီးတဲ့ကာလကို လစ်လျူရှု့မယ်ဆိုရင်၊ နီဂရိုးတွေရဲ့ ဆုံးဖြတ်ချက်ကို လျော့တွက်မယ်ဆိုရင်၊ တိုင်းပြည်အ တွက် ကံဆိုးမိုးမှောင်ကျလိမ့်ပါမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေနဲ့အတူ လန်းဆန်း တက်ကြွတဲ့ဆောင်းဦးရာသီ တခုကို မရောက်မချင်း နီဂရိုးတွေရဲ့သဘာဝကျလှတဲ့ ပူပြင်းတဲ့ အခဲမကျေနွေရာသီကြီးဟာ ဆက်လက်တည် ရှိနေဦးမှာဘဲ။ ၁၉၆၃ ခုနှစ်ကြီးဟာ နိဂုံးမဟုတ်သေးဘူး။ နိဒါန်းသာဖြစ်တယ်။ နီဂရိုးတွေကိုချွေးသိပ်ထားဖို့လို အပ်တယ်၊ ဒါဆိုသူတို့ကျေနပ်သွားမယ်လို့ လို့မျှော်လင့်တဲ့သူတွေဟာ တိုင်းပြည်ရဲ့လုပ်ငန်းတွေ ခါတိုင်းလိုပြန် လည် လည် ပတ်လာတဲ့အခါကျရင် သတိပြုမိကြလိမ့်မယ်။ နီဂရိုးတွေကို နိုင်ငံသားအခွင့်အရေး မပေးသမျှ အမေရိကန်မှာ အေးဆေး၊ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ တရားမျှတမှုပေါ်ပေါက်လာတဲ့နေ့အထိ လေပွေကြမ်းကြီးက ကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နေဦးမှာဖြစ်တယ်။
No comments:
Post a Comment