ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။
ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ
ထေရဝါဒသာသနာ အိန္ဒိယ က ကွယ်ရခြင်းအကြောင်းရဲ့ တရားခံ ဟာ မွတ်စ်လင်မ်
တွေဘဲ လို့ သတ်မှတ်လို့လုံးဝမရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ထေရဝါဒ သာသနာဟာ
တူရကီ ခိလ်ဂျီ ရဲ့ စစ်တပ် အိန္ဒိယကို မတိုက်ခိုက်ခင်ကတည်းက
ကွယ်ပနေခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကရှိနေခဲ့တဲ့ အယူဝါဒ ဟာလည်း
ထေရဝါဒဗုဒ္ဓဘာသာလုံးဝ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာအမည်ခံ အရည်းကြီးဝါဒ သာဖြစ်နေလို့ပါ။
ဘယ်လိုဘဲ ဖြစ်ပါစေ၊ ခိလ်ဂျီရဲ့စစ်တပ်ဟာ လက်နက်ကိုင်ဆောင်စစ်ပြုခြင်း
မရှိတဲ့မှော်ဆရာ အရည်းကြီးတွေကိုသတ်ဖြတ်မီးရှို့၊ တက္ကသိုလ်ကြီးကို
ဖျက်စီးခဲ့တယ်ဆိုတာမှန်ခဲ့ရင် လည်း အဲဒီလုပ်ရပ်ကို အစ္စလာမ်ဘာသာက
ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။
ဘုန်းတော်ကြီးများကိုလေးစားပါ
မွတ်စ်လင်မ်တွေကို စစ်မပြုတဲ့ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က
လုံးဝခွင့်မပြုထားကြောင်း အထက်မှာ
ကုရ်အာန်ကျမ်းရဲ့ပြဋ္ဌာန်းချက်တွေကိုတင်ပြပြီးပါပြီ။ အခု ဒီတစ်ခါ ဘာသာ
ခြားဘုန်းကြီး ရဟန်းတွေကို မသတ်ဖြတ်ဖို့ တမန်တော်မုဟမ္မဒ်
ကပြဋ္ဌာန်းခဲ့ကြောင်း ဩဝါဒတော်ကို တင်ပြပေးပါ့မယ်။
တမန်တော်မုဟမ္မဒ် ရဲ့ ဩဝါဒမှတ်တမ်းကျမ်းတစ်ကျမ်းဖြစ်တဲ့ မုစန်နဖ်
အိဗ်နုအဗီရှိုင်ယ်ဗဟ်အတွဲ (၆)၊ ဩဝါဒ အမှတ် (၃၃၁၃၂) မှာ တမန်တော်မုဟမ္မဒ် ရဲ့
တပည့်သားချင်းကြီး တစ်ဦး ဖြစ်တဲ့ အိဗ်နု အဗ္ဗာစ် က ဆင့်ပြန်ခဲ့တာက-
တမန်တော်မုဟမ္မဒ် ဟာ သူ့ရဲ့ စစ်တပ်တွေကို ခုခံစစ် ဆင်နွှဲဖို့
ဩဝါဒခြွေတဲ့အခါတိုင်းမှာ “ဘုန်းကြီးကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သူတွေကို
မသတ်ဖြတ်ကြနဲ့” လို့ မှာကြားလေ့ရှိပါတယ်။ ဒီ ဩဝါဒ ဟာ
မွတ်စ်နဒ်အဗီယအ်လာဩဝါဒ ကျမ်း အတွဲ (၅) မှာ ဩဝါဒ အမှတ် (၂၆၅၀) အနေနဲ့
ပါရှိပါသေးတယ်။ ဒါ့အပြင် မွတ်စ်နဒ် အဟ်မဒ် ဩဝါဒကျမ်း အတွဲ (၄) မှာ လည်း
ဩဝါဒ အမှတ် (၂၇၂၈) အနေနဲ့ပါရှိ ပါသေးတယ်ခင်ဗျား။
အစ္စလာမ်ဘာသာဟာ လူတစ်ဦးတစ်ယောက်မွေးဖွားတဲ့အချိန်ကစလို့ သေဆုံးတဲ့
အထိကျင့်သုံးရတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်တွေ အတိအလင်းပြဋ္ဌာန်းထားတဲ့
ဘာသာဖြစ်ပါတယ်။ မွတ်စ်လင်မ်တစ်ဦးဟာ ချမ်းသာသူဖြစ်နေရင်ကျင့်သုံးရမယ့်
ဥပဒေတွေရှိသလို၊ ဆင်းရဲသူဖြစ်နေရင်လည်း ကျင့်သုံးရမယ့်ဥပဒေတွေ ရှိပါတယ်။
စစ်မက် တိုက်ခိုက်ရင်လည်းဘဲ လိုက်နာကျင့်သုံး ရမယ့် ဥပဒေတွေရှိပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ ဘုန်းကြီး ရဟန်း
တွေကိုတိုက်ခိုက်ခြင်း မပြုရရုံမက လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့
ရန်သူတွေကိုတောင် တိုက်ခိုက်ခြင်းမပြုရပါဘူး။ ကုန်ကုန်ပြောရရင်
ရန်သူတစ်ဦးဟာ မွတ်စ်လင်မ်တွေကို စစ်မြေပြင်မှာ တိုက် ခိုက်
သတ်ဖြတ်နေတယ်ဆိုပါစို့၊ အကြောင်းမလှလို့တစ်ကြိမ် မှာ သူဟာ မွတ်စ်လင်မ်တစ်ဦး
ရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံရတော့ မယ်ဆိုပါစို့၊ အဲဒီအချိန်မှာသူဟာ
ကိုင်စွဲထားတဲ့ လက်နက်တွေကို လွှတ်ချပြီး “ငါဟာ မင်းကိုတိုက်ခိုက်သူမဟုတ်ပါ”
လို့ ဆိုလာခဲ့ရင်၊ အဲဒီလူကို မွတ်စ်လင်မ် က
တိုက်ခိုက်သတ်ဖြတ်လို့မရတော့ပါဘူး။ အစ္စလာမ်က ပြဋ္ဌာန်းထားတဲ့
စစ်သည်တော်ကျင့်ဝတ် ဟာ အဲဒီလောက်အထိ သိမ်မွေ့ပါတယ်။
ဖြူစင်တဲ့နှလုံးသားကိုရင်မှာပိုက်ပြီး အစွဲကင်းကင်း နဲ့လေ့လာကြည့်ပါလို့
တိုက်တွန်းအပ်ပါတယ်။
ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား)

No comments:
Post a Comment