Tuesday, February 19, 2013
အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား
အစ္စလာမ် ဆန့််ကျင်ရေး လုပ်ဆောင်မှုများကို တားဆီးပေးဖို့ ကရင်ပြည်နယ် အစိုးရအား တိုင်ကြားထား
ပြည်တွင်း သတင်း
ဇန်နဝါရီ ၂၅၊ ၂၀၁၃
M-Media
သောင်းထိုက်
ကရင်ပြည်နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု့များကို ကာကွယ်တားဆီးပေးဖို့ တိုင်ကြားလွှာ စာတစောင်ကို ပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့ (၃) ခုမှ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ်အစိုးရ ထံသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ပေးပို့လိုက်ကြောင်း သတင်းရရှိပါသည်။
တိုင်ကြားလွှာတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စလာမ်ဘာသာကို လုပ်ကြံဖန်တီးထားသည့် စာပေများ ဖြန့်ဝေခဲ့သည့် အကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်ဆံမှုမပြုရန်၊ အစ္စလာမ်ဆန့်ကျင်ရေးဟောပြောပွဲ ရုပ်သံခွေများကိုပြည်နယ် အနှံ့အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ဇန်နဝါရီ(၂၀) ရက်နေ့မှာ ဘားအံမြို့မဈေးနှင့်ဈေးကြီး ပတ်ဝန်းကျင်တွင် အစ္စလာမ်ဘာသာဝင်တို့ရောင်းချသည့် ဆိုင်များတွင်ဈေး မဝယ်ရန်၊ ဈေးဝယ်နေသူများကို ဆိုင်တွင်းမှဆွဲထုတ်ခြင်း၊ ဝယ်ပြီးသား ပစ္စည်များကို ငွေပြန်အမ်းခိုင်းခြင်း၊ ပစ္စည်များ ပြန်ပေးခိုင်းခြင်း၊ နောက်ရက်များတွင် သံဃာအချို့နှင့် (လူမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) စာတမ်းပါ လူငယ် အမျိုးသား/အမျိုးသမီး(၂၀) ခန့် အစ္စလာမ်ဘာသာဝင်တို့ ထံမှာ ဈေးမဝယ်ရန် ဝယ်ယူလျှင် အရေးယူမည့် ဟု ခြိမ်းခြောက်ပြောဆို မှုများလုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။
kayin case
ပြည်နယ်အစိုးရသို့ ပေးပို့ထားသော တိုင်ကြားလွှာ အပြည့်အစုံ
ပြည်နယ်အတွင်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်းကို ပျက်ပြားအောင် သွေးခွဲ လုပ်ဆောင်နေသည့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးဖို့နှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ပေးရန် ထည့်သွင်းရေးသား ထားပါသည်။
အဆိုပါ တိုင်ကြားလွှာကို ကရင်ပြည်နယ် အိုလမာ-အစ္စလာမ့် သာသနာပညာရှင်များအဖွဲ့၊ ပြည်နယ်အစ္စလာမ် သာသနာရေးကောင်စီ အဖွဲ့၊ ပြည်နယ် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ တို့ လက်မှတ်ရေးထိုးပြီး ကရင်ပြည်နယ် အစိုးရသို့ ပေးဖို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် လှုံဆော်သည့် စာရွက်များ ဖြန့်ဝေပြီးနောက် ယခုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment