Monday, February 18, 2013
မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်
မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်
Posted: 17 Feb 2013 11:37 PM PST
ဖေဖော်ဝါရီ ၁၇ ၂၀၁၃
M-Media
နေသစ်ထွန်း
နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်၊
လက်တလောဖြစ်ပွားခဲ့သည့် သာကေတ အစ္စလာမ် ဘာသာရေး ကျောင်း ဖျက်စီးခံရမှုအပါအ၀င် နိုင်ငံနှင့်အ၀ှမ်း တွင်ဖြစ်ပွားနေသော မွတ်စလင်ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာမွတ်စလင် ပညာရှင်များ အထူးစိုးရိမ်နေကြသည်။
ဘာသာရေး အကြောင်းပြချက်ဖြင့် ပဋိက္ခဖန်တီးနေမှုများကို တားဆီးနိုင်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုအပ်ကြောင်း မြန်မာ မွတ်စလင် တရား လွတ်တော်ရှေ့နေတစ်ဦးမှ ပြောပါသည်။
“မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းတွေ မှာ မွတ်စလင် ဆန့်ကျင်ရေးတွေ ထင်ထင်ရှားရှား ဖြစ်ပွား လာခဲ့တယ်။ လက်ရှိ အတည်ပြုကျင့်သုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ ဘာသာရေး အကြောင်း ပြုပြီး ပဋိပက္ခဖန်တီး၊ လှုံဆော်တာ တွေကို တားမြစ်တဲ့ ဥပဒေပြဌာန်းနိုင်တယ် လို့ ဖော်ပြထားတယ်။ ဒါကြောင့် လွတ်တော်ကနေ ဘာသာရေး အကြောင်းပြုပြီး ပဋိပက္ခတွေမဖြစ်ပေါ်လာဖို့ ဥပဒေပြဌာန်းပေးဖို့ လိုအပ်ပါ တယ်။ တခြားနိုင်ငံတွေမှာလည်း ဥပဒေနဲ့ ထိထိရောက်ရောက် ကာကွယ်ထားတာ တွေ့ရတယ် ”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုက အကြံပြု ပြောကြား သည်။
နိုင်ငံနှင့်အ၀ှမ်း ဖြစ်ပွားနေသော ဥပဒေမဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ထိရောက်စွာ အရေးယူခဲ့ခြင်း ၊ ပြည်သူ များထံ အဖြစ်မှန် တင်ပြခြင်း များ မရှိခဲ့သဖြင့် ယင်းလှုပ်ရှားမှုတွင် နောက်ကွယ် ပယောဂများ ပါရှိဖွယ်ရှိကြောင်း မြန်မာမွတ်စလင် ပညာရှင် တစ်ဦးက သုံးသပ်သည်။
“သာကေတဖြစ်စဉ် က ကြီးမားတဲ့ ပဋိပက္ခတစ်ခုအတွက် အစပျိုးတာလို့ အချို့ က ယူဆကောင်းယူဆနိုင်တယ်။ ဒါပေ မယ့့်  ဒီလိုမျိုး ကျွန်တော် မတွေ့ရဘူး။ တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သာကေတကိစ္စမှာ အာဏာပိုင်တွေ ကိုယ်တိုင်ဘေးက ရပ်ကြည့် နေတယ် ဆိုတာသိရတယ်။ ဘာသာ ရေးအဆောက်အအုံကို ဥပဒေမဲ့ မင်းမဲစရိုက်ဆန်ဆန် ၀င်ရောက် ဖျက်စီးတဲ့ သူတွေကို ဥပဒေအရ ဖမ်းဆီး အရေးယူရမယ်။ ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးမှုတွေ မလုပ်ဘူး ဆိုရင်တော့ သာကေတ ဖြစ်စဉ်ကတော့ နောက်ကွယ်က ပယောဂပါနေတယ်လို့ ယူဆစရာရှိပါတယ်။ အာဏာ ပိုင် တွေ အနေနဲ့ ပြည် သူတွေ ထံ အဖြစ်မှန် ကိုရှင်းရှင်းလင်းလင်း တင်ပြပေးဖို့လိုအပ်ပါတယ် ” ဟု မော်လဝီ ပသီကျော်ဦးက ပြောပါသည်။
ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ ဖျက်ဆီးခဲ့သည့်ပုံ
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။
ရခိုင်အရေးအခင်း အတန်ငယ်ငြိမ်သက်ခဲ့ပြီးနောက်ပိုင်း အစ္စလာမ် သာသနာနှင့် မွတ်စလင်များအပေါ် မတရားစွပ်စွဲ ၀ါဒ ဖြန့်မှုများ၊ တိုက်ခိုက်မှုများမြင့်တက်ခဲ့သည်။ မွတ်စလင်ဆန့်ကျင်ရေး တရားပွဲများပြုလုပ်ခြင်း ၊ ဒီဗွီဒီ အခွေ များဖြန့် ချီခြင်း၊ တို့ဖြင့် မွတ်စလင်ဆန့်ကျင့်ရေး လှုပ်ရှားမှု ဖြစ်ပွားနေမှုအပေါ် အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ် များ (ဘာသာရေး)အဖွဲ့(မမလ) ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) ၊ မော်လ၀ီအဖွဲ့ချုပ် တို့မှ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ရန် နှောင့်နှေးခဲ့သည်။
“မောင်တောမြောက်ပိုင်း၊ မွန်ပြည်နယ် ဘက် ၊ ကရင်ပြည်နယ်ဘက် က ဖြစ်စဉ်တွေ က ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ တာတွေ့ရတယ်။ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဒီလိုဖြစ်ရပ်တွေ ရပ်တန့်အောင် ဆောင်ရွက်မှု တွေနှောက် နှေးနေပါ တယ်။ ဒီလိုအချိန်မှာ မွတ်စလင်အရေး ၊ သာသနာ့အရေးအတွက် ရှေ့တန်းထွက် ဆောင်ရွက်သင့်ပါတယ်” ဟု ရိုဟင် ဂျာ အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါသည်။
ဘာသာတရားများအကြား ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးသည် ဒီမိုကရေစီ ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်း တစ်ခုတွင် မရှိမဖြစ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ တန်ဖိုးနှင့်ဆန့်ကျင်သော ဘာသာတရားတစ်ခု၏ အဆောက်အအုံအား ဖျက်စီးခြင်းသည် လက်ခံဖွယ်ရာမရှိချေ။ ယင်းသို့သော မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ ထပ်မံမဖြစ်ပွားစေရန် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူပေးရန် အရေးကြီးသည်။
“သာကတေ ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါပဲ ယဉ်ကျေးတဲ့ လူ့အဖွဲပအစည်းတစ်ခုမှာ ဘာသာရေး အဆောက် အအုံကို ဖျက်ဆီးတာဟာ လက်မခံနိုင်ပါဘူး။ မွတ်စလင်တွေအနေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ပဲ ၊ နိုင်ငံ တော်အစိုးရကို ဥပဒေ ကြောင်းအရ ဖြေရှင်းပေးဖို့ တောင်းဆိုရမယ်” ဟု ၅၉ လမ်း ကုရ်အာန် အသိပညာပြန့်ပွားရေး ကော်မတီမှ မွဖ်သီ ဦးစန်း အောင်မှ သုံးသပ်ပြောကြားသည်။
နေသစ်ထွန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment